Cera-Care Pro Myanmar
The best quality product for the most affordable price!
မက်ဖော်မင်ကြောင့်ဖြစ်သော အသေးစား ဘေးထွက်ဆိုးကျိုးများ
💁ပထမဆုံးအနေနှင့် Metformin သည် ပျို့ခြင်း/အော့အန်ခြင်းကဲ့သို့သော သင့်အစာခြေစနစ်ကို အဓိကထိခိုက်စေသည့် အပျော့စားဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ lactic acidosis ကဲ့သို့သော ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ရှားပါးသော်လည်း ၎င်းတို့သည် ချက်ချင်း ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
💁Metformin သည် အမျိုးအစား 2 ဆီးချိုရောဂါကိုကုသရန်အသုံးပြုသောဆေးညွှန်းဆေးဖြစ်သည်။ ၎င်းသည် biguanides ဟုခေါ်သော ဆေးအမျိုးအစားတွင် ပါဝင်သည်။
💁အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) ပမာဏသည် ပုံမှန်ထက် မြင့်မားနေတတ်သည်။ Metformin သည် ဆီးချိုရောဂါကို ပျောက်အောင်မကုသနိုင်သော်လည်း သင့်သွေးတွင်းသကြားဓာတ်ပမာဏကို စိတ်ချရသောအတိုင်းအတာအထိ လျှော့ချပေးတဲ့ ဆေးတစ်မျိုးဖြစ်ပါသည်။
💁Metformin သည် အချို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။
💁ဆီးချိုလူနာတွေအနေနှင့် Metformin ကို ပထမဦးစွာ စတင်သောက်သောအခါတွင် ၎င်းဆိုးကျိုးတို့သည် ဖြစ်ပေါ်လာနိုင်သော်လည်း များသောအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပျောက်သွားတတ်သည်။
💁သို့သော် ထိုလက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် သင့်အတွက် ပြဿနာဖြစ်စေပါက နီးစပ်ရာဆရာ၀န်နှင့် သေချာကုသမှုခံယူနိုင်သည်။
💁Metformin ၏ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများမှာ-
-ရင်ပူခြင်း
-ဗိုက်နာ
-ပျို့ချင် သို့မဟုတ် အော့အန်ခြင်း
-ဖောရောင်ခြင်း
-ဓာတ်ငွေ့
-ဝမ်းလျှောခြင်း
-ဝမ်းချုပ်ခြင်း
-ကိုယ်အလေးချိန်ကျခြင်း
-ခေါင်းကိုက်ခြင်း
-ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများသည် metformin ကို စတင်သောက်သုံးသောအခါတွင် လူများတွင် အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများဖြစ်သည်။
💁တချို့သောဆီးချိုလူနာများသည် ဆီးချိုပမာဏ အရမ်းမြင့်တက်နေလို့ မက်ဖော်မင် ပမာဏများတဲ့ ဆေးကို စတင်ပေးလိုက်ချိန်တွင် ၀မ်းပျက်၀မ်းလျှောခြင်းပြင်းထန်စွာခံစားရတတ်သည်။
💁ထို့ကြောင့်ဆရာဝန်အတော်အများက သင့်အား metformin ပမာဏနည်းသောပမာဏဖြင့် စတင်ပြီးနောက် ဖြည်းဖြည်းချင်းတိုးပြီးပေးခြင်းဖြစ်ပါတယ်။
Crd ; Original Uploder
#သွေးတိုးရောဂါရှိတဲ့ဘယ်လိုလူတွေကသွေးကျဆေးပုံမှန်သောက်ရပါမလဲ?
#သွေးတိုးရောဂါနဲ့သွေးကျဆေးပုံမှန်မသောက်ခြင်းပြဿနာ
#သွေးတိုးရောဂါရှိတာနဲ့သွေးကျဆေးတစ်သက်လုံးသောက်ရမှာပါလား?
သင့်ရဲ့သွေးပေါင်ချိန်က 140/90 mmHg အထက်မှာမကြာခဏရောက်နေပြီဆိုရင် သင့်ကိုကုသပေးတဲ့ဆရာဝန်ကသွေးကျဆေး ညွှန်ပေးလေ့ရှိပါတယ်။
လူနာအများစုကတော့ သွေးကျဆေးကို ၁၀ရက် တန်သည်၊ တစ်လတန်သည်သောက်သုံးပြီးတော့ မိမိဘာသာ အိမ်မှာသွေးပေါင်ချိန်ကြည့်ပြီးတော့ကောင်းနေပါက ဆေးဆက်မသောက်ဘဲရပ်လေ့ရှိပါတယ်။
ဒီနေ့ဆရာပြောပြပေးမှာကတော့ဘယ်သူတွေကသွေးကျဆေး ကိုတသက်လုံးစွဲသောက်ရမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။
သွေးပေါင်ချိန်တစ်ခါတစ်လေတက်တာကိုသွေးတိုးတာလို့မသတ်မှတ်သေးပေမယ့် သွေးပေါင်ချိန်က မကြာခဏတက်နေပြီဆိုရင်တော့ သွေးတိုးရောဂါလို့သတ်မှတ်လေ့ရှိပါတယ်။
သင့်ရဲ့သွေးပေါင်ချိန်ကအနည်းငယ်ပဲတက်တယ်၊ ရောဂါအခံလည်းမရှိဘူး၊ ပြီးတော့ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက် ထိခိုက်တာတွေမရှိသေးဘူးဆိုရင်တော့သွေးတိုးရောဂါကို လူနေမှုပုံစံပြောင်းလဲပြီးကုသလို့ရပါသေးတယ်။
သွေးတိုးရောဂါရှိသူတွေမှာ ရောဂါအခံမရှိဘူးဆိုရင် သွေးပေါင်ချိန်မှာကို 140/90 mmHg အောက်မှာထိန်းထားရမှာဖြစ်ပြီး ရောဂါအခံရှိသူတွေကတော့ 130/80 mmHg အောက်မှာ ထိန်းထားရမှာပဲဖြစ်ပါတယ်။
ဒီလိုထိန်းမထားနိုင်ဘူးဆိုရင်တော့ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်ဆိုင်ရာ နောက်ဆက်တွဲဝေဒနာတွေကိုခံစားရမှာပဲဖြစ်ပါတယ်။
❤️ဘယ်သူတွေကသွေးကျဆေး ကိုနေ့စဉ်ပုံမှန်တစ်သက်လုံးစွဲသောက်ရမှာပါလဲ?
🧑⚕️အစားအသောက်၊အနေအထိုင် မဆင်ခြင်နိုင်သူတွေ
🩺ဒီလိုလူတွေကတော့ သွေးတိုးရောဂါရှိပြီဆိုတာနဲ့ တစ်သက်တာလုံး နေ့စဉ်ပုံမှန်ဆေးစွဲသောက်ရမှာပဲဖြစ်ပါတယ်။
🧑⚕️နှလုံးနဲ့သွေးကြောဆိုင်ရာအန္တရာယ်ရှိသူတွေ
🩺ဆီးချိုရောဂါ၊ နှလုံးသွေးေကြာကျဥ်းရောဂါနဲ့အခြားကျန်းမာရေးအခြေအနေတွေကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် လေဖြတ်နိုင်ခြင်းဖြစ်ဖူးတဲ့ လူနာတွေမှာသွေးပေါင်ချိန်ပုံမှန်ဖြစ်နေသည့်တိုင်အောင် သွေးကျဆေး ပုံမှန်သောက်ဖို့လိုအပ်ပါတယ်။
🧑⚕️သွေးတိုးရောဂါကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးနေသူများ
🩺သွေးတိုးရောဂါကြောင့် နှလုံး၊ ကျောက်ကပ်၊ ဦးနှောက် စတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုထိခိုက်မှုရှိထားသူတွေကလည်းသွေးကျဆေး ပုံမှန်သောက်ဖို့လိုအပ်ပါတယ်။
❤️ဆေးဝါးများအပြင်လူနေမှုပုံစံပြောင်းလဲခြင်းကလည်းသွေးတိုးရောဂါကိုကုသရာမှာအကောင်းဆုံးနဲ့အရေးကြီးဆုံးကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။
🧑⚕️အစားအသောက်ဆင်ခြင်ခြင်း
🩺အငန်ဓာတ်စားသုံးမှုကိုလျော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်သောက်သုံးခြင်းကိုလျှော့ချခြင်း၊ အဆီဓာတ်ပါဝင်မှုများသော အစားအစာများကိုလျှော့ချခြင်း၊ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသောက်ခြင်း၊ ဆိုဒီယမ်ပါဝင်မှုများသော အစားအစာများကိုလျှော့ချခြင်း၊ တာရှည်ခံဆေးပါဝင်မှုများသော အစားအစာများကိုလျှော့ချခြင်း စတာတွေပဲဖြစ်ပါတယ်။
🧑⚕️ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း
🩺လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ အေရိုးဗစ်ကစားခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုတစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) မှ တစ်နာရီနေ့စဉ်ပုံမှန်ပြုလုပ်ပေးရပါမယ်။
သွေးတိုးရောဂါရှိသူတွေမှာတစ်ဦးချင်းစီအလိုက် သီးခြားအခြေအနေတွေ ရှိနေနိုင်တာဖြစ်လို့ အသေးစိတ်အကြံပြုချက်များကို မိမိတို့ကိုကုသမှုပေးနေတဲ့ ဆရာဝန်နဲ့ပုံမှန်ပြသပြီး လမ်းညွှန်ချက်ရယူဖို့အရေးကြီးပါတယ်။
ရည်ရွယ်ချက်ကတော့ သွေးပေါင်ချိန်ကိုသတ်မှတ်ထားတဲ့ပမာဏမှာ ထိန်းချုပ်ထားနိုင်ဖို့ဖြစ်ပြီး နောက်ဆက်တွဲဝေဒနာတွေမခံစားရအောင် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon