For You Training Myanmar

For You Training Myanmar

Share

For You Training Upgrade Yourself .

06/07/2025

လုပ်ငန်းခွင်မှာ လိုအပ်သည့် Thinking ၇မျိုး

လုပ်ငန်းခွင်မှာ မိမိကိုယ်တိုင်ဖြစ်​စေ မိမိဝန်ထမ်း​တွေဖြစ်​စေ Thinking ၇မျိုး ကို လုပ်ငန်းအတွက်​တွေးတက်ရင် ဒီလုပ်ငန်းက တခြားလုပ်ငန်း​တွေထက်ပိုပြီး​တော့ ​ရှေ့​ရောက်နိုင်ပါတယ်။ဒီ Thinking ၇မျိုးက ဘာ​တွေလည်းဆို​တော့

(1) Critical Thinking
(2) Analytical Thinking
(3) Creative Thinking
(4) Abstract Thinking
(5) Concrete Thinking
(6) Divergent Thinking
(7) Convergent Thinking ဆိုပြီးဖြစ်ပါတယ်။

(1) Critical Thinking ဘာလဲဆို​တော့ thinkingစဥ်းစား​တွေး​တော့တဲ့အခါ မိမိစိတ်ထင်တာ​တွေကိုပဲ ယူပြီး စဥ်းစားတာမဟုတ်ပဲ fact နဲ့ data သတင်းအချက်အလက်​တွေအ​ပေါ်မှုတည်ကာ စဥ်းစားခြင်းဖြစ်ပါတယ် ​​နောက်ပြီး ဒီfact နဲ့ data​တွေက ဘယ်လိုရတာလဲ တကယ်​ကော ယုံကြည်စိတ်ချရရဲ့လား ဆိုတာကို ​​​သေချာစမ်းစစ်ပြီးမှာ စဥ်းစားတဲ့ သ​​သ​ဘောဖြစ်ပါတယ် အဓိကက biasနဲ့ မှားရွင်းတဲွ ​ရွေးချယ်မှု​တွေကို ​ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။

ဥပမာအ​နေနဲ့​ပြောရရင် လုပ်ငန်းခွင်မှာ new product development ပစ္စည်းအသစ်ကို ထုပ်တဲ့အခါ မိမိစိတ်ထဲ ​ရောင်းရမယ်ထင်တဲ့ပစ္စည်း​တွေကို ​လျှောက်ထုပ်တာမဟုတ်ပဲ တကယ့်​စျေးကွက်ထဲကို သွားပြီး survey နဲ့ observation လုပ်ကာ sales channelမှာရှိတဲ့ wholesaler နဲ့ retailer​တွေ ​နောက် consumer​တွေကို ​မေးမြန်ပြီး ရလာတဲ့ fact​တွေ data​တွေအရ ​စျေးကွက်ကလိုချင်တဲ့ ပစ္စည်းတွေကို ထုပ်​ရောင်းတဲ့ စဥ်းစား​တွေး​ခေါ်မှု ဖြစ်ပါတယ်။​နောက်

(2) Analytical Thinking ဆိုတာက​တော့ ခွဲခြမ်းစိတ်ဖြာစဥ်းစားတဲ့ ပုံစံမျိုးဖြစ်ပါတယ် အဓီကအားဖြင့် problem solving ပြသနာ​တွေကို ​​ဖြေရှင်းတဲ့အခါ ဒီပြသနာ ဘာ​ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ ွ​ကြောင်းတရား​တွေကို ခွဲခြမ်းစိတ်ဖြားပြီး စီစစ်သုံးသပ်ကာ ၎င်းတို့အကြား ဆက်နွယ်မှုနဲ့ အကျိုးသက်​ရောက်မှု​တွေကို ရှာ​ဖွေသုံးသပ်ခြင်းဖြစ်ပါတယ်။

ဥပမာ​ပြောရရင် မိမိလုပ်ငန်းက အ​ရောင်း​တွေကျ​နေတယ်ဆိုရင် ​external factor​တွေဖြစ်တဲ့ စျေးကွက်ရဲ့customer​တွေနဲ့ consumer​ အပြုအမှုတွေ​ပြောင်းလဲမှု​ကြောင့်လား ၊ နိုင်ငံ​ရေးစီးပွား​ပြောင်းလဲမှု​တွေ​ကြောင့်လား ဒါမှမဟုတ် internal factor​တွေဖြစ်တဲ့ ​စျေးနှုန်း ၊ ပစ္စည်းquality ၊ service ဒါ​တွေ​ကြောင့်လား ဆိုတာကို အပိုင်းလိုက်ခွဲခြမ်း စိတ်ဖြာပြီး သုံးသပ်​လေ့လာကာ problem solving လုပ်ရမှာဖြစ်ပါတယ်။ဒါပြီးရင်

(3) Creative Thinking ဆိုတာက​တော့ အလွယ်​ပြောရရင် စိတ်ကူးစိတ်သန်းအသစ်​တွေ စဥ်းစား​တွေး​ခေါ်တာဖြစ်ပါတယ် လူတိုင်းမှာ ​တွေး​တောတဲ့အခါ ကန့်သက်ထားတဲ့ ​ဘောင်​တွေ စည်း​တွေရှိပါတယ် ဒါဆိုရင် ဘယ်လိုဖြစ်ရမယ်ဆိုတဲ့Dominantပုံစံရှိပါတယ် ဥပမာ ဘယ်ပစ္စည်းဆိုရင် ဘယ်လ်ုပုံစံရှိတယ် ဘယ်လုပ်ငန်းဆိုရင် ဘယ်လိုပုံစံလုပ်လို့ရတယ် စသဖြင့် စိတ်ထဲရှိကြပါတယ်။ creative thinkingမှာ ဒီစည်း​တွေ​ဘောင်​တွေမထားပဲ ​ဘောင်​တွေစည်း​တွေ​ကိုကျော်ပြီး ဘယ်လိုလုပ်ရင်​ကောင်းမလဲဆိုတာကို စဥ်းစား​တွေ​ခေါ်ခြင်းဖြစ်ပါတယ်။

(4) Abstract Thinking ဆိုတာက ရုပ်ပိုင်းဆိုင်ရာ​တွေအ​ခြေခံတာထက် စိတ်ကူးစိတ်သန်းidea​တွေ ၊ concept​တွေ ထွက်​​ပေါ်လာ​အောင်​တွေးခြင်းဖြစ်ပါတယ် လုပ်ငန်းခွင်မှာ ဖြစ်​ပေါ်​နေ​သော ပြသနာကို ဘယ်လိုပုံစံနဲ့ ​ဖြေရှင်းမလဲဆိုတာမျိုး​တွေးတဲ့အခါ အရမ်းအဆင်​ပြေပါတယ်။

ဥပမာ ကိုယ်လိမ်း​ပေါင်ဒါထုပ်တဲ့ လုပ်ငန်းက အ​ရောင်းကျတဲ့အခါ ​​ပေါင်ဒါ​တွေကို ပို​ရောင်းရ​အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ဝန်ထမ်း​တွေကို ဝိုင်းစဥ်းစားခိုင်းပါတယ် အ​ရောင်းတက်ဖို့အတွက် budgetလည်း များများမသုံးချင်ပါဘူး ဒီ​​တော့ ဝန်ထမ်း​တွေဝိုင်းစဥ်းစားတဲ့အခါ တချို့က marketingပိုလုပ် ၊တချို့ကြ promotion​တွေ​ပေး စသဖြင့် ဝိုင်း​တွေး​ပေးကြပါတယ် ဒီထဲမှာ ဝန်ထမ်းတစ်​ယောက်က ​ပေါင်ဒါဘူး အ​ပေါက်​လေး​တွေကို ပိုကျယ်​အောင်ချဲ့ထားခြင်းအားဖြင့် consumer​တွေတစ်ခါသုံးရင်များများပိုထွက်ပြီး မြန်မြန်ကုန်​ကြောင့် ​စျေးကွက်ထဲ အ​ရေအတွက်ပိုပြီး​ရောင်းရမယ်ဆိုပြီး စဥ်းစားကာ အကြံ​ပေးခဲ့တာ​ကြောင့် အဲ့လိုလုပ်ပြီး အဲ့လုပ်ငန်းဟာ ​ငွေထပ်မကုန်ပဲ အ​ရောင်းတက်ခဲ့ပါတယ်။

(5) Concrete Thinking ဆိုတာက လက်ရှိအ​ခြေအ​နေမှာ ဘာလုပ်ရမလဲဆိုတာမျိုးအတွက် ချက်ချင်း​စဥ်းစား​တွေး​ခေါ်ခြင်း ဖြစ်ပါတယ် ကိစ္စတစ်ခုက ချက်ချင်း decisionချဖို့အတွက် လက်ရှိဘာဖြစ်​နေလဲဆိုတာကို ​ရေတိုကြည့်ပြီး ချက်ချင်းဆုံးဖြတ်ခြင်းဖြစ်ပါတယ် ဥပမာ စက်ရုံတစ်ခုမှာ ပစ္စည်း​တွေ orderတက်လို့ ထုပ်​နေတဲ့ အချိန် စက်က ပျက်သွားတာ​ကြောင့် စဥ်းစားတဲ့အခါ စက်က ပြင်လို့ရ​သေးလား ပြင်ရင် ဘယ်​လောက်ကြာမလဲ ကုန်ကျစရိတ်ဘယ်​လောက်ရှိလဲ ဒါမှမဟုတ် အသစ်ဝယ်ရင် ဘယ်​လောက်ကြာမလဲ ဘယ်​လောက်ကုန်မလဲ စသဖြင့် ချက်ချင်းဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ စဥ်းစားခြင်းဖြစ်ပါတယ် ​နောက် အ​ရေး​ပေါ်အ​ခြေအ​နေမျိုးတစ်ခုခုမှာလည်း ဒီလို​တွေး​တောရပါတယ်။

(6) Divergent Thinking နဲ့ (7) Convergent Thinking ၂ခုဟာ​တွဲပြီး စဥ်းစားရပါတယ် divergent စဥ်းစားတဲ့အခါ ရနိုင်သ​လောက် idea​တွေကို များများရ​အောင် brainstormingလုပ်ကာ ideaများများထုပ်စဥ်းစားတာမျိုးကို divergentလို့​ခေါ်ပါတယ်။ဒီလိုမျိုး idea​တွေအများကြီးထွက်လာတဲ့အခါ ဖြစ်နိုင်မဖြစ်နိုင်ကို Critical Thinking နဲ့ Analytical Thinking အရာသုံးသပ်ကာ ဇကာစစ်ထုပ်ပြီး ​နောက်ဆုံး idea ၃ခု​လောက်ပဲ ကျန်​တော့တဲ့အခါအ​သေးစိတ် detail လက်​တွေ့လုပ်ဖို့ ​သေချာစဥ်းစာတာကို Convergent Thinking လုပ်တယ်​ခေါ်ပါတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
CRD
Myint Maung Maung Tun

17/09/2024

အိကီဂိုင် စည်းမျည်း (၁၀) ချက် ✅

(၁) တက်တက်ကြွကြွနေပါ။ အငြိမ်းစားမယူပါနဲ့။ ကိုယ်လုပ်ရပျော်တဲ့ အရာတွေကို စွန့်လွှတ်လိုက်တာနဲ့ သူတို့တွေရဲ့ ဘဝရည်ရွယ်ချက်တွေဟာလည်း ပျောက်ဆုံးသွားတော့တာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ရာထူး၊ တာဝန်တွေကို စွန့်လွှတ်လိုက်ရင်တောင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဆက်လုပ်ဖို့၊ တိုးတက်မှုတွေရှိအောင်လုပ်ဖို့၊ တခြားသူတွေအတွက် အလှတရားတွေဖန်တီးပေးဖို့၊ မိမိကိုယ်ကို အသုံးဝင်အောင်နေဖို့၊ ကူညီပေးဖို့၊ ကိုယ့်ပတ်ဝန်း ကျင်ကို လှပအောင် ဖန်တီးဖို့ ကြိုးစားပါ။

(၂) ဖြည်းဖြည်းသက်သာလုပ်ပါ။ ဘဝကို အလျှင်စလိုနေထိုင်ခြင်းဟာ ဘဝရဲ့ အရည်အ သွေးနဲ့ပြောင်းပြန်အချိုးကျတယ်။ “ဖြေးဖြေးသွားရင် ခရီးပိုရောက်တယ်” ဆိုတဲ့ ရှေးခေတ်စကားပုံလိုပေါ့ ။ အလျှင်လိုတာတွေကို ကျောခိုင်းလိုက်တာနဲ့ ဘဝနဲ့ အချိန်တွေဟာ ကိုယ့် ဘဝအတွက် အဓိပ္ပါယ်တစ်မျိုးပြောင်းသွားလိမ့်တယ်။

(၃) အစာအိမ်မှာ ပြည့်မနေပါစေနဲ့။ သက်ရှည်ကျန်းမာဖို့ဆိုရင် စားသောက်ခြင်းနဲ့ ပတ်သတ်လာရင် နည်းလေ ပိုကောင်းလေလို့ ဆိုရမှာပါပဲ။ ၈၀ ရာခိုင်နှုန်း စည်မျှည်းအရ ပိုကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေချင်ရင် ဗိုက်တင်းအောင် စားမယ့်အစား တကယ်လိုအပ်တာထက် နည်းနည်းလျော့စားသင့်ပါတယ်။

(၄) မိတ်ဆွေကောင်းတွေ ထားရှိပါ။ မိတ်ဆွေတွေဆိုတာ အကောင်းဆုံးဆေးဝါးတွေပါပဲ။ ကိုယ့်ရဲ့ စိုးရိမ်စိတ်တွေကို ယုံယုံကြည်ကြည် ဖွင့်ပြောလို့ရတဲ့ မိတ်ဆွေမျိုး၊ ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပြောပြနိုင်တာမျိုး၊ အကြံဉာဏ်တွေ ရယူနိုင်တာ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ၊ စိတ်ကူးယဉ်ကြတာ တနည်းအားဖြင့် ဘဝကို အတူတူ ပျော်ရွှင်စွာဖြတ်သန်းမယ့် မိတ်ဆွေမျိုးပေါ့။

(၅) နောက်မွေးနေ့တစ်ပွဲ ကျင်းပနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပါ။ ရေဆိုတာ လှုပ်ရှားနေတတ်တဲ့ သဘာဝရှိတယ်။ ရပ်တန့်မနေပဲ ဒီလိုလှုပ်ရှား စီးဆင်းနေမှလည်း သူ့ရဲ့ကြည်လင်မှုကို ထိန်းသိမ်းနိုင်မှာပေါ့။ ဘဝတလျှောက် ရွှေ့လျား လှုပ်ရှားနေတဲ့ လူ့ဘဝဟာလည်း အချိန်အကြာကြီး ဆက်လက်ရှင်သန်နိုင်ဖို့ နေ့စဉ် ထိမ်းသိမ်းမှုလေးတော့ လိုအပ်တာပေါ့။ ဒိ့အပြင် ကိုယ်လက်လှုပ်ရှားမှုဟာ လူကို ပျော်ရွှင်အောင်ပြုလုပ်ပေးတဲ့ ဟိုမုန်းတွေကိုလည်း ထုတ်လွှတ်ပေးနိုင်ပါသေးတယ်။

(၆) ပြုံးပါ။ စိတ်လက်ပျော်ရွှင်ခြင်းဆိုတာ အနားယူရုံ သက်သက်မဟုတ်ပါဘူး။ မိတ်ဆွေဖွဲ့ရာမှာလည်း ပိုလွယ်ကူစေပါတယ်။ လောကရဲ့ အားနည်းချက် ချွတ်ယွင်းချက်တွေကိုလည်း သတိပြုဖို့လိုသလို ကိုယ်တို့ဟာ ဒီလို အလား အလာတွေ ပြည့်နှပ်နေတဲ့ ကမ္ဘာကြီးမှာ ရောက်နေတဲ့ အားသာချက်ကိုလည်း မမေ့ဖို့လိုပါတယ်။

(၇) သဘာဝတရားနဲ့ ပြန်ဆက်စပ်ပါ။ ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ မြို့ကြီးပြကြီးတွေမှာ နေကြပေမယ့် လူဆိုတာ သဘာဝတရားကြီးအတွက် မွေးဖွားလာခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ ဒါကြောင့် မိမိကိုယ်ကို အားအင်သစ်တွေလောင်းဖို့ သဘာဝတရားနဲ့ မကြာမကြာ ထိတွေ့ပေးပါ။

(၈) ကျေးဇူးတင်ပါ။ ကိုယ့်ကို အသက်ရှုခွင့်ပေး၊ အစားအသောက်တွေပေးတဲ့ ကိုယ့်ဘိုးဘေးဘီဘင်တွေ နဲ့ သဘာဝတရားတွေကို ကျေးဇူးတင်ပါ။ ကိုယ့်ဘဝကို သာယာလှပစေတဲ့ ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေနဲ့ တခြားအရာတွေကိုလည်း ကျေးဇူးတင်ပါ။ ဒီလို ကျေးဇူးတင်တတ်တဲ့ အကျင့်ကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကိုယ့်ဘဝကို တစ်နေ့ထက်တစ်နေ့ ပိုကျေနပ်စွာ နေနိုင်လာလိမ့်မယ်။

(၉) လက်ရှိ ပစ္စုပ္ပန်တွင်သာ နေထိုင်ပါ။ အတိတ်ကို နောင်တရနေတာ၊ အနာဂတ်ကို ကြောက်နေတာတွေကို ရပ်လိုက်ပါ။ ကိုယ်ပိုင်ဆိုင်တာဟာ ဒီနေ့ပါပဲ။ ဒီနေ့ကို အကောင်းဆုံး အသုံးချပါ။ နေ့စဉ်ဘဝကို အလှပဆုံးဖန်တီးပါ။

(၁၀) အိကီဂိုင် အတိုင်းနေထိုင်ပါ။ ကိုယ့်ရင်ထဲမှာ ကိုယ့်ဘဝနောက်ဆုံးအချိန်ထိ မိမိကိုယ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ့် အရည်အသွေး၊ ဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့ စိတ်အားထက်သန်မှုတစ်ခု ရှိနေပါတယ်။ ကိုယ့်ရဲ့ အိကီဂိုင် ဘာလဲမသိရင် အဲဒီအရာကို ရှာဖွေဖို့ဆိုတာ ကိုယ့်ဘဝရဲ့ ပင်မပန်းတိုင်ပါပဲလို့ ဗစ်တာဖရင်ကယ်က ပြောခဲ့ဖူးပါတယ်။

#အီကီဂိုင်
#ကူးယူဖော်ပြခြင်း

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon