T-Mall
Foods & Clothes
09/04/2022
မုန့်လုံးရေပေါ်လုပ်နည်း 🤗
မုန့်လုံးရေပေါ်လုပ်နည်းအတွက်ပါဝင်ပစ္စည်းတွေကတော့
- ကောက်ညှင်းဆန်မှုန့် ၁၂၀ ဂရမ်
- ဆန်မှုန့် ၄၀ ဂရမ်
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံတစ်ပုံခန့်
- ရေ ၁၁၀ မီလီ လီတာ
- ထန်းလျက် ၈၀ ဂရမ်
- အုန်းသီး (ကြိုက်နှစ်သက်သလောက်)
မုန့်လုံးရေပေါ်ပြုလုပ်နည်းအဆင့်ဆင့်လေးကတော့
- ကောက်ညှင်းဆန်မှုန်၊ ဆန်မှုန့်နှင့် ဆားတို့ကို ပန်းကန်တစ်ခုထဲတွင်ထည့်ပါ။
- ထို့နောက် ပန်းကန်ထဲသို့ ရေ ၁၁၀ မီလီ လီတာကို မုန့်အနေအထားအပေါ် မူတည်ပြီး နည်းနည်းချင်းဆီထည့်၍ မွှေပါ။ မပျော့မမာ ကိုင်တွယ်လို့ရနိုင်မည့် အနေအထားဖြစ်ရပါမည်။
- ပြီးရင်တော့ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
- ထန်းလျက်များကို အတုံးသေးသေးစီ လှီးထားပါ။ မုန့်လုံးရေပေါ် ထည့်ပြုတ်ရန်အတွက် ရေနွေးတစ်အိုးကိုလည်းတည်ထားပါ ။
- ၁၅မိနစ်ကြာပြီးရင်တော့ မုန့်စလုံးလို့ရပါပြီ။ ထန်းလျက်ကို အလယ်မှာထည့်ပြီး မုန့်လုံးပါ။
- ရေနွေးပွက်ပွက် ဆူပြီဆိုရင်တော့ လုံးထားတဲ့မုန့်တွေကို ထည့်ပါ။ မုန့်လုံးရေပေါ်လေးတွေ ရေပေါ်ကိုပေါ်လာပြီဆိုရင် ၁ မိနစ်ခန့် ထပ်ပြုတ်ထားပြီးမှ ဆယ်ယူပါ။ ဆယ်ယူလို့ရတဲ့ မုန့်လုံးရေပေါ်လေးတွေကိုတော့ ရေအေးထည့်ထားတဲ့ ဇလုံထဲမှာ ၁ မိနစ်ခန့် ထပ်စိမ်ပါ။
- ရေအေးထဲကနေ ဆယ်ယူပြီးပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးလေးအုပ်ပြီးတော့ အရသာရှိတဲ့ မုန့်လုံးရေပေါ်လေးကို သုံးဆောင်လို့ရပါပြီနော်။
#မုန့်လုံးရေပေါ်လုပ်နည်း
:photo
Click here to claim your Sponsored Listing.