Caring for Our Children
Created by 7 psychiatrists of Child and Adolescent Psychiatry team, Myanmar.
25/02/2021
မူးယစ်ဆေးအလွဲသုံးစားမှု အပိုင်း (၄).......................................................
..................................................................................
အသက် ၁၄နှစ်အရွယ်ရှိတဲ့ ကျွန်မသမီးလေးက မနေ့က သူငယ်ချင်းတွေဆီသွားတာ ပြန်လာတော့ ဆေးလိပ်နံ့တွေရတယ်။ ကျွန်မဆီကနေ ထွက်သွားတဲ့အဖြစ်မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်မ သမီးကို ဘာပြောရမယ်မှန်းလည်းမသိဘူး။ သမီးကိုလည်း ဆေးလိပ်တွေ ဆက်ပြီးမသောက်စေလိုဘူး။..…............................................................................
ဆေးလိပ်စမ်းသောက်ကြည့်ခြင်းဟာ ဆယ်ကျော်သက်လူငယ်တွေ လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုဖြစ်တယ်။ များသောအားဖြင့် သူတို့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်လေ့ရှိပါတယ်။ သူတို့အနေနဲ့ “ကြည့်ကောင်းတယ်၊ အရမ်းကိုမိုက်တယ်” လို့ထင်တဲ့ မိဘ၊ ရုပ်ရှင်မင်းသား/ မင်းသမီး၊ လူလတ်ပိုင်းတွေကို ကြည့်ပြီး ပြန်လည်အတုယူကြတာဖြစ်တယ်။
.............................................................................
လူငယ်တွေ လုပ်လေ့လုပ်ထရှိတယ်ဆိုပေမယ့် ကျွန်မတော့ ဒီအရာကို မကြိုက်ဘူး။....................................................................................
ဘဘလည်း မိဘတွေရဲ့ခံစားချက်ကို လုံးဝနားလည်ပါတယ်။ သားသမီးတွေဟာ တခါတလေ လူကြီးတွေ မကြိုက်တဲ့အရာတွေကို ပြုလုပ်တာမျိုး (သို့မဟုတ်) စမ်းလုပ်ကြည့်တာမျိုးတွေပြုလုပ်တတ်ပါတယ်။ သား၊ သမီးတွေအပေါ် လူကြီးတွေရဲ့ တစ်ခုတည်းသောလွှမ်းမိုးမှုတွေဟာ သူတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ခဲ့ပုံနဲ့ မိဘနဲ့သားသမီးကြားရှိ ဆက်ဆံရေးတွေသာဖြစ်တယ်။ ဒါကြောင့် မိဘတွေနဲ့ ကလေးတွေအကြားမှာ စိတ်ဆိုးမှုတွေဖြစ်မယ်ဆိုရင် ကလေးတွေအနေနဲ့ လူကြီးတွေမကြိုက်တဲ့အရာတစ်ခုခုကို လုပ်ကြည့်တတ်လာကြပါတယ်။ အကယ်လို့ သူတို့အနေနဲ့ လွတ်လပ်မှုမရှိသလိုခံစားရတာမျိုးနဲ့ သူတို့ရဲ့အပြုအမူတွေဟာ မိဘတွေလိုချင်တဲ့အတိုင်းအရမ်းကို ပြုလုပ်နေရပြီဆိုရင် နောက်ပိုင်း ပုန်ကန်မှုတွေဖြစ်လာနိုင်ပါတယ်။
................................................................................
ဆေးလိပ်သောက်တာလည်း အန္တရာယ်များတယ် မဟုတ်လား?...............................................................................
ဆေးလိပ်ကို အချိန်ကာလတစ်ခုအထိကို သောက်သုံးနေမယ်ဆိုရင် ကျန်းမာရေးကိုဆိုးကျိုးများစွာြဖစ်စေပါတယ်။ ပထမဦးဆုံးအနေနဲ့ ရှင်းပြချင်တာက ဆေးလိပ်ထဲမှာပါတဲ့ ni****ne (နီကိုတင်း) ဟာ အလွန်စွဲလမ်းမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ မကြာခဏ ဆေးလိပ်ကို ပုံမှန်သောက်သုံးပါက နောက်ပိုင်းမှာ ဆေးလိပ်ဖြတ်ဖို့ရန် အလွန်ခက်ခဲနိုင်ပါတယ်။ ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါတွေကြောင့် ခန္ဓာကိုယ်ကို မိမိလိုသလို အသုံးမပြုနိုင်၊ ခြေထောက်ရှိ သွေးကြောတွေမှာလည်း ပြဿနာတွေဖြစ်ပေါ်လာနိုင်ပြီး အခြားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေရရှိနိုင်ပါတယ်။
................................................................................
သမီးရဲ့ ဆံပင်နဲ့ အဝတ်အစားတွေက ဆေးလိပ်နံ့တွေကို မကြိုက်ဘူး။...............................................................................
ဆေးလိပ်သောက်တဲ့ မိန်းကလေးကို နမ်းခြင်းဟာဆိုရင် ကတ္တရာကို လျှာနဲ့လျက်နေတာနဲ့အတူတူပါဘဲ။ ဆေးလိပ်သောက်ခြင်းဟာ သူမရဲ့ အနံနဲ့ အရသာခံစားမှုတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် အစားအသာက်တွေဟာ ဆေးလိပ်သောက်သူတွေအတွက် အရသာမရှိပါဘူး။ တကယ်လို့ သင့်အနေနဲ့ ကားဟောင်းတစ်စီးကို ဝယ်ရင် အရင်ကားပိုင်ရှင် ဆေးလိပ်မသောက်ကြောင်း သေချာနေပါစေ။ အိမ်က လိုက်ကာ ခန်းဆီးတွေနဲ့ ကော်ဇော်တွေမှာ ဆေးလိပ်နံ့တွေစွဲနေရင် ဖယ်ရှားဖို့ရန် အလွန်ခက်ခဲသလိုဘဲ ကားထိုင်ခုံကူရှင်တွေက အနံ့တွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
............................................................................
သမီး ဆေးလိပ် ဆက်မသောက်အောင် ဘယ်လိုလုပ်သင့်ပါသလဲ?..............................................................................
သမီးလေးကို စကားစပြောတာအကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ဒီနေရာမှာ သင့်အနေနဲ့ အရမ်းလောတာမျိုးမပြုလုပ်မိဖို့နဲ့ ကလေးကို ဆူနေတဲ့ပုံစံမျိုးမဖြစ်ဖို့ လိုအပ်ပါတယ်။ သမီးလေးအနေနဲ့ ဆေးလိပ်သောက်ခြင်းရဲ့ နောက်ဆက်တွဲ အန္တရာယ်ကို အပြည့်အဝနားလည် နေသေးမည်မဟုတ်ပါ။ ဒါကြောင့် ထိုအန္တရာယ်တွေကို သမီးလေး သိရှိအောင် ရှင်းပြပေးဖို့ဟာ သင့်တာဝန်သာဖြစ်ပြီး သမီးလေးအနေနဲ့ ထိုအကြောင်းအရာများကို စဥ်းစားပြီး သမီးကိုယ်တိုင်ကဘဲ ဆေးလိပ်ကို ဆက်ပြီး သောက်မလား၊ မသောက်ဘူးလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်တဘ်။ ဒါကြောင့် သင့်အနေနဲ့ အကြောင်းအရာတွေကို အရင်ဆုံး သိရှိလက်ခံထားသင့်ပါတယ်။
..........................................................................
သမီးလေးကို အိမ်မှာဘဲနေစေပြီး သူငယ်ချင်းတွေနဲ့ တွေ့ခွင့်မပေးတော့ရင်ရော?...................................................................................
သင်လုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် သင်လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အခုလို မိမိရဲ့ ဘဝအတွက်ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမဲ့ (ဥပမာ ဆေးလိပ်ဆက်သောက်မလား၊ မသောက်တော့ဘူးလား) ဆိုတဲ့ကိစ္စရပ်မျိုးတွေကို သားသမီးနဲ့ မိဘအကြား ဂရုစိုက်မှု၊ သတင်းအချက်အလက်ပေးမှု အစရှိတဲ့ ဆက်ဆံရေးပုံစံမျိုးတွေနဲ့ ပြုလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ထိုအရာဟာ ရန်ပွဲအနေနဲ့ဖြစ်လာပါက သင်ရှုံးသွားနိုင်ပါတယ်။ သင်သိတဲ့အတိုင်း မလုပ်နဲ့၊ မစားနဲ့ဆိုတဲ့ အသီးတွေကို ပိုစားချင်ကြတယ်လေ။
.................................................................................
ကျွန်မကလေးကိုတောင် အကာအကွယ်တွေမပေးနိုင်ဘူးဆိုတဲ့ ဒီခံစားချက်မျိုးကို မကြိုက်ဘူး။..................................................................................
သေချာတာပါ့။ ဒီခံစားချက်ဟာ အရမ်းကို မခံစားနိုင်ဖြစ်စေပါတယ်။ ကလေးတွေ ဆယ်ကျော်သက်အရွယ်ဖြစ်လာတဲ့အချိန် သင့်အနေနဲ့ အကောင်းဆုံးကူညီပေးနိုင်တာတွေက သူတို့တွေ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်ဖို့၊ တန်ဖိုးထားတတ်နိုင်ဖို့နဲ့ ကိုယ်တိုင် ကာကွယ်ချင်တဲ့စိတ်တွေရှိအောင်ဖြစ်တယ်။ ကလေးနဲ့ သင့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခြင်းကြောင့် သူတို့အနေနဲ့ သင့်ကို စိတ်ချမ်းသာအောင် ထားချင်တဲ့အချက်ကတော့ သင် ကလေးအပေါ် အကောင်းမွန်ဆုံးလွှမ်းမိုးခြင်းဘဲဖြစ်ပါတယ်။
...............................................................................
ဆေးလိပ်တွေရဲ့ ကုန်ကျစရိတ်တွေအကြောင်းရောရှင်းပြပေးပါ။...................................................................................
ဆေးလိပ်သောက်လေ့ရှိတဲ့ အလေ့အထကတော့ ကုန်ကျစရိတ်များပါတယ်။ ဒါပေမယ့် ကလေးတွေ ဆေးလိပ်မသောက်တော့အောင် သူတို့ရဲ့ အသုံးစရိတ်တွေ လျော့ပေးတာမျိုးဟာ အကျိုးရှိလေ့ မရှိပါဘူး။ သင်မပြုလုပ်စေလိုတာကြောင့် သူတို့မှာ ဒေါသထွက်လာနိုင်ပြီး ဆေးလိပ်သောက်လိုခြင်းကြောင့် ပြန်အာခံလာတာမျိုးတွေပြုလုပ်တတ်ပါတယ်။
ဒီနေရာ ဘဘ ထပ်ပြီး ဖြည့်စွက်ရှင်းပြချင်တာက မိဘက ဆေးလိပ်သောက်ရင် ကလေးလည်း သောက်လာပါလိမ့်မယ်။ မိဘတစ်ယောက်အနေနဲ့ “ငါပြောသလိုလုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့” လို့ပြောဆိုနေခြင်းဟာ အကျိုးမရှိပါဘူး။ Actions speak louder than words (အပြုအမူတွေက ပြောဆိုနေတာထက် ထိရောက်တယ်) အထူးသဖြင့် လူငယ်တွေမှာပေါ့။
....................................................................................
ကျွန်မ ကလေးကို ကာကွယ်ဖို့ အစွမ်းအစ မရှိနေတာကို အရမ်းမုန်းတယ်။..................................................................................
ဟုတ်ပါတယ်။ ဒီလိုခံစားချက်မျိုးဟာ အလွန်ခံစားရခက်စေပါတယ်။ သို့ပေမယ့် သင့်အနေနဲ့ ကလေးတွေ ဆယ်ကျော်သက်ရောက်လာချိန်မှာ အကောင်းဆုံး ကူညီပေးနိုင်တာတွေရှိပါတယ်။ မိမိကိုယ်ကို ကာကွယ်တတ်အောင်၊ တန်ဖိုးထားတတ်အောင်နဲ့ ကာကွယ်လိုချင်စိတ်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ကလေးနဲ့ သင့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေလို့ ကလေးတွေဟာ သင့်ကို စိတ်ချမ်းသာအောင်ထားချင်တာမျိုးဆိုရင်တော့ သင် ကလေးအပေါ် အစိုးမိုးနိုင်ဆုံးပင်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင့်အနေနဲ့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို သိပ္ပံနည်းကျပြီး မှန်ကန်သော သတင်းအချက်အလက်အစရှိတာတွေကို ရှင်းပြပေးသင့်ပါတယ်။
Caring For Our Children
Issue #35
8 February 2021
Image source - IASLC
ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
27/01/2021
Caring For Our Children
Issue #33
26 January 2021
ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
မူးယစ်ဆေး အလွဲသုံးစားမှုအပိုင်း (၂)
မြန်မာနိုင်ငံမှာ အသုံးများတဲ့ မူးယစ်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါ။
ဟုတ်ပါပြီ။ ရှင်းပြပေးသွားပါမယ်။ ပထမဦးဆုံးအနေနဲ့ ဆေးခြောက်အကြောင်းကို ရှင်းပြပေးသွားပြီး တခြား မူးယစ်ဆေးဝါးတွေအကြောင်းကို နောက်ပိုင်းစာစောင်တွေမှာ ရှင်းပြပေးသွားပါမယ်။
Ma*****na (ခေါ်) ဆေးခြောက် (cannabis, w**d, Mary Jane)
Ma*****na (ခေါ်) ဆေးခြောက်ဟာ ကမ္ဘာအနှံ့မှာ တွေ့ရတဲ့ အပင်ရိုင်းတစ်မျိုးဖြစ်ပါတယ်။ ဒီအပင်တွေကို လူတော်တော်များများ နှစ်ပေါင်းကြာမြင့်စွာအသုံးပြုလာခဲ့ကြတာဖြစ်ပြီး ဘာသာရေး ထုံးတမ်းစဥ်လာတွေမှာတောင် အသုံးပြုခဲ့ကြတာဖြစ်တယ်။ လက်ရှိနိုင်ငံတွေမှာ ရောင်းချနေကြတဲ့ ဆေးခြောက်အမျိုးအစားကတော့ အခြားအပင်ရိုင်းအမျိုးအစားတွေထက် အာနိတင်က ပိုပြင်းပြီး စိုက်ပျိုးမှုနှုန်းလည်း အလွန်များပါတယ်။
ဆေးခြောက်ပင်ရဲ့ အရွက်နဲ့ အဖူးတွေကို များသောအားဖြင့် စီးကရက်ထဲမှာ ထည့်သွင်းကာ ဆေးလိပ်အနေနဲ့ သောက်သုံးကြပါတယ်။ ထို့အပြင် ကွတ်ကီး၊ သကြားလုံးတွေလိုမျိုး “အသင့်စား အစားအသောက်” တွေထဲမှာလည်း ပေါင်းစပ်ထည့်သွင်းကြပါတယ်။ လက်ဖက်ရည်လိုမျိုး အမှုန့်ကြိတ်ကာ သောက်သုံးနိုင်သလို အခြား မျိုချလို့ရတဲ့ စားသောက်ကုန်ပုံစံမျိုးလည်း ထုတ်လုပ်ကြပါတယ်။
ဆေးခြောက်ကို တခြားနိုင်ငံတွေမှာ တရားဝင်သုံးစွဲခွင့်ပြုထားတယ်လို့ ကြားမိတယ်။
ယခင်က မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်ခဲ့ပေမယ့် ယခုလက်ရှိမှာတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။ ဒီကိစ္စရပ်ဟာ ယခုအချိန်အထိကို အငြင်းပွားဖွယ် မူဝါဒတစ်ရပ်ဖြစ်နေဆဲဖြစ်တယ်။ သို့ပေမယ့် ကနေဒါနိုင်ငံနဲ့ ဥရုဂွေးနိုင်ငံတွေမှာ ဒီဆေးခြောက်ကြောင့်ဖြစ်လာနိုင်တဲ့ မှောင်ခိုလုပ်ငန်းတွေ၊ ရောင်းချခြင်း၊ ပိုင်ဆိုင်ထားခြင်း၊ အသုံးပြုခြင်းနဲ့ စိုက်ပျိုးခြင်း အစရှိတဲ့ ရာဇဝတ်မှုတွေကို လျော့ချနိုင်ဖို့အတွက် တရားဝင်လုပ်ကိုင်နိုင်ခွင့် ပြုပေးထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြည်ထောင်စုအစိုးရကတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပေမယ့် တစ်ချို့သော ပြည်နယ်တွေမှာတော့ တရားဝင်သုံးစွဲခွင့်ပြုထားပါတယ်။ နယ်သာလန်လိုမျိုးနိုင်ငံမှာဆိုရင် ပထဝီအနေအထားပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ တရားဝင်အသုံးပြုနိုင်ခွင့်ပြုထားပါတယ်။ တခြားတစ်ဖက်ကို ကြည့်ရမယ်ဆိုရင် အာရှတိုက်ရှိ နိုင်ငံတော်တော်များများမှာတော့ တရားဝင်ခွင့်ပြုထားခြင်း လုံးဝမရှိဘဲ အသုံးပြုပါကလည်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းတွေကို ခံရနိုင်ပါတယ်။
ဥပမာ စင်္ကာပူလိုနိုင်ငံမှာဆိုရင် ၁/၂ကီလို (သို့မဟုတ်) ဒီထက်ပိုများတဲ့ ဆေးခြောက်တွေကို ပိုင်ဆိုင်ထားရင် သေဒဏ်ချမှတ်ပါတယ်။ အနည်းငယ်သော ပမာဏကို အသုံးပြုရင် ငွေဒဏ် ဒေါ်လာ ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၁၀နှစ် အထိကျခံရနိုင်ပါတယ်။
ဒီဆေးခြောက်တွေကို သုံးတဲ့အခါ လူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ?
ဆေးခြောက်ရဲ့ အကျိုးသက်ရောက်မှုက လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို သတိမဲ့စွာနဲ့ ချုပ်တည်းမှုမရှိအောင် ပြုလုပ်ပေးပါတယ်။ ဒီဆေးခြောက်တွေကို အသုံးပြုသူတွေဟာ များသောအားဖြင့် ၎င်းကို အသုံးမပြုနေတဲ့အချိန်မှာ အမှန်တကယ်ရယ်မောဖွယ်မကောင်းသောအရာများကို ရယ်မောဖွယ်အဖြင့်မြင်တွေ့နေတတ်ပါတယ်။ တချို့လူတွေကို စိတ်ငြိမ်အောင်နဲ့ အထူးသဖြင့် လူတွေကြားရောက်ရင် စိတ်လှုပ်ရှားတတ်တဲ့သူတွေကို ကူညီပေးနိုင်ပါတယ်။ တခါတလေ အလွန်ဆာလောင်မှုကိုဖြစ်စေပါတယ်။
ဆေးခြောက်ရဲ့ ထူးခြားတဲ့အချက်တစ်ခုအနေနဲ့က ကင်ဆာရောဂါကို ဓာတုကုထုံးနဲ့ကုသနေတဲ့ ရောဂါဝေဒနာရှင်တွေ မကြာခဏကြုံတွေရတဲ့ ပြင်းထန်တဲ့ ပျို့အန်ခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီပျို့အန်ခြင်းကြောင့် ကင်ဆာဝေဒနာရှင်တွေဟာ အစာကောင်းကောင်းမစားနိုင်ဘဲ ကိုယ်အလေးချိန်တွေကျကာ ရောဂါကို ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားလည်းလျော့နည်းသွားတတ်ပါတယ်။ ဒီအချက်ကြောင့် ၎င်းကို ဆေးဘက်ဆိုင်ရာအတွက်ဆိုပြီး နိုင်ငံတော်တော်များများက အသုံးပြုခွင့်ပေးထားပါတယ်။
ဆေးခြောက်သုံးစွဲခြင်းမှာ အဖမ်းခံရခြင်းအပြင် အခြားဘာဆိုးကျိုးတွေရှိသေးလဲ?
လူတစ်ယောက်နဲ့ တစ်ယောက်အပေါ်ကျရောက်တဲ့ ဆေးခြောက်သုံးစွဲခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ မတူကြပါဘူး။ တချို့လူတွေဟာ ဆေးခြောက်ကိုသုံးနေချိန်မှာဆို အကြောက်လွန်ရောဂါကို ခံစားရတတ်ပါတယ်။ တချို့ကြတော့ အိပ်မောကျသွားတတ်ပါတယ်။ အရမ်းပြင်းတဲ့ဆေးခြောက်တွေဆိုရင် လူအချို့ကို စိတ်အာရုံချောက်ခြားစေနိုင်ပါတယ်။ အပြင်မှာမရှိသောအရာများကို မြင်တွေ့ ခံစားပြီး အသံတွေကို ကြားနေရတာမျိုးဖြစ်တယ်။ စိတ်ကစဥ့်ကလျားရောဂါလိုမျိုး ပြင်းထန်တဲ့စိတ်ရောဂါဝေဒနာကို ခံစားနေရသူတွေဟာ ဆေးခြောက်ရှူပါက ရောဂါပြန်လည်ကောင်းမွန်လာအောင်ကုသရာမှာ အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ တချို့လူအနည်းစုအတွက် “gateway drug” လိုဖြစ်သွားနိုင်ပါတယ်။ ဒီဆေးကိုသုံးစွဲခြင်းဖြင့် ဒီထက်ပြင်းပြီး အန္တရာယ်ပိုများတဲ့ဆေးတွေဖြစ်တဲ့ ဘိန်းဖြူလိုမျိုး၊ စိတ်ကြွဆေးတွေလိုမျိုး မူးယစ်ဆေးဝါးတွေကို အသုံးပြုသွားတတ်ပါတယ်။
ကျွန်မသားကို ဆေးခြောက်သုံးတာဖြတ်နိုင်အောင် ဘယ်လိုကူညီပေးနိုင်သလဲ?
ဆေးခြောက်အလွဲသုံးစားမှုနဲ့ အခြားသောမူးယစ်ဆေးအလွဲသုံးစားမှုအတွက် ကုသမှုနည်းလမ်းတွေဟာ တော်ရုံလောက်သာ အကျိုးသက်ရောက်ပါတယ်။
ရှေးဦးစွာ လူငယ်တွေ ဆေးခြောက်သုံးစွဲခြင်းရဲ့ အကြောင်းအရင်းကို လေ့လာဖို့ရန်အရေးကြီးပါတယ်။ ဆေးလိပ်သောက်တဲ့သူငယ်ချင်းတွေနဲ့ အတူအဖွဲ့ကျနေဖို့ဘဲ ဆေးခြောက်ကို လိုက်သုံးနေတာလား? သူတို့ရဲ့အတွင်းစိတ်မှာပြင်းထန်စွာဖြစ်ပေါ်နေတဲ့ မနှစ်မြို့ဖွယ်ကောင်းတဲ့ခံစားချက်တွေကနေ လွတ်မြောက်သွားဖို့ သုံးနေတာလား? ဒါဆို ဘာကြောင့်သူတို့ ဒီလိုခံစားနေရတာလဲ ဆိုတဲ့အကြောင်းအရင်းတွေကို ရှာဖွေပါ။ မိသားစုဝင်တွေကနေ မိသားစုအတွင်းရှိ ဆက်ဆံရေးအခြေအနေတွေကို ပြန်လည်စောင့်ကြည့်ပါ။ အကယ်လို့ မိသားစုအတွင်းမှာ စိတ်ညစ်ဖွယ်ရာများနဲ့ပြည့်နှံ့နေတာမျိုး၊ အိမ်ထောင်မှုဖောက်ပြန်မှု၊ အပြောအဆို (သို့) ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှု နဲ့ လူငယ်တွေစိတ်ဆင်းရဲ့တတ်တဲ့အခြားအကြောင်းအရာတွေရှိနေပါက ကျွမ်းကျင်သူတွေထံမှာ အကူအညီရယူပါ။
ယေဘုယျအားဖြင့် လူငယ်တွေနဲ့ မိဘတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အစောပိုင်းမှာ အန္တရာယ်ကင်းနေပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာဆိုးကျိုးများစွာပေးနိုင်ကြောင်း ရှင်းပြခြင်းနဲ့ ဆွေးနွေးမှုပြုလုပ်ပေးပါ။ မြန်မာနိုင်ငံမှာလည်း ဆေးခြောက်သုံးစွဲခြင်းဟာ တရားဝင်မဟုတ်နေတဲ့အတွက် နောက်ပိုင်းမှာ အဖမ်းခံရတာမျိုးရှိတာကြောင့် သူတို့ရဲ့ရှေ့ရေးအတွက် များစွာဆိုးကျိုးသက်ရောက်နိုင်ကြောင့် သူတို့အား ရှင်းပြပေးပါ။
There is no drug treatment proven to help a person stop using ma*****na at this time.
ကလေးက အခြားဆေးလိပ်မသောက်တဲ့ သူငယ်ချင်းအုပ်စုအသစ်ကို ရှာဖွေဖို့တော့လိုအပ်ပါတယ်။ မိသားစုတွေအနေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာကုသအကြံပေးနိုင်သူ၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်းကုသမှုအစီအစဥ် နဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာရောဂါများကိုကုသရာတွင်အတွေ့အကြုံရှိတဲ့ စိတ်ရောဂါအထူးကုဆရာဝန်အချို့အားရှာဖွေရန်အရေးကြီးပါတယ်။ လူနှစ်ဦးစကားပြောပြီးကုသပေးတဲ့ ကုထုံးပညာရှင်တွေပြုလုပ်တဲ့ Motivational Interviewing (စိတ်ခွန်အားနိုးကြားစေတဲ့ အင်တာဗျူး) နဲ့ Cognitive Behavioral Therapy တွေဟာအလွန်ထိရောက်ကြောင်းတွေ့ရပါတယ်။
ယခုအချိန်အထိတော့ ဆေးခြောက်သုံးစွဲခြင်းကို ရပ်တန့်သွားအောင်ကုသပေးနိုင်တဲ့ ဆေးဝါးကုသမှုတော့ မရှိသေးပါဘူး။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon
Opening Hours
| Monday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |