PC Knowledge Sharing by PTK
PC နဲ့ပတ်သတ်တဲ့ အသိပညာ များကိုပြန်လည?
14/01/2022
Computer တစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ
13/01/2022
Used laptop တစ်လုံး ဝယ်ယူမယ်ဆိုရင် စစ်ဆေးရမဲ့ အချက်လေးတွေကို ရှာဖွေပြုစုပေးထားပါတယ်
⚠⚠⚠ Memory stick, earphone or headphone and videos ပါတဲ့ DVD တစ်ချပ် (သီချင်းခွေ) စတဲ့ ပစ္စည်းလေးတွေ တပါတည်း ယူသွားဖို့ အကြံပြုပါတယ်
1️⃣ Laptop Body
- Used Laptop တစ်လုံးဝယ်တော့မယ် ဆိုရင် အရင်ဆုံးစစ်ရမှာက laptop body ပါ ပွန်းရာခြစ်ရာပါမပါ ကျိုးနေ ပဲ့နေ တဲ့နေရာတွေရှိမရှိ laptop body မှာပါတဲ့ screw တွေစုံမစုံ စတဲ့အချက်တွေကိုသတိထားပြီး စစ်ဆေးဖို့လိုပါတယ် ခဏခဏ လွတ်ကျ(သို့)ထိခိုက် ထားတဲ့ laptop တွေက ပျက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်
2️⃣ Laptop Screen
- နောက်ထပ် အရေးကြီးတဲ့ အရာကတော့ Laptop ရဲ့ screen ပါ ရုပ်ထွက်မှန်ရဲ့လား၊ ပုံရိပ်တွေတုန်နေလား၊ အလင်းပေါက်တွေ အစင်းကြောင်းတွေပါလား စတဲ့အချက်တွေ ကိုသေချာ စစ်ဆေးဖို့လိုပါတယ်
Videos တစ်ခုလောက်ဖွင့်ပြီး screen ကိုရှုထောင့်ပေါင်းစုံကနေကြည့်ကြည့်ပါ တချို့ screen error များက တည့်တည့်ကြည့်ရင် မမြင်ရပါ
3️⃣ Keyboard & Touch Pad
- Laptop တစ်လုံးမှာ အသုံးအများဆုံးနဲ့ အပျက်အများဆုံး အစိတ်အပိုင်း နှစ်ခုဖြစ်ပါတယ် Keyboard မှာပါတဲ့ Key တစ်ခုချင်းစီကို စိတ်ရှည်ရှည်နဲ့ စစ်ဆေးဖို့လိုပါတယ် Keyboard testing လုပ်တဲ့ software ကို install လုပ်ပြီးလဲ စစ်ဆေးလို့ရပါတယ်
Touch pad မှာပါတဲ့ mouse key နှစ်ခု ကောင်းကောင်းနိုပ်လို့ ရမရ ၊ touchpad ရဲ့မျက်နှာပြင် ကောင်းကောင်း အလုပ်မလုပ် သေချာစစ်ဆေးပါ
4️⃣ Wi-Fi, We**am, Speaker & Mice
- မိမိဖုန်းကနေ Wi-Fi လွှင့်ပြီး ချိတ်ကြည့်ပါ
(Zapya, Bluetooth, etc...) စတဲ့ software များထည့်ပြီး file copy လုပ်လို့ရမရ စမ်းကြည့်ပါ
Wi-Fi ရပြီဆိုရင် facebook messager, viper စတဲ့ software တခုခုဖွင့်၍ video call ခေါ်ပြီး we**am, speaker နဲ့ mice ကောင်းမကောင်း စမ်းလို့ရပါပြီ
5️⃣ USB Ports & Headphone Jack
- USB port တစ်ခုချင်းစီကို ပါလာတဲ့ USB stick တပ်ပြီး file copy လုပ်ကြည့်ပါ (laptop မှာ USB port အများကြီးမပါတဲ့အတွက် တစ်ခုတလေ ပျက်နေရင်တောင် အဆင်မပြေပါဘူး)
Headphone jack ကိုလဲ ပါလာတဲ့ earphone or headphone တပ်ပြီး video တစ်ခုဖွင့်၍ အသံစမ်းကြည့်ပါ (headphone ဆိုရင်တော့ mice ပါစမ်းလို့ ရပါတယ်)
6️⃣ DVD drive
- DVD drive ကို ပါလာတဲ့ DVD ထည့်ပြီး အထဲက video ကိုဖွင့်ကြည့်ပါ၊ Laptop ထဲသို့ video file ကို copy ကူးကြည့်ပါ (Laptop အမြင့် တွေမှာတော့ DVD drive မပါတော့ပါဘူး)
7️⃣ Windows
- Windows ကို license ရှိမရှိ စစ်ဖို့လိုပါတယ်
8️⃣ Softwares and Games
- မိမိလိုအပ်တဲ့ software or game နှင့် basic software များကို ရှိမရှိစစ်ပါ မရှိရင် တခါတည်း install လုပ်ပေးဖို့ တောင်းဆိုပါ (second laptop အရောင်းဆိုင်များ အတွက်သာ)
မိမိ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ software or game များကို ကောင်းကောင်းသုံးလို့ ရမရ သေချာအောင် run ကြည့်ပါ
9️⃣ Battery
- Laptop battery ကောင်းမကောင်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့ Laptop တစ်လုံးကို စတင် မစမ်းသပ်ခင်ကတည်းက အားအပြည့် (သို့) အပြည့်နီးပါး သွင်း၍ အားသွင်းကြိုး ဖြုတ်ထားပြီး မှ စတင်စမ်းသပ် သင့်ပါတယ် ဒါမှသာ စမ်းသပ်တဲ့ ကြာချိန်နဲ့ ကုန်သွားတဲ့ အားရာခိုင်နှုန်း ယှဥ်ကြည့်ပြီး battery ကောင်းမကောင်း သိနိုင်မှာဖြစ်ပါတယ်
🙏🙏🙏 ရွှင်လန်း ချမ်းမြေ့ပါစေ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon