KaungMyat Computer Training School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KaungMyat Computer Training School, Education, Yangon.
22.2.2026(Sun) ..50%OFF
(8:00)AM to (8:00)PM
11/02/2026
Financial Management ဆိုတာဘာလဲ???
• လုပ်ငန်းတိုင်း အောင်မြင်ရန်အတွက် ကောင်းမွန်သော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု (Financial Management) သည် အသက်တမျှ အရေးကြီးပါတယ်။ Financial Management ကို လျှစ်လျှူရှုထားလျှင် လုပ်ငန်းစတင်ကတည်းက ကျရှုံးဖို့ရန် ဦးတည်နေသလို ဖြစ်နေတတ်ပါတယ်။
• လုပ်ငန်းပိုင်ရှင်တိုင်း၊ Business Manager တိုင်းအတွက် Financial Management ဟာ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပါတယ်။
• အကြောင်းကတော့ သူတို့အနေနဲ့စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းဟာ လုပ်ငန်း၏အမြတ်ရမှု (Profit)၊ ငွေသားစီးဆင်းမှု (Cash Flow) နှင့် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေ (Financial Condition) အပေါ်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ဆပ်စပ်နေလို့ပဲဖြစ်ပါတယ်။
• လုပ်ငန်းတစ်ခု၏ အစိတ်အပိုင်း အကုန်လုံးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်မှု အပေါ်မှာ သက်ရောက်မှုရှိတဲ့အတွက် လုပ်ငန်းပိုင်ရှင်များအနေဖြင့် ပုံမှန်အကဲဖြတ်ခြင်း၊ ထိန်းချုပ်ကွပ်ကဲခြင်းများ ကို လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
• ဥပမာအားဖြင့် UK နိုင်ငံမှာဆိုရင် နှစ်စဉ်နှစ်တိုင်း လုပ်ငန်းသစ်ပေါင်း ၄၀၀,၀၀၀ လောက် စတင်ထူထောင်ကြရာမှာ သုံးနှစ်အတွင်း သုံးပုံတစ်ပုံသော လုပ်ငန်းများ ရပ်ဆဲလိုက်ရသည်ဟု သုတေသန လုပ်ငန်များက ပြောကြတယ်။
• အခုလိုရပ်ဆဲလိုက်ရတဲ့ လုပ်ငန်းများဟာ Customer မရှာနိုင်ခြင်း၊ Product ရောင်းမထွက်ခြင်းတို့ကြောင့် မဟုတ်ပဲ Cashflow Management အားနည်းခြင်းကြောင့်ဖြစ်တယ်လို့လေ့လာတွေ့ရှိရတယ် လို့ဆိုထားကြပါတယ်။
• ဘဏ္ဍာရေးနှင့် ပတ်သက်တဲ့ ဆုံးဖြတ်ချက်များသည် လုပ်ငန်းကြီးသည်ဖြစ်စေ၊ လုပ်ငန်းငယ်သည်ဖြစ်စေ၊ လုပ်ငန်းသက်တမ်းနုသည်ဖြစ်စေ ၊သက်တမ်းကြာနေပြီ ဖြစ်စေ Industry မျိုးစုံမှာရှိသော ကုမ္ပဏီများအတွက် အခက်အခဲဆုံးနှင့် အရေးကြီးဆုံးအပိုင်း ဖြစ်လာပါတယ်။
• မှန်ကန်သော Financial Management နည်းစနစ်များချမှတ်မှု၊ ကောင်းမွန် သော ဘဏ္ဍာရေးဆိုင်ရာ Knowledge များအား ထိရောက်စွာ အသုံးချနိုင်မှု၊ သေချာသော ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များအား အချိန်မီချနိုင်မှုများဟာ...
လုပ်ငန်းရှင်တိုင်း၊ မန်နေဂျာတိုင်း Financial Management နဲ့ ပတ်သက်ပြီး မဖြစ်မနေချမှတ်ရတဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် (၃) ခုကတော့
၁. ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက် (Investment Decision)။။ ပုံသည်ရေရှည်ပိုင်ဆိုင်မှု (Fixed Assets) တွေမှာ ရင်းနှီးမြုပ်နှံရတာမျိုး (တနည်းအားဖြင့် ငွေလုံးငွေရင်းအသုံးစရတ်တွေကို ခန့်မှန်းတွက်ချက်ခြင်း (Capital Budgeting) လို့ပြောလိုလည်းခေါ်ကြပါတယ်။ ဒါ့အပြင် ရေတိုပိုင်ဆိုင်မှုနဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ လုပ်ငန်းလည်ပတ်မှု (Operation) အတွက် နေစဉ်လည်ပတ်ငွေ (Working Capital) မှာ ရင်းနှီးမြုပ်နှံမှု တို့ပါပါတယ်။
၂. ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက် (Financial Decision)။။ အရင်းအမြစ်မျိုးစုံကနေ အရင်းအနှီးတိုးမြင့် ရှာဖွေတာမျိုးအတွက် ဖြစ်နိုင်ခြေရှိတဲ့ အရင်းအမြစ်မျိုးစုံကို ရှာဖွေရမယ်။ ဥပမာ ချေးငွေယူမယ်ဆိုင်ရင် ငွေချေးသက်တမ်း၊ အတိုးနုန်းထား၊ ပြန်လည်ပေးဆပ်မည့် အချိန်နဲ့ အစီအစဉ်၊ ချေးငွေဖြင့် အလုပ်လုပ်ပြီး ပြန်ရနိုင်ခြေ အကျိုးအမြတ် စသည်ဖြင့် ဆုံးဖြတ်ချက် အများကြီးချရမှာပါ။
၃. အရုံးအမြတ်ခွဲဝယ်ပေးမယ့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် (Dividend Policy Decision)။။ တကယ်လို့ မိမိလုပ်ငန်မှာ တစ်ခြားသူတွေကို ရှယ်ယာရောင်းထားပြီး အရင်အနှီးရှာထားတယ်ဆိုရင် အမြတ်ဝေစု (Dividend) ဘယ်လိုခွဲပေးမလဲ။ လုပ်ငန်းထဲမှာ ဘယ်ရွေ့ဘယ်မျှ ပြန်ထိမ်းထားမလဲ (Retained Earning) ဖယ်ထားခြင်းတွေ ဆုံးဖြတ်ချက် အများကြီးချရမှာပါ။
ဒါတွေအပြင် အောက်မှာ ဖော်ပြထားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုပ်ငန်းရှင်တိုင်း၊ မန်နေဂျာတိုင်း အမြဲချမှတ်ကြရမှာပါ…
လုပ်ငန်းတစ်ခု၏ ပုံမှန်လည်ပတ်မှု (Normal Operation) ၊
လုပ်ငန်းလည်ပတ်မှု အကြောင်းဆိုင်ရာ အစီရင်ခံစာများ (Reporting on Business Operation) ၊
အရင်းအနှီးငွေတိုးမြှင့် ရှာဖွေမှု (Raising of Debt and Equity)၊
အမြတ်အစွန်းရမှု အားခွဲဝေသုံးစွဲမှု (Allocation of Profit)၊
မတည်ငွေများအား ရင်းနှီးမြှပ်နှံမှု (Investing the Capital)၊
လုပ်ငန်းချဲ့ထွင်မှု (Business Expansion)၊
ငွေရေးကြေးရေး ထိန်းချုပ်မှု (Financial Control)၊
လိုအပ်သော ရင်းနှီးငွေအားတွက်ချက်ခြင်း (Calculating the Capital Required)၊
ရသုံးမှန်းချေတွက်ချက်မှု (Budgeting)၊
အနာဂတ်အတွက် အစီအစဉ်ရေးှဆွဲမှု (Business Plan)
အစရှိသော ကဏ္ဍပေါင်းစုံအတွက် အရေးကြီးသည်ဖြစ်ရာ...
• လုပ်ငန်းရှင်တိုင်း၊ Business Manager တိုင်းအတွက် Financial Management နှင့် ပတ်သက်သော ကောင်းမွန်သာလွန်သည့် ဗဟုသုတများစွာ လိုအပ်လာပြီဖြစ်ပါတယ်။
Click here to claim your Sponsored Listing.