Zin-Legal Notes
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin-Legal Notes, Lawyer & Law Firm, Yangon.
30/11/2024
ရာဇသတ်ကြီးပုဒ်မ၃၁၂
ကိုယ်ဝန်ပျက်စေခြင်း
****************************
- မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းကလေး၏ အသက်ကို ကာကွယ်လိုသောသဘောရိုးဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ပျက်စေရန်ပြုလုပ်လျှင် ထိုသူအား
၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်။
- လှုပ်ရှားသောကိုယ်ဝန်ဖြစ်ပါက ထိုသူကို
(၇)နစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
- ကိုယ်ဝန်ဆောင်မိန်းကလေးက မိမိကိုယ်ဝန်ကိုဖျက်ချလျှင်လည်း ဤပုဒ်မပါ
အဓိပ္ပါယ်တွင် အကျုံးဝင်သည်။
- ရဲအရေးမပိုင်၊ဦးစွာဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်၊အာမခံပေးရမည်၊ကျေအေးခွင့်မရှိ၊ခရိုင်တရားရုံးက စစ်ဆေးစီရင်နိုင်သည်။
1.12.2024(1:30AM)
#ဇင်သူဇာကျော်
#အထက်တန်းရှေ့နေ
"အမွေခွဲပေးဖို့ အရေးကြီးပုံ"
(မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး ကျန်ရစ်သော အမွေပုံပစ္စည်းအား တရားရုံးတော်မှ စီမံခန့် ခွဲပေးစေလိုမှု)
#၁။ အမွေဆက်ခံရေးသဘောတရား
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ၌ လူတစ်ယောက်သေဆုံးလျှင် မည်သူ အမွေခံဖြစ်သည်၊ မည်သည့်အစီစဉ်နှင့် မည်မျှ အမွေဝေစုရမည် စသည်ဖြင့် အတိအကျ သတ်မှက်ခြင်း ဖြစ်သည်။
#၂။ စွဲဆိုရမည့်အမှုအမျိုးအစား
မြန်မာဗုဒဘာသာ အမွေစားအမွေခံတို့ အကြား ပစ္စည်းခွဲဝေ၍ လက်ရောက်အပ်ပေးစေလိုမှု မစွဲဆိုနိုင်၊ အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ မိမိအစုကို ရလိုပါက အမွေပုံပစ္စည်းကို တရားရုံးမှ စီမံခန့် ခွဲပေး စေလိုမှု စွဲဆိုရမည်။ (၁၉၅၇ မတစ ၅ (လွှတ်တော်) ဒေါ်ဒေါ်ရှင် ပါ ၃ နှင့် ဦးအောင်ဖေ ပါ-၃ )
တနည်းဆိုသော် အမွေဆိုင်တစ်ဦးသည် အမွေဆိုင်ပစ္စည်းကို အခြားအမွေဆိုင်တစ်ဦးထံမှ လက်ရောက်ရလိုမှု စွဲဆိုခွင့်မရှိ၊ အမွေ ပုံကို စီမံခန့် ခွဲပေးစေလိုမှုသာ စွဲဆိုနိုင်သည်၊ (၁၉၈၁ခုနှစ် တရားမပြင်ဆင်မှုအမှတ် ၉ ဒေါက်တာမျိုးဇော် နှင့် ဒေါက်တာမျိုးသန်း) ၊
မြန်မာဗုဒ္ဓဘာသာ အမွေခံတစ်ဦးသည် ခွဲဝေပေးစေလိုမှု မစွဲဆိုနိုင်၊အမွေခွဲဝေပေးစေလိုမှု (ဆိုလိုသည်မှာ အမွေပုံကို စီမံခန့် ခွဲပေးစေလိုမှု)စွဲဆိုရမည်။(ရန်ကုန်အတွဲ ၅ စာ ၇၈၅ မောင်ဘတူ နှင့် မသက် စု ပါ ၄ ) ၊
မိဘများက ကျန်ရစ်သည့်အမွေပစ္စည်းမှာ မောင်နှမများပိုင်ဖြစ်ကြောင်း မြွက်ဟကြေငြာပေးရန် စွဲဆိုခွင့်မရှိ၊ တရားရုံးက အမွေခွဲ၍ စီမံခန့် ခွဲပေးရန် အမှုမျိုးသာ စွဲဆိုခွင့်ရှိသည်၊ (၁၉၇၈ ခုနှစ် တရားမဒုတိယအယူခံမှုအ မှတ် ၂၁ ဒေါ်နှင်းအေး နှင့်ဒေါ်ခင်စိန် ပါ ၄ )
#၃။ မိသားစုစီမံမှု
အမွေရှင်များ မသေမီ အမွေစား အမွေခံများကို ခေါ်ယူ၍ အချင်းချင်းသဘောတူညီမှုဖြင့် အမွေခွဲဝေကြခြင်းဖြစ်သည်။ နှုပ်ဖြင့် ခွဲဝေနိူင်သည်။ ခွဲဝေမှုကို စာဖြင့်ရေးသားပြီး မရွှေ့ပြောင်းနိူင်သော ပစ္စည်းဖြစ်က မှတ်ပုံတင်ရန် လိုသည်။
#၄။ သေတမ်းစာ
ပစ္စည်းရှင် သေဆုံးသည့်အခါ ၄င်း၏ပစ္စည်းများကို မည်သို့မည်ပုံ စီမံခန့်ခွဲလိုကြောင်း တရားဝင် ကြေညာချက်ဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာများသည် သေတမ်းစာရေးခွင့်မရှိ။
#၅။ ရုံးခွန် နှင့် အမှုတန်ဖိုး
တရားလို အမှုတန်ဖိုးကို မိမိသဘောအတိုင်း ကြိုက်နှစ်သက်သလို သက်မှက်နိူင်သည်။ အမှုတန်ဖိုးမှာ တရားလို၏ ဝေစုတန်ဖိုး ဖြစ်ရမည်။ ရုံးခွန်ကိုလဲ မိမိတောင်းခံသော အမွေဝေစုအပေါ် ထမ်းဆောင်ရမည်။
#၆။ ရုံးခွန်
တရားလိုတောင်းဆိုသော အစုတန်ဘိုးပေါ်တွင် ရုံးခွန်ထမ်းဆောင်ရမည်၊ အမွေပုံပစ္စည်း၏တန်ဘိုးအပေါ် ရုံးခွန်ထမ်းဆောင်ရန်မဟုတ်၊(ရန်ကုန်စီရင်ထုံးအတွဲ ၇ ၊ စာ ၁၆၄ မဖါတီမာ နှင့် အခြားသူများနှင့် မိုမင်ဘီဘီ နှင့် အခြားသူများ၊) ၊
တရားလိုသည် မိမိတောင်းဆိုသောသက်သာခွင့်အပေါ် မိမိကြိုက်နှစ်သက်သလို တန်ဖိုးသတ် မှတ်ခွင့်ရှိသည်၊ရုံးခွန်ကို လျော့ပေါ့၍ ထမ်းဆောင်ထားကြောင်းတွေ့ ရှိရလျင် တရားရုံးက လိုနေသောရုံးခွန်ကို ရုံးခွန်အက်ဥပဒေပုဒ်မ ၁၁ အရ တောင်းခံရန်ဖြစ်သည်၊ အကယ်၍ တရားလိုသည် တရားပြိုင်ရရှိမည့်အခွင့် အရေးကို ဆုံးရှုံးစေရန် အကြံဖြင့်ဖြစ်စေ၊ တရားဥပဒေယန္တရားကို အလွဲသုံးခြင်းဖြင့် မလျော်သော အခွင့်အရေးရရှိစေ ရန်ဖြစ်စေ၊အမှုကို တရားရုံးတစ်ရုံးရုံးတွင် စွဲဆိုထားပါက နစ်နာသောအမှုသည်သည် တရားမကျင့်ထုံးဥပဒေပုဒ် မ ၂၄ အရ ရုံးပြောင်းလျောက်ထားခွင့်ရှိသည်၊(၁၉၄၁ ရန်ကုန် ၅၁၂ စုံညီ မောင်ရ နှင့် မောင်လူကျော် )၊
#၇။ အမှုတန်ဘိုး၊
အမှုတန်ဘိုးသည် ရုံးခွန်အလို့ ငှာသတ်မှတ်ထားသည့် တန်ဘိုးနှင့်အတူတူဖြစ်သည်၊ (၁၉၄၁ ရန်ကုန် ၅၁၂ စုံညီ မောင်ရ နှင့် မောင်လူကျော်)
#၈။ အခြေခံ ဥပဒေမှု (၂) ရပ်
၁။ အမွေသည် အောက်သို့ စုန်နိူင်လျှင် အထက်သို့ မဆန်ရ။
၂။ မျိုးဆက်နီးသူက ဝေးသူအား အမွေခွဲဝေပေးခြင်းမှ ထုပ်ပယ်နိူင်သည်။
#၉။ အမွေဆက်ခံရမည့် အစီအစဉ်
၁။ သားသမီးများ
၂။ မြေးများ
၃။ မြစ်များ
၄။ ညီအကို မောင်နှမများ
၅။ မိဘများ
၆။ ဘိုးဘွားများ
၇။ တူ၊ တူမများ
၈။ ဦးကြီး၊ ဦးလေး နှင့် မိထွေးများ
၉။ တူ၊ တူမများ၏ သားသမီးများ
၁၀။ တစ်ဝမ်းကွဲ ညီအကို မောင်နှမများ
၁၁။ တူ၊ တူမများ၏ မြေးများ
၁၂။ တစ်ဝမ်းကွဲ ညီအကို မောင်နှမများ၏ သားသမီးများ
၁၃။ တစ်ဝမ်းကွဲ ညီအကို မောင်နှမများ၏ မြေးများ
#၁၀။ မွေဆက်ခံခွင့် မရှိသူများ
၁။ တရားဝင်သားသမီးရှိလျင် တရားမ၀င်သော သားသမီးသည် အမွေ ဆက်ခံခွင့် မရှိ။
၂။ လင်မယားကွာရှင်းပြီးနောက် ဖခင်နှင့်အတူ လိုက်နေသော သားသမီးသည် မိခင်အမွေကို ဆက်ခံခွင့် မရှိ၊ ထိုအတူ မိခင်နှင့်အတူ လိုက်နေသော သားသမီးသည် ဖခင်အမွေကို ဆက်ခံခွင့် မရှိ၊ သို့ရာတွင် မိဘအပေါ် ၀တ္တရားကျေပြွန်လျှင် မိဘအမွေကို ဆက်ခံနိူင်သည်။
၃။ မိဘအပေါ် ၀တ္တရားမကျေပြွန်ဘဲ မဖွယ်မရာ ပြုလုပ်သော သားသမီး (သွာနုတ္တ) သားသမီးသည် မိဘအမွေကို ဆက်ခံခွင့် မရှိ။
၄။ မွေးစားသားသမီးသည် မိဘရင်းထံမှ အမွေဆက်ခံခွင့် မရှိ။
၅။ ရဟန်းတော်များသည် အမွေဆက်ခံခွင့်မရှိ။
#၁၁။ အမွေမှုတွင် ပါဝင်ရမည့်သူများ
၁။ ကွယ်လွန်သူအမွေရှင်ထံမှ ကြွေးရရန်ရှိသူ။
၂။ ကွယ်လွန်သူ အမွေစားအမွေခံ။
၃။ အမွေထိန်း (သို့) အမွေပစ္စည်း စီမံခန့်ခွဲသူ။
#၁၂။ အမှုသည်များ
သေဆုံးသူအမွေရှင်၏ သားချင်းအားလုံးတို့ အား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရသည်၊သားချင်းဆို သည်မှာ အမွေစားအမွေခံများကို ဆိုလိုသည်။(၁၉၆၆မတစ ၈၉၃(၈၉၆) ဒေါ်အုန်းရင် နှင့်ဒေါ်ငွေချီ )
အမွေစား အမွေခံမဟုတ်သူကို အမှုသည်အဖြစ် မထည့်ရ၊ (၁၉၅၃ မတစ၅၉ (လွှတ်တော်) မလှမြင့် ပါ ၅ နှင့် မစိန်မြိုင် ပါ ၃ )၊
အမွေပုံပစ္စည်းသည် အမွေစားအမွေခံမဟုတ်သူလက်ဝယ် ရောက်ရှိနေစေကာမူ ၄င်းအားအမှုသည်အဖြစ် မထည့်ရ၊ပစ္စည်းလက်ရောက်ရလိုမှုဖြင့် သီးခြားတစ်ထုံး စွဲဆိုရန်ဖြစ်သည်၊တစိမ်းပုဂ္ဂိုလ်ကို အမှုတွင် ထည့်သွင်း စွဲဆိုထားကြောင်းတွေ့ ရှိပါက ၄င်းအား အမှုမှ ပယ်ဖျက်ပစ်ရန်ဖြစ်သည်၊(၁၉၅၁ မတစ ၄၁၀ (လွှတ်တော်) မောင်သိန်း နှင့် ဒေါ်ထွေး နှင့် အခြားသူများ )၊
သို့ သော် အမွေပုံပစ္စည်းအားလုံးမှာ သူစိမ်းလက်ထဲသို့ ရောက်နေ လျင် ၄င်းအား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုနိုင်သည်၊(၁၉၆၆ မတစ ၁၅၈၈ ဦးမောင်ညို နှင့် အဘူး)
အမှု၌ အမွေပုံတွင် အကျိုးသက်ဆိုင်သူ အားလုံးပါဝင်ရမည်။ (၁၉၆၆ မတစ ၈၉၃(၈၉၆) ဒေါ်အုန်းရင် နှင့် ဒေါ်ငွေချီ ၊ ၁၉၇၄ မတစ ၁ ဦးကျော်ရှိန် ပါ ၂ နှင့် ဒေါ်ပု ပါ ၃ )၊
အမွေစားအမွေခံ စုံလင်အောင်ပါဝင်ခြင်းမရှိသည့် အမှုမျိုးတွင် အမွေပစ္စည်းကို ရုံးမှ စီမံခန့် ခွဲရန် ဒီကရီမချနိုင်ပေ၊ (အောက်မြန်မာ အတွဲ ၂ စာ ၈၅ ၊ မသက် နှင့် မစန်းအုန်း ၊ ၁၉၈၀ ပြည့်နှစ် တရားမပထမအယူခံမှုအမှတ် ၃၀ (မန္တလေး) ဒေါ်မိုး ပါ ၃ နှင့် ဒေါ်ပု) ၊
သို့ ဖြစ်ရာ အမွေစားအမွေခံ အစုံအလင်မပါဝင်သော အမှုကို ပလပ်ရန်သာဖြစ်သည်။(၁၉၈၀ ပြည့်နှစ် တရားမဒုတိယအ ယူခံမှုအမှတ် ၁၂၆ (မန္တလေး)၊ဒေါ်ရှင် နှင့် ဒေါ်အေးကြည် ပါ ၈ ၊ ရန်ကုန်အတွဲ ၅ စာ ၁၅၉ မောင်တင် နှင့် မောင်ဖိုးထူး၊)
တရားလိုနှင့်တရားပြိုင်တို့ သည် အမွေဆိုင်များဖြစ်ကြောင်း အငြင်းပွားမှုမရှိသည့် အမှုတွင် အခြားသူတစ် ဦးက သေဆုံးသူ၏ တစ်ဦးတည်းသောအမွေစားအမွေခံဖြစ်သည်ဟု ဆိုကာအမှုတွင် တရားပြိုင်အဖြစ် ထည့် သွင်းပေးရန်လျောက်ထားသည်၊အကယ်၍ ထိုသူအဆိုရှိသည့်အတိုင်း ထင်ရှားခဲ့လျင် အမှုကို ပလပ်ရန်ဖြစ် သည်၊တရားလွှတ်တော်က ” အမှုသစ်ပွားများခြင်းကို ကာကွယ်ရန်အတွက် ထိုသူအား တရားပြိုင်အဖြစ် ထည့် သွင်းနိုင်ကြောင်း ထို့ အပြင် ထိုသူ၏အခွင့်အရေးကို အခိုင်အမာပြဆိုရန်အတွက် သူ့ အား သီးခြားတရားတစ် ထုံးစွဲဆိုရန် မလိုကြောင်း ဆုံးဖြတ်သည်” (ရန်ကုန်အတွဲ ၅ စာ ၁၅၉ ၊မောင်တင် နှင့် မောင်ဖိုးထူး၊)
#၁၃။ ကျန်ရစ်သူ မိဘ တစ်ပါးပါးနှင့် သားသမီးများ အမွေခွဲဝေခြင်း
၁။ အဖေသေလျှင် သြရသ သားသည် ၄င်း၊ အမေသေလျှင် သြရသ သမီးသည် ၄င်း၊ အမွေကို ၄ပုံ ၁ပုံ ရခွင့်ရှိသည်။
၂။ မိဘ တစ်ပါးပါး ကွယ်လွန်သောအခါ သြရသ သားသမီးသည် မိမိဆန္ဒအရ မတောင်းခံပါက ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်အချိန်တွင် မိဘ၏ အမွေကို ၄ပုံ ၁ပုံ ရခွင့်ရှိသည်။
၃။ မိဘ နှစ်ပါးအနက် တစ်ဦးဦး သေသောအခါ အမွေရထိုက်သည့် သားသမီးမှ အပ ကျန်သားသမီးများသည် ကျန်ရစ်သူ မိဘထံမှ အမွေရခွင့် မရှိ။ သို့သော် ကျန်မိဘ နောက်အိမ်ထောင်ပြုသည့်အချိန်တွင် အမွေခွဲဝေပေးခဲ့ခြင်းမရှိပါက အမွေခွဲပေးရန် တောင်းဆိုနိူင်သည်။
#၁၄။ အမွေနှင့် ကာလစည်းကမ်းသက်
၁။ အမွေပုံပစ္စည်းသည် မရွှေ့မပြောင်းနိူင်သော ပစ္စည်းဖြစ်လျှင် ၁၂ နှစ်တွင်း တရားစွဲရမည်။
၂။ အမွေပုံပစ္စည်းသည် ရွှေ့ ပြာင်းနိူင်သော ပစ္စည်းဖြစ်က ၆ နှစ်တွင်း တရားစွဲရမည်။
ဖခင်ကွယ်လွန်သောအခါ သြရသသသားသည် မိမိအစုကို ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမ ဇယားအမှတ်စဉ် ၁၂၃ တွင် သတ်မှတ်ထားသည့်ကာလအတွင်း တောင်းဆိုနိုင်သည် ဟု (ထွန်းသာ နှင့် မသစ် အောက်မြန်မာအတွဲ ၉ စာ ၅၆ (ပီစီ)) အမှုတွင် စီရင်ထုံးဖွဲ့ ထားသည်။
ထိုနည်းတူ ကျန်ရစ်သူမိဘနောက်ထပ် အိမ်ထောင်ပြုသည်ကို အကြောင်းပြုပြီး သားသမီးများက ထိုမိဘထံမှ အမွေတောင်းသော အမှုမှာလည်း အဆို ပါစည်းကမ်းသတ်ကာလနှင့် သက်ဆိုင်သည်၊(၁၉၃၉ ရန်ကုန် ၂၁၇ ဦးတောက်တာ နှင့် မအုန်းရင် ၊ )
သြရသအစုကို ရခွင့်နှင့် ကျန်ရစ်သူမိဘ နောက်ထပ်အိမ်ထောင်ပြုသည့်အခါ သားသမီးများရခွင့်တို့ သည် ၁၂ နှစ်ကုန်တွင် (ဆိုင်ရာမိဘသေဆုံးချိန်နှင့်ကျန်ရစ်သူမိဘနောက်ထပ်အိမ်ထောင်ပြုသည့်အချိန်မှစ၍ အသီးသီးရေတွက်ရန်ဖြစ်သည်၊) ဆိတ်သုန်းသွားသည်၊ ရန်ကုန်အတွဲ ၅ စာ ၁၂၅ ၊ မောင်ကျော်ဇနှင့်ဦးဒေဘီ ၊ ထွန်းသာ စီရင်ထုံးကို ပရီဗွီကောင်စီကပင် ဂူလမ်မိုဟာမက် နှင့် ဂူလမ်ဟူစိန် နှင့် အခြားသူများ (အေအိုင် အာ ၁၉၃၂ ပီစီ ၈၁ ) အမှုတွင် ပြန်လည်သုံးသပ်၍ မဟာမေဒင်ဥပဒေနှင့် သက်ဆိုင်သည့်အမွေဆိုင်တစ်ဦး သည် ကျန်အမွေဆိုင်ထံမှ အမွေစုရလို၍ စွဲဆိုသောအမွေပုံကို စီမံခန့် ခွဲပေးစေလိုမှုမှာ ကာလစည်းကမ်းသတ် အက်ဥပဒေပထမဇယားအမှတ်စဉ် ၁၂၃ တွင် အကျုံးမ၀င်ကြောင်း စီရင်ထုံးဖွဲ့ သည်။ ဂူလမ်မိုဟာမက် စီရင်ထုံး ကို မဖွားသင် နှင့် ဦးညို (ရန်ကုန်အတွဲ ၁၂ စာ ၄၀၉) တွင် ကိုးကား၍ ”အမှတ်စဉ် ၁၂၃ မှာ အမွေထိန်း သို့ မ ဟုတ် အမွေပုံကို ခွဲဝေပေးရန် ဥပဒေအရ တာဝန်ပေးခြင်းခံရသူအပေါ် တရားစွဲဆိုသည့်အမှုသာ အကျုံးဝင်ပြီး၊ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆိုင်များထံမှ အမွေရရှိရန် စွဲဆိုသည့်အမှုနှင့်သက်ဆိုင်ခြင်းမရှိ ” ဟု ထုံးဖွဲ့ သည်၊ မဖွားသင်အမှုမှာ သားသမီးများက ကျန်ရစ်သူမိဘအပေါ် အမွေရလိုကြောင်း စွဲဆိုသောအမှုမျိုး မဟုတ်သဖြင့် ယင်းစီရင်ထုံးမှာ ဟု (ထွန်းသာ နှင့် မသစ် အောက်မြန်မာအတွဲ ၉ စာ ၅၆ (ပီစီ)) စီရင်ထုံးနှင့် ကွဲလွဲဆန့် ကျင်သည်ဟု မဆိုနိုင်ချေ၊
ဒေါ်ထယ်ရင် နှင့် ဒေါ်ခွေး (ခ) ဒေါ်ငွေရင် ပါ-၇ (၁၉၇၁ ခုနှစ် တရားမပထမအယူခံမှုအမှတ် ၄၃ ) အမှုတွင် ရရှိသည်၊ကိုချစ်တင်မှာ သြရသသားဖြစ်၍ ဒေါ်ထယ်ရင် နှင့် အကြောင်းပါသည်၊ ၁၉၄၇ ခုနှစ်တွင် ဒေါ်ကြေးမုံ အမွေရှင်သည် ဦးရွှေကျေးဖြစ်သည်၊ ဦးရွှေကြေးသည် ဇနီးဒေါ်ကြေးမုံနှင့် သားကိုချစ်တင် နှင့် သမီး ၅ ယောက် ကွယ်လွန်ပြီးနောက် ၁၉၄၈ ခုနှစ် ဦးရွှေကြေးသည် ဒေါ်ခွေးနှင့်နောက်အိမ်ထောင်ပြုသည်၊ ဦးရွှေကြေးနောက် အိမ်ထောင်ပြုပြီးနောက် သြရသသားကိုချစ်တင်ကသော်၎င်း၊ကနိဌ သမီးများကသော်၎င်း၊ ဖခင်ထံမှအမွေခွဲဝေ ပေးရန်တောင်းဆိုခြင်း မပြုခဲ့ကြချေ၊၈-၇-၅၈ နေ့ ၌ ကိုချစ်တင်ကွယ်လွန်သောအခါ အမွေစားအမွေခံအဖြစ် ဇနီး ဒေါ်ထယ်ရင် ကျန်ရစ်သည်၊၂-၁၀-၅၈ နေ့ တွင် ဦးရွှေကြေးက ဆန်စက်တစ်စက်တွင် သူ၏ပိုင်ဆိုင်ခွင့်ကို သမီး များအား မှတ်ပုံတင်စာချုပ်ဖြင့် လွှဲပြောင်းပေးလိုက်သည်။ ၆-၁၁-၆၃ နေ့ ၌ ဦးရွှေကြေးအနိစ္စရောက်သဖြင့် ဒေါ် ထယ်ရင်က ဦးရွှေကြေး၏သြရသသား ကိုချစ်တင်၏ရပိုင်ခွင့်ကို အမွေဆက်ခံသူအဖြစ်ဖြင့် ဦးရွှေကြေး၏အမွေ ကို စီမံခန့် ခွဲပေးရန် ဦးရွှေကြေး၏ဒုတိယဇနီး ဒေါ်ခွေး၊ခယ်မ ဒေါ်အေးမယ်နှင့်သမီးများအပေါ် ၂၂-၁၂-၆၄ နေ့ တွင် တရားစွဲဆိုသည်၊ မူလရုံးက စည်းကမ်းသတ်ကာလကို အမှတ်စဉ် ၁၂၃ အရ ရေတွက်ရန်ဖြစ်သည်။ထိုအ မှတ်စဉ်အရ အမွေတောင်းဆိုသူသည် အမွေပစ္စည်း၏ဝေစုကို ရသင့်ရထိုက်သည့်အချိန်မှ ၁၂ နှစ်အတွင်း တောင်းဆိုရန်လိုသည်၊သြရသသား ကိုချစ်တင်သည် ဖခင်ဦးရွှေကြေးနောက်ထပ် အိမ်ထောင်ပြုသည့် ၁၉၄၈ ခုနှစ်တွင် အမွေဝေစုတောင်းဆိုရန် အခွင့်အရေးရှိခဲ့ရာ ထိုသို့ ရရှိသည့်အချိန်မှ (၁၂) နှစ်အတွင်း တောင်းဆို ခြင်းမပြုခဲ့သဖြင့် စည်းကမ်းသတ်အချိန်ကျော်လွန်နေပြီဟု ဆုံးဖြတ်သည်၊
#၁၅။ တရားလိုကုန်ကျစရိတ်များ
တရားရုံးက ကုန်ကျစရိတ်များကို အမွေပုံမှ ကျခံရန်ဖြစ်သည်၊
#၁၆။ အခြားအမွေဆိုင်အတွက် အမွေခွဲဝေပေးခြင်း၊
တရားပြိုင်ထဲမှ အမွေဆိုင်တစ်ဦးဦးသည် မိမိရသင့်သောအစုကို ရလိုလျင် ရုံးခွန်ထမ်းဆောင်ရမည်။၁၉၃၉ ရန်ကုန် ၁၃၄ ၊ ဦးဖိုးမြ နှင့် ဘုန်းတော်ကြီး ရီရီအိုဖရက်
Credit to original uploder
လင်နှင့်မယားကြားကပြစ်မှုဆိုင်ရာဥပဒေများ1)လက်မထပ်မီနှင့်2)လက်ထပ်ပြီးနှစ်ပိုင်းခွဲဖော်ပြပါမည်1)(1) #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ417-မည်သူမဆိုလိမ်လည်မှုကျုးလွန်လျှင်ထိုသူအားသုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်(ပစ္စည်းကိုယ်စိတ်ဂုဏ်သရေတစ်ခုခုပျက်စီးနစ်နာစေအန္တရာယ်ဖြစ်စေသောလိမ်လည်မှု)-စီရင်ထုံးဒေါ်ဟောက်ခန့်ကြောင်နှင့်ဦးနိန်ခိုရှန်1988မတစ53၌မိန်းကလေးအားလိမ်လည်လှည့်ဖြားပေါင်းသင်း၍ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ417အရတရားစွဲဆိုရာပြစ်ဒဏ်စီရင်ခံရပြီးသော်လည်းမွေးဖွားလာသောကလေးသည်ထိုသူနှင့်ရရှိလာသောကလေးဖြစ်ကြောင်းတရားလိုဘက်မှအခိုင်အမာတရားရုံးကိုတင်ပြနိုင်လျှင်ကလေးစရိတ်ရသင့်သည် #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ363မည်သူမဆိုတစ်ဦးတစ်ယောက်သောသူအားပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေဥပဒေနှင့်အညီအုပ်ထိန်းသူထံမှဖြစ်စေခိုးယူလျှင်ထိုသူကို7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်-ကျင့်ထုံးဥပေဒအရ ရဲအရေးပိုင်သည် ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိပါ-စီရင်ထုံးမောင်ခင်ဆက်နှင့်(1)ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(2)ဦးလှမောင်1981မတစ4၌ အသက်(16)နှစ်အောက်မိန်းကလေးအား၎င်း၏သဘောတူညီချက်ဖြင့်ခိုးယူစေကာမူအုပ်ထိန်းသူကသဘောမတူလျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ363အရအပြစ်ရှိခြင်း- မိန်းကလေး၏အသက်သည်အချင်းဖြစ်ချိန်က16နှစ်အောက်ဖြစ်ကြောင်းသက်သေပြရန်တာဝန်မှာတရားလိုအပေါ်ကျရောက်ခြင်းဖြစ်သည်ဟု၎င်းလမ်းညွှန်ထုံးဖွဲ့ထားသည်2)လက်ထပ်ပြီး #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ494မည်သူမဆိုအသက်ရှင်သောလင်ဖြစ်စေမယားဖြစ်စေရှိသည်ဖြစ်၍နောက်ထပ်ထိမ်းမြားရာတွင်ထိုလင်ဖြစ်စေထိုမယားဖြစ်စေအသက်ရှင်လျှက်ရှိခြင်းကြောင့်ထိမ်းမြားခြင်းသည်အတည်မဖြစ်သောကိစ္စမျိုး၌နောက်ထပ်ထိမ်းမြားလျှင်ထိုသူကိုထောင်7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်-ကျင့်ထုံးဥပဒေမှာရဲအရေးမပိုင် ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်တရားရုံးခွင့်ပြုချက်အရကျေအေးနိုင်သည်-စီရင်ထုံး1)အက်စ်ရှမ်နှင့်ပြည်ထောင်စု1957မြန်မာပြည်စီရင်ထုံး55(လွှတ်တော်)2)မအေးစိန်နှင့်မောင်လှမင်းအတွဲ3ရန်ကုန်4553)မခင်ရီနှင့်မောင်ချစ်ပို1966မြန်မာပြည်စီရင်ထုံး376 #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ495မည်သူမဆိုနောက်ထပ်ထိမ်းမြားသည့်သူအားအထက်ထိမ်းမြားခြင်းအကြောင်းကိုထိမ်ချန်၍တဆက်တည်းဖြစ်သောအထက်ပုဒ်မ၌ဖော်ပြထားသည်ကိုကျုးလွန်လျှင်တိုသူကိုထောင်10နှစ်အထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်-ကျင့်ထုံးအရရဲအရေးမပိုင် ကနဦးကပင်ဝရမ်းထုတ်ပေးရမည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိ-စီရင်ထုံး1)စူဘရာမန်နီယန်းနှင့်ဆာကား1958မြန်မာပြည်စီရင်ထုံး541(လွှတ်တော်)2)မောင်ကျော်မြင့်နှင့်ပြည်ထောင်စု1979မြန်မာပြည်စီရင်ထုံး103)ကိုစိုးသိန်းနှင့်ပြည်ထောင်စု1973မြန်မာပြည်စီရင်ထုံး10 #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ496မည်သူမဆိုမရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေလိမ်လည်လှည့်ဖျားလိုသောအကြံဖြင့်ဖြစ်စေတရားဝင်ထိမ်းမြားခြင်းမမြောက်သည်ကိုသိလျက်ထိမ်းမြားခြင်းအခမ်းအနားကိုခံယူလျှင်ထိုသူကို7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်-ကျင့်ထုံးအရရဲအရေးမပိုင်ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိ-စီရင်ထုံးပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်သန်းမြင့်2000ပြည့်နှစ်မြန်မာပြည်စီရင်ထုံးစာ10 #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ497မည်သူမဆိုလင်ရှိမယားဖြစ်ကြောင်းမိမိသိသည်လည်းဖြစ်သော(သို့)ထိုသို့ဖြစ်စေမိမိယုံကြည်ရန်အကြောင်းရှိသည်လည်းဖြစ်သောမိန်းမကိုလင်ဖြစ်သူသဘောမတူဘဲသော်လည်းအလိုတူရာရောက်ခြင်းမရှိဘဲသော်လည်းကောင်းကာမစပ်ယှက်ခြင်းပြုရာ၌မုဒိန်းမှုမမြောက်လျှင်မယားခိုးမှုကျုးလွန်သည်ဖြစ်၍ထိုသူကို5နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်-ထိုအမှုမျိုးတွင်မယားဖြစ်သူကိုအားပေးကူညီသူအဖြစ်ပြစ်ဒဏ်မထိုက်စေရ-ကျင့်ထုံးရဲအရေးမပိုင်ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံမပေးနိုင်ပါကျေအေးခွင့်ရှိသည်-စီရင်ထုံး1)နိုင်ငံတော်နှင့်မောင်အောင်သိန်း1966ရုံးချုပ်စာ-3682)မောင်ထွန်းမြင့်နှင့်နမုင်ငံတော်အမှု1966ရုံးချုပ်စာ-449(454)3)ဦးပဏ္ဍိရွှေနှင့်နိုင်ငံတော်1974-ဗဟိုစာ454)ကပ္ပတိန်အာရ်ဘီဒီဗတ်(စ်)နှင့်မစ္စ်ဆယ်လီနာဒီဗတ်(စ်)1947ရန်ကုန်စာ-292 #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ376မုဒိန်းကျင့်ခံရသောမိန်းမသည်မိမိမယားဖြစ်၍အသက်12နှစ်အောက်မဟုတ်လျှင်မူကားမုဒိန်းကျင့်သောလင်ကိုပြစ်ဒဏ်2နှစ်ထိထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်-ကျင့်ထုံးကျင့်ကြံခံရသူသည်ဇနီးဖြစ်ပြီးအသက်12နှစ်အောက်မဟုတ်လျှင်ရဲအရေးမပိုင်ကနဦးကပင်သမ္မာန်စာထုတ်ပေးသင့်သည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိ-စီရင်ထုံးမောင်တင်လှိုင်ပါ5နှင့်ပြည်ထောင်စု
Click here to claim your Sponsored Listing.
Category
Website
Address
Yangon