My Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Collection, Design & Fashion, Yangon.
24/08/2023
American Dream ရှိသူများအတွက် Info...
'' R ဇာနည် လုပ်တဲ့ Amazon Delivery Service အလုပ် ဆိုတာ .... ''
Amazon မှာ delivery လုပ်ရတာ လွယ်ကူလား ၊ အခက်အခဲရှိလား တဲ့ ။ ရှိတာပေါ့ ။ သမာအာဇီဝနဲ့ ရိုးသားစွာ လုပ်ကိုင်ရတဲ့ အလုပ်တိုင်းက အနည်းနဲ့အများ အခက်အခဲရှိပါတယ် ။ sushi လိပ်တတ်ဖို့ ပညာလိုသလို ၊ delivery service လုပ်တဲ့သူလဲ ပညာလိုပါတယ် ။ ကိုယ့်ရဲ့ အလုပ်အပေါ်စိတ်ပါဝင်စားမှု ၊ တန်ဖိုးထားမှုတွေကြောင့်သာလျှင် ကိုယ်ကျွမ်းကျင်ရာ နယ်ပယ် ( သို့ ) အလုပ်တစ်ခုမှာ နေရာရကြတာပါ ။ Delivery service များစွာထဲကမှ Amazon နဲ့ဆိုင်တာပဲရေးပြပေးပါမယ် ။
ဆိုတော့ Amazon ကနေ ပစ္စည်းယူပို့ရတဲ့သူတွေဆိုရင် ပိုဆိုးပါတယ် ။ risk တွေရှိပါတယ် ။ Amazon ရဲ့ delivery service job ပုံစံက Regular employee အနေနဲ့လျှောက်လို့ရသလို Amazon Flex ကနေလဲ account ဖွင့်ပြီး ပို့ရမယ့် time & hours ကို self employed အနေနဲ့ ကိုယ်အဆင်ပြေသလို ရွေးပြီး ပစ္စည်းပို့ရတာပါ ။ Regular employee အနေနဲ့ delivery လုပ်တဲ့သူတွေကတော့ သူသတ်မှတ်ထားတဲ့ package အရေအတွက်ကိုယူပြီး Amazon က ထုတ်ပေးတဲ့ ကားနဲ့ ပစ္စည်းပို့ရတာပါ ။ Amazon Flex နဲ့ မောင်းတဲ့သူတွေကကျတော့ ကိုယ့်ကားနဲ့ကိုယ့်ဆီ စိုက်မောင်းပြီး လိုက်ပို့ရတာပါ ။ Amazon Flex မောင်းဖို့ဆိုရင်လဲ မောင်းချင်တိုင်း မောင်းလို့ရတာမဟုတ်ပါဘူး ။ သက်တမ်းရှိ Driving Licence ၊ SSN နဲ့ EAD တို့ရှိဖို့ လိုပါတယ် ။ ( GC သမားဆိုရင်လဲ GC နဲ့ register လုပ်ပြီး မောင်းလို့ရပါတယ် ။ ) application မှာ register လုပ်တဲ့အခါ ကိုယ့် background check တွေ လုပ်ပါတယ် ။ ticket violation တွေလို records တွေက သတ်မှတ်ထားတာထက် ကျော်နေတာတို့ဆိုရင်လဲ approve မဖြစ်တာမလို့ ပေးရန်ရှိတဲ့ ticket ဖိုးတွေဆိုလဲ မပျက်မကွက်ပေးထားဖို့ လိုအပ်ပါတယ် ။
ဆိုတော့ approve ဖြစ်လို့ ပစ္စည်းပို့ရပါပြီတဲ့ ။ ပထမဆုံးသတိထားဖို့က 🐕 ပါ ။ ပစ္စည်းပို့တဲ့အခါ အရမ်းသတိထားရပါတယ် ။ တလောကဆို အဲလိုပဲ Amazon က driver တစ်ယောက်ကို လိုက်ပြီးဆွဲတာ မသေရုံတမယ်ဖြစ်ပြီးဆေးရုံရောက်သွားတဲ့အထိပါ ။ တချို့တွေကျ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရရာအဆွဲခံရတာ ၊ ပြီးခဲ့တဲ့နှစ်ကဆို လူသေသွားတဲ့အထိပါ ။ 👉 https://www.nbcnews.com/news/amp/rcna53834
ပြီးတော့ Amazon Fresh & Whole Foods Market ပို့တဲ့အခါ တခါတလေ အထုတ်တွေ အများကြီးပါတတ်ပါတယ် ။ (3) ways လောက်ပဲ ရှိပေမယ့် ပို့စရာအထုတ်က (20)လောက်ဖြစ်နေတာမျိုးပါ ။ တခါတလေ ရေသန့် packs လိုက်တွေ ပါလာတတ်ပါတယ် ။ 1st floor , 2nd floor လောက်က ပို့လို့ အဆင်ပြေပေမယ့် Appartment တွေ ၊ အခန်းအများကြီးရှိတဲ့ office လို building တွေဆိုရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပြန်ပါဘူး ။ tips တွေ ဘာတွေ ပိုရတာကနောက် ၊ ကိုယ်ကအရင် ပင်ပန်းပါတယ် ။ ယောက်ျားလေးတွေကျ သိပ်ပြဿနာမရှိပေမယ့် မိန်းကလေးတွေဆို ပင်ပန်းပါတယ် ။ ( အခုနောက်ပိုင်းတော့ water packs တွေကို limit ထားပြီး မှာလို့ရအောင် Amazon က delivery လုပ်မယ့်သူဘက်က စဉ်းစားပေးလာပါတယ် ) ။ မဟုတ်ရင်လဲ ပစ္စည်းတွေ ထည့်ပြီးသယ်လို့ရတဲ့ ဘီးပါတဲ့ shopping chart 🛒 တွေကို delivery လုပ်တဲ့သူတွေ ဆောင်ထားကြရပါတယ် ။
ပစ္စည်းပို့ရင်သူက application ကနေsystem နဲ့ တခါတည်း connected လုပ်ထားတာဖြစ်လို့ ကိုယ်ရောက်နေတဲ့ location တို့ ၊ ပစ္စည်း drop off လုပ်ရမယ့်နေရာတို့ တခါတည်း ပြထားပြီးသားပါ ။ သတ်မှတ်ထားတဲ့အချိန်အတွင်း မှီအောင် မပို့နိုင်တာတို့ ၊ နောက်ကျပြီးမှ ရောက်သွားတာတို့ဆိုရင်လဲ customer က complaint တက်တဲ့အခါ ကိုယ့်ရဲ့ standing condition က good & fair & risk တို့ရှိတဲ့အတွက် တစ်ကြိမ်နောက်ကျတာတို့ ၊ complaint တွေတက်တိုင်းမှာ အမှတ်တွေက လျော့လျော့လာမှာပါ ။ မလျော့ချင်လို့ အမြန်မောင်းပြန်ရင်လဲ speed တွေက limit တွေကျော်ရင်လဲ ticket တွေ ထိဦးမှာပါ ။ တချို့တွေ စမောင်းခါစဆို ရတာက တစ်ရက် $250 , ticket ထိတာက (2) ကြိမ်စာ $100 လောက် ဖြစ်နေတာမျိုးလဲ အစဆိုကြုံရပါတယ် ။ မြန်လွန်းရင်လဲမကောင်း ၊ နှေးလွန်းရင်လဲ ပြဿနာရှိပါတယ် ။ ပြီးတော့ အဲလို customer complaint များတာ ၊ ခဏခဏ delay ဖြစ်တာများလို့ risk level ရောက်သွားရင်တော့ ကိုယ့်ရဲ့ account ကို deactivate လုပ်ပြစ်လိုက်ပါတယ် ။ အဲခါကျ account က ဝင်ကြည့်လို့ မရတော့ပြန်ပါဘူး ။ ပစ္စည်းလဲ ထပ်ပို့လို့ မရတော့ပြန်ပါဘူး ။ ဖုန်းဆက်ပြီး ရှင်းပြလို့ သူတို့လက်ခံတယ်ဆိုရင်တော့ reactivate ပြန်လုပ်ပေးတတ်ပါတယ် ။ တစ်ခုကောင်းတာက Amazon Flex ကကျတော့ every Tuesday & Friday တိုင်းမှာ တစ်ပတ်ကို (၂)ကြိမ် direct deposit လုပ်ပေးတဲ့အတွက် ပိုက်ဆံ urgent လိုတဲ့သူတွေအတွက်က ကြိုးစားရင် ကြိုးစားသလောက်ရနိုင်တာပါ ။
အခုရေးပေးတာတွေဖတ်ပြီးတဲ့အထိ delivery service အလုပ်ဆိုတာ warehouse / store တခုခုမှာ ပစ္စည်းသွားယူ ၊ ယူပြီး customer အိမ်အရှေ့မှာ သွားချရုံနဲ့ အလုပ်ဖြစ်တယ်လို့ အလွယ်တွေးထင်နေတုန်းဆိုရင်တော့ သင်ဟာ American ရဲ့ system အကြောင်း A to Z အထိ လေ့လာဖို့ အများကြီး လိုသေးတယ်ဆိုတာပါ ။
မြန်မာပြည်ကနေ ပြည့်ပြည့်စုံစုံနဲ့နေလာခဲ့တဲ့ အဆိုတော်
ဘဝကိုမပြောပါနဲ့ ... ရာရာအလုပ်လုပ်မယ်ဆိုပြီး ထွက်လာတဲ့ သာမန်လူတန်းစားအတွက်လဲ ဒီအလုပ်က ထင်သလောက်မလွယ်ကူဘူးဆိုတာ သိထားဖို့ပါ ။ အကြောင်းအရာတစ်ခုကို သေချာမသိပဲ ၊ အလုပ်တစ်ခုရဲ့ nature ကို သေချာမသိပဲ ပြောတာမျိုး ရှောင်ကြစေချင်ပါတယ် ။ ကျမက ဘာလို့ ဒါတွေ သိနေရတာလဲ မေးရင်တော့ အရင်က အလုပ်အခက်အခဲဖြစ်လို့ဆိုပြီး (၃/၄)ယောက်လောက်ကို ကူညီပြီး delivery service အတွက် အလုပ်လျှောက်ပေးဖူးပါတယ် ။ ( အခုရေးပြထားတာတွေက သူတို့ လာပြန် share တဲ့ experience တွေထဲက အနည်းလေးမျှသာပါ ) ။ အလုပ်မှန်သမျှ အနည်းနဲ့အများ stress တွေရှိတာမလို့ ရိုးသားစွာ ရုန်းကန်ကြိုးစားနေသူတိုင်းကို Respect မပေးရင်တောင်မှ စော်ကားမပြောမိဖို့လိုပါတယ် ။
အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်... ❣️
Crd- Victoria
Click here to claim your Sponsored Listing.