July & Partners

July & Partners

Share

Sharing Legal Knowledge

10/12/2020

#အမျိုးသားများနဲ့ #ပုဒ်မ (၄၁၇)

#ကာမလိမ်လည်မှု
#ရာဇသတ်ကြီးပုဒ်မ(၄၁၇)
-------------------------------------

ကျွန်မ မိတ်ဆွေသူငယ်ချင်းယောကျာ်းလေးအချို့က စ,နောက်သလိုလိုနဲ့ မကြာခဏမေးလေ့ရှိတတ်ကြတယ်...။
"ငါတို့ယောကျာ်းလေးတွေရော ကာမရာဂလိမ်လည်မှုနဲ့ တရားစွဲလို့မရဘူးလား...တချို့ကောင်မလေးတွေဆို နှစ်ဦးသဘောတူယူမယ်လို့ပြောပြီး အတူနေပြီးကာမှ ထားသွားခံရတဲ့ ယောကျာ်းလေးတွေလည်းရှိကြတာပဲ... တချို့ယောကျာ်းလေးတွေဆို အဲဒိစိတ်နဲ့အရက်သမားတွေဖြစ်/ဘဝပျက်သွားသူတွေလည်းရှိကြတာပဲ...အဲလိုနစ်နာတဲ့ယောကျာ်းလေးတွေကရော တရားစွဲလို့မရဘူးလား ဟာ..."တဲ့...
အင်း... သူပြောမှပဲ ကျွန်မလည်းသေချာစဥ်းစားကြည့်မိတော့တယ် သူကတော့ သူ့မှန်းဆချက်နဲ့ စိတ်ကူးယဥ်သက်သက်ပြောနေတဲ့ပုံ..ဟိုလူကြီးတစ်ယောက် ပြောသလိုပဲ "လူကြီးမင်း၏ မေးခွန်းများသည် စိတ်ကူးယဥ်ဆန်သည့် မေးခွန်းများဖြစ်သည့်အတွက် ဖြေစရာအဖြေမရှိပါ😁"လို့ ပြောလိုက်ချင်ပေမယ့်လည်း...သူပြောတာကလည်းဖြစ်နိုင်တာပဲလေ..."အဲလိုအဖြစ်မျိုးတွေနင်လက်တွေ့ကြုံဖူးလား? ရှိခဲ့ရင်ငါ့ကိုလိုက်ပြ.. ငါတို့ရှေ့နေတွေဆိုတာ သက်သေအထောက်အထားတွေနဲ့ပဲ အလုပ်လုပ်တယ်/စကားပြောတယ်"လို့ပြောလိုက်ရင်လည်း...ခင်ကြီးကျယ်မဆို​ပြီး ရန်ထဖြစ်နေဦးမယ်😁"
"တရားစွဲလို့ရတယ်/မရဘူးလို့တော့ ငါ့မှာပြောနိုင်ဖို့အတွေ့အကြုံ
အလုံလောက်တော့မရှိသေးဘူး...ငါသိထားတဲ့အသိပညာနဲ့အတွေ့အကြုံကိုတော့ တတ်/သိသလောက်ရှင်းပြမယ်...ပြီးရင်နင်ကိုယ်တိုင်စဥ်းစားကြည်ပေါ့ဟာ..."
" ဒီလိုဟ...ကာမလိမ်လည်မှု ပုဒ်မ (၄၁၇) ဆိုတာ ကာမကို မယုံ /ယုံအောင်ပြောဆို၊ စည်းရုံးပြီး၊ ယုံကြည်အောင် လက်ထပ်ယူမယ်လို့ ကတိကဝတ်​ပြုပြီး ၊အမျိုးသမီးတွေဆီက ကာမ ရယူပြီးတဲ့အခါ လက်မထပ်တဲ့ ပုဒ်မဖြစ်တယ်။"
"ဥပဒေမှာ ကာမလိမ်လည်မှုအတွက်သီးသန့်ပြဋ္ဌာန်းထားတာတော့ မရှိသေးဘူး၊ ရာဇသတ်ကြီးဥပဒေမှာတော့ ပုဒ်မ (၄၁၇) နဲ့ပတ်သက်ပြီး ငွေ/ပစ္စည်းပဲလိမ်လိမ်၊ ကာမပဲလိမ်လိမ်၊ ထောင်ဒဏ် ၃ နှစ်ကနေ ငွေဒဏ်ပါ ချနိုင်တယ်။"
"ရာဇသတ်ကြီးဥပဒေပုဒ်မ(၄၁၇)ရဲ့အဂ်ါရပ်တွေကို ရာဇသတ်ကြီးပုဒ်မ (၄၁၅)မှာပြဌာန်းထားတယ်။

(၁)တရားခံက တစ်ဦးတစ်ယောက်အားလှည့်ဖြားခြင်း၊
(၂)လှည့်ဖြားခြင်းခံရသူက အရာတခုကိုပြုခြင်း သို့မဟုတ်
ပြုရန်ပျက်ကွက်ခြင်း၊
(၃)လှည့်ဖြားခြင်း မခံရခဲ့သော် ထိုသူသည် ထိုအရာကို ပြုမည် မဟုတ်ခြင်း သို့မဟုတ် ပြုရန် ပျက်ကွက်မည်မဟုတ်ခြင်း၊
(၄)တရားခံက ထိုသူအား တမင်သွေးဆောင်ခြင်း ။
(၅)ထိုသူ၏ပြုလုပ်မှု သို့မဟုတ်
ပျက်ကွက်မှုကြောင့် ၄င်း၏
ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေ ကို ဖြစ်စေ၊
ပစ္စည်းကိုဖြစ်စေ၊ ပျက်ဆီးနစ်နာ စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း စသည့်အင်္ဂါရပ်များ ရှိရန် လိုပေသည်။" တဲ့..။
ထို ထုံးဖွဲ့မှု မှစတင် ၍ ၄၁၇ အား ကာမလိမ်လည်ခံရ၍ နစ်နာသူမှာ ကိုယ် ။ စိတ် ၊ ဂုဏ် ကို ထိခိုက် ပျက်ဆီး နစ်နာခဲ့ပါလျှင်. . .
ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ မြောက်သည်. . .
ဟူ၍ ထုံး၌ သုံးသပ်၍ထားလေ၏ ။
"ပုဒ်မ (၄၁၇)တရားလို ယောက်ျား ဖြစ်ထိုက် / မဖြစ်ထိုက်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၄၁၅)မှာ
"ထိုသူ၏ " ဟု ဖော်ပြချက်နဲ့
ပုဒ်မ (၈ )အရ "ထိုသူ" ဆိုသည့်စကားရပ်ကို အသုံးပြုထား တာကြောင့်တရားလိုက ယောင်္ကျားလည်း ဖြစ်နိုင်သလို မိန်းမလည်း ဖြစ်နိုင်တယ်...။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၇ ၊၃၄၈ အရ ဥပဒေအကာကွယ် ရလိုသည့် တရားလိုအား ယောက်ျား ၊ မိန်းမ ခွဲခြား ၍ မရပါ"တဲ့... ။ နောက်ဆက်တွဲကတော့ ကိုယ့်ဘာသာစဥ်းစားကြည့်လေနော့.....😁။

ကိုးကားချက်များနှင့်ကိုယ်တိုင်ရေးချက်များ
မူရင်းရေးသားသူများကိုလည်း ရိုသေစွာဖြင့်

&

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon