MeDiary
Daily diary for all people.
11/02/2022
စိတ်မာသူ
သူက စိတ်မာတယ်။
ကျွန်မ မရှိတော့ရင်တောင် ဘာမှပြိုလဲမသွားအောင် စိတ်မာသူတယောက်လို့ ကျွန်မယုံကြည်ခဲ့တယ်။
တကယ်လည်း ကျွန်မထင်သလို စိတ်မာသူက သူပါပဲ။
ကျွန်မလည်း သူ့လို စိတ်မာနိုင်အောင် ကြိုးစားခဲ့တယ်။
ကျွန်မဘဝမှာ သူမရှိရင် ဘာမှပြိုလဲသွားမှာ မဟုတ်ဖူးလို့ ထင်ခဲ့ဖူးတယ်။
တကယ်က ကျွန်မရဲ့နေ့ရက်တိုင်းမှာ စိတ်ဓါတ်တွေအလဲလဲအပြိုပြို ဖြစ်ခဲ့ရပြီ။
သူကတော့ စိတ်မာဆဲ။
သူက ခုထိ စိတ်မာသူတယောက်ပါပဲ။
မို့ငြိမ်းသူ
11Feb2022
06/05/2020
Today Thought
လူရဲ့စိတ်က သိပ်ကိုထူးဆန်းတယ်။ တခါတလေ ဖြစ်ဖူး ကြုံဖူးကြမယ်ထင်ပါတယ်။
စကားလေးတခွန်းနှစ်ခွန်းပြောဖူးရုံ၊ တချို့ဆို အသံလေးကြားဖူးရုံ မျက်နှာလေးမြင်ဖူးရုံနဲ့ ချစ်ခင်နှစ်သက်မိနေတာမျိုးလေ။ အရင့်အရင်ဘဝက ရေစက်တွေကြောင့်ဖြစ်မယ်ထင်ပါတယ်။
ကျွန်မဆို သူတို့ကိုမြင်ရတဲ့အခါ အသံလေးကြားရတဲ့အခါ ရင်ထဲမှာပေါ်လာတဲ့ မေတ္တာအအေးဓါတ်ကိုခံစားရတယ်။ သိပ်ကိုရိုးရှင်းတဲ့ ကြည်လင်တဲ့မေတ္တာပါ။ အဲလိုမေတ္တာမျိုး လူတိုင်းအပေါ်ထားနိုင်ရင် သိပ်ကောင်းမယ်လို့လဲတွေးမိတယ်။
မို့ငြိမ်းသူ
06-05-2020
Click here to claim your Sponsored Listing.