IELTS Bridge

IELTS Bridge

Share

IELTS 4 Skills Zoom Live Intensive Classes and Telegram Writing Classes by IELTS BRIDGE

14/05/2023

IGCSE နဲ့ IELTS ဘယ်ဟာကို အရင်လေ့လာသင့်လဲ⁉️

IGCSE ဆိုတာ ဘာလဲ❓

IGCSE ရဲ့ဆိုသည်မှာအရှည်ကောက်က “International General Certificate of Secondary Education“ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻𝘀 (𝗖𝗜𝗘) နှင့် 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗘𝗱𝗲𝘅𝗰𝗲𝗹 ဆိုပြီး 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 နှစ်ခုရှိသည့်အနက်က ဒီ𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 ၂ ခုစလုံးဟာ ဘာသာရပ် အခေါ်အဝေါ်တစ်ချို့၊စာမေးပွဲစစ်ချိန်၊စာမေးပွဲမေးခွန်း စသဖြင့် အနည်းငယ်သာ ကွာခြားချက်ရှိပြီး exam board (2) လုံးက UK အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု exam board တွေဖြစ်ပါတယ်။
-------------------------------------

IELTS ဆိုတာ ဘာလဲ❓

-IELTS ရဲ့အရှည်ကောက်လေးကတော့
"International English Language Testing System"ဖြစ်ပါတယ်။ British Council , Cambridge English language assessment နဲ့ IDP Australia တို့ကနေပြီး ပူးတွဲစီမံခန့်ခွဲနေတဲ့ အင်္ဂလိပ်ဘာသာစကားအ‌ရည်အချင်းစစ်စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် Europe အတော်များများ သာမက အာရှနိုင်ငံ တွေမှာ ရှိတဲ့ Universities တွေက ပါ တရားဝင် လက်ခံထားကြပါတယ်။
-------------------------------------

IGCSE သည် နိုင်ငံတကာတက္ကသိုလ်များသို့ ဝင်ခွင့်ရရန်အတွက် ဖြေဆိုမဲ့ကျောင်းသားများအနေဖြင့် (𝗘𝗻𝗴𝗹𝗶𝘀𝗵,𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗠𝗮𝘁𝗵𝘀) တို့ကိုအဓိကထားပြီး အနည်းဆုံး (၅)ဘာသာမှ (၆) ဘာသာအထိ ဖြေဆိုအောင်မြင်ရန်လိုပါတယ်။

IGCSE "O" Level သည် Secondary Educationနှင့် ညီမျှသည့်အတွက် "O" Level ပြီးပါက အချို့သောနိုင်ငံခြားတက္ကသိုလ်များသို့ တန်း၍တက်ရောက်နိုင်ပါသည်။(ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း requirements များမတူပါ။ တစ်ချို့ကျောင်းတွေသည် A Level (AS/ A2)ပြီးမှ လက်ခံကြပါသည်။)

ကဲဒါဆို IELTSကို ဘယ်လို အချိန်မှာ စပြင်ဆင်သင့်ပါသလဲပေါ့နော် 🤔

သင်ဟာအင်္ဂလိပ်ဘာသာစကား အဓိကအသုံးပြုတဲ့နိုင်ငံတစ်ခုခုမှာ‌ အလုပ်လုပ်ပြီးနေထိုင်ချင်တယ်
ကျောင်းတက်ပြီးနေထိုင်ချင်တယ် ဆိုရင်တော့ ကမ္ဘာပေါ်မှာ the most popular language test ဖြစ်တဲ့
ဒီ IELTS test လေးကိုဖြေဖို့ လိုပါပြီ။

✅ IELTS exam type/module (2)မျိုး ရှိပါတယ်။

-Academic type ✅နဲ့
-General training ✅ပါ
နှစ်ခုလုံးကို
Paper-based (or computer-based ကြိုက်ရာဖြေဆိုနိုင်ပါတယ်//

IELTS Testသည် ပညာရပ်ဆိုင်ရာပတ်ဝန်းကျင်အနေအထားအတွက်စနစ်တကျ‌ ဘာသာစကားအဆင့်အတန်းကိုစစ်ဆေးတဲ့ test ဖြစ်ပြီးနိုင်ငံရပ်ခြားမှာပညာတော်သင်သွားမဲ့သူတွေ/ အလုပ်သွားလုပ်မည့်သူတွေ အတွက် ကိုယ့်ရဲ့နေ့စဉ်သုံးဘာသာစကားတတ်ကျွမ်းမှုကိုစစ်ဆေးတဲ့ test ပါ။

Band scale 9 ခုပေါ်အခြေခံထားပြီး
ကိုယ်ဖြေထားတဲ့ test result ပေါ်မှာမူတည်ပြီး
Band score 1-9 ဆိုပြီးထွက်လာမှာပါ

✅CEFR level system ✅နဲ့ဖော်ပြရမယ်ဆို

Band 4, 4.5, 5 ----- B1
Band 5.5, 6 ,6.5 ----- B2
Band 7, 7.5 ,8 ----- C1
Band 8.5, 9 -----C2 တို့ဖြစ်ပါတယ်။

တော်တော်များများ နိုင်ငံခြားတက္ကသိုလ်တွေကတော့
Band score 6-7 လောက်ဆိုပျှမ်းမျှအနေနဲ့လက်ခံပါပြီ။
တစ်ကျောင်းနဲ့တစ်ကျောင်းမတူလို့ ကိုယ်တက်ချင်တဲ့ ကျောင်းကို အရင်တစ်ချက်စုံစမ်းကြည့်သင့်ပါတယ်။

IGCSE ပြင်သင်နေချိန်အတွင်းမှာ IELTS Foundationတန်းများ တစ်ပြိုင်ထဲတက်ထားလို့ရပါတယ်။ Studentရဲ့ စာလိုက်နိုင်မှုပေါ်လည်း မူတည်ပါမယ်။ ဗျာမများချင်ဘူးဆိုရင်တော့ IGCSE အောင်ပြီးမှ IELTS စပြင်ဆင်မယ်ဆိုရင်လည်း နောက်မကျသေးကြောင်း အကြုံပြုချင်ပါတယ်။

IELTS BRIDGE မှာ IELTS နှင့်ပတ်သက်သော Speaking one on one Zoom Live Class & Writing one on one Zoom Live Classတို့အပြင် Budget Studentလေးတို့အတွက် Telegram Video Classesများလည်း ရှိပါတယ်နော် ငယ်လေးတို့ 💜💜💜

https://www.facebook.com/photo.php?fbid=185657967304016&set=a.180419217827891&type=3&mibextid=cr9u03

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Tamwe
Yangon