Nucleus Computer Center

Nucleus Computer Center

Share

ဝန်ဆောင်မှုက ပထမ ၊ ရောင်းရဖို့က ဒုတိယ

03/04/2024

အောက်ခြေလွတ်တဲ့ လုပ်ငန်း…
လူတွေ မှာ အောက်ခြေလွတ်တဲ့လူ လို့ ပြောကြလေ့ရှိပါတယ်။ အဓိပ္ဗာယ်ကတော့ မူလ နိမ့်ပါးရာ အနေအထား ကနေ ပြီး အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် မြင့်မား ချမ်းသာ သွားတဲ့အခါမှာ ငါ မှငါ ဆိုပြီး ယခင်က ပတ်သတ်သမျှ လုပ်ဖူးသမျှကို အဖက်မတန်သလိုလုပ်ဆောင်လာတာ၊ အတိုင်းအဆ မရှိ အရှည်ကိုမတွေးပဲ သုံးဖြုန်းလာတာ ၊ မောက်မာလာတာ မာန်မာနတွေ ကြီးမားလာတာစတဲ့ အခြေအနေမျိုးကို ဆိုတာပါပဲ။ စီးပွား ရေး လုပ်ငန်းတစ်ခုဟာ အောင်မြင်လာတဲ့အချိန်မှာလဲ အထက်က နဲ့ သဘောသဘာ၀ တူတဲ့ အခြေအနေတွေကို ရည်ရွယ်ပြီး လုပ်ဆောင်တာ မဟုတ်ပဲ ဖြစ်တတ် လုပ်လာတတ် လေ့ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ တော့ လုပ်ငန်းတစ်ခုအောင်မြင်လာ ပြီးနောက် မှာ ဘယ်လို အောက်ခြေလွတ်တဲ့ အပြူအမူတွေ လုပ်တတ်တယ် ပြင်ဆင်သင့်တယ်ဆိုတာ ကို မျှဝေပေးလိုပါတယ်။
ပြိုင်ဖက်ကင်း တဲ့ လုပ်ငန်းရှင်..
စီးပွားရေး လုပ်ငန်းလေးတစ်ခု စတင်ချိန်မှာတော့ဈေးကွက် တစ်ခုရအောင် ရပ်တည်နိုင်အောင် အသည်းအသန်ကြိုးစားရလေ့ရှိပါတယ်။ ဒီလိုအခြေအနေ ကအောင် အောင်မြင်သွားပြီး ဈေးကွက် တစ်ခုလုံးနီးပါးကို သိမ်းပိုက်ကာ Market Leader ဖြစ်လာ လို့ အချိန် တစ်ခုကြာတဲ့ အခါမှာ ကိုယ့်ကို ဖက်ပြိုင်ပြီး ယှဉ် တိုက်နိုင်တဲ့ Competitor လုပ်ငန်း မရှိတော့ပဲ ဖြစ်လာတတ် ပါတယ်။ တကယ်တော့ စီးပွားရေးလောက မှာ ပြိုင်ဖက်ရှိမှ လုပ်ငန်းတွေ ဟာပိုပြီး တိုးတက်မှု မြန်ဆန်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဖက် ရှိတဲ့ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လေလေ Service တွေ ကိုပိုကောင်းကောင်း တန်တန် ပေးလေ ဖြစ်တာကြောင့် Customer တွေ အတွက် လဲ ပိုပြီးအကျိုး ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဖက် မရှိ တော့တဲ့အခါမှာ ကိုယ့် ဆီမှာသာ Customer တွေက မှီခို အားကိုးလာရတဲ့နောက် တဖြည်းဖြည်း တိုးတက်မှုတွေ Customer Service တွေ နည်းပါးကျဆင်းလာတတ်ပါတယ်။ ဒီလိုနဲ့ customer တွေ ရဲ့ မကျေနပ်မှုတွေ ကနေ အစိုင်အခဲတွေ ဖြစ်လာပြီး New Entrance လို့ခေါ်တဲ့ ကိုယ့်ဈေးကွက် အတွင်း ကို အသစ် ဝင်ရောက် လာ သူ ပေါ်လာတာနဲ့ တန်းပြီး တော့ ပြောင်းလဲ အားပေး သွားကြလေ့ရှိပြန်ပါတယ်။ ဒီအခြေအနေ မှာ လုပ်ငန်းဟာ ရုတ်တရက် market share တွေ ကျဆုံး သွားပြီး တစ်ဖက် အသစ်ဝင်လာတဲ့ လုပ်ငန်းက လဲ တဟုန်ထိုးတိုးတက် သွားကာ ကိုယ့်ပြိုင် ဖက် အဖြစ်ကို ချက် ချင်း ရောက်ရှိ လာ တဲ့ အပြင် သူက Market leader ဖြစ်ဖို့ ပိုပြီး အခွင့်အရေး များ သွား နိုင်ပါတော့တယ်။
အရင်အတိုင်းလဲ အဆင်ပြေနေတာပဲ..
လုပ်ငန်း ကအောင်မြင် လာပြီး အမြတ် ဝင်ငွေ တွေ ရလာတဲ့အခါမှာ ဖြစ်တတ် တာ တစ်ခုက Innovation တွေ Creation တွေ လို့ ဆိုကြတဲ့ အသစ်အသစ်သော တီထွင် ဖန်တီးမှုတွေ၊ ဆန်းသစ်မှု တွေကို မလုပ်ဆောင် ကြတော့တာပါပဲ။ ဒီအတိုင်း လုပ်လဲ ငွေက ဝင်နေတာပဲ ဘာ ထပ်ပြီး လုပ်ဖို့လို ဦးမလဲ ဆိုပြီး ဒီအတိုင်း ငြိမ်နေရင်း ပြိုင်ဖက် လုပ်ငန်းတွေက နည်းနည်း စီ နည်းနည်းစီ ကျော်သွားကာ ကိုယ်သတိပြုမိချိန်မှာတော့ လိုက်မမှီတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။ အသစ် အသစ် သော ဆန်းသစ်မှုဆိုရာမှာ လုပ်ငန်း Process တွေ၊ Product တွေ၊ Decoration တွေ ကအစ Product design , Packaging design တွေ အထိ ပါဝင်ပါတယ်။
တစ်ခါက မြို့ကြီးတစ်ခုမှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။ ဒီလုပ်ငန်းကလဲ အထက်ကလို ဖြစ်ရပ် မျိုး ဖြစ်သွားကာ မိဘ လက်ထက်က ဆိုင်ကို သားသမီး တွေ လက်ထက် အထိ ဘာမှ ပြင်ဆင် တာမျိုး မလုပ်တော့ပဲ အရင် အတိုင်း လဲရောင်းနေရတာပါပဲ ဆိုပြီး နေလိုက် တာပါပဲ။ တခြားပြိုင်ဖက် ဆိုင်တွေ ကခေတ် နဲ့အညီ Decoration တွေ အပြင်အဆင်တွေ မီးဆလိုက်တွေကို နှစ်စဉ် ပြင်ဆင် ပြောင်းလဲသွားရာမှာ ဆယ်စုနှစ်တစ်ခုကြာတော့ သူတို့ ဆိုင်လေးဟာ လူဝင်ချင်စိတ် မပေါ်တော့တဲ့ ဟိုးအရင် ခေတ်က Decoration တွေ က သိသိသာသာ ဖြစ်သွားတဲ့ အပြင် လူလဲ အတော် အဝင် နည်းသွားပါတော့တယ်။
သုံးပစ်လိုက်ကွ…
လုပ်ငန်းအောင်မြင်လာ လို့ ဝင်ငွေ ကြမ်းလာတဲ့ အခါ ငွေအသုံးကလဲ ကြမ်းလာလေ့ရှိပါတယ်။ ယခင် လုပ်ငန်းလေး ဘဝတုန်းကတော့ Expenses ကို အသေချုပ်ထားရပြီး တစ်ပြားက နှစ်ပြားခွာရပေမယ့် ဝင်ငွေကောင်းလာတဲ့အခါ ကြိတ် လိုက်ကွ ဆိုတာမျိုး ဖြစ်လာတော့တာပါပဲ။ မလိုအပ်တဲ့ အပြင်အဆင်တွေ လုပ်မယ်၊ လစာ သိပ်များ တဲ့ မလိုအပ်တဲ့ရာထူးတွေ ဖောင်းပွစွာ ခန့်ထားလာမယ်၊ အပိုအသုံးစရိတ်တွေ များပြားလာမယ် စတာတွေဟာ ဆင်ခြင်ရမယ့် ကိစ္စ တစ်ရပ်ဖြစ်ပါတယ်။ငွေကို ကောင်းကောင်း ပေါပေါ သုံးတတ် သွားတဲ့ လုပ်ငန်း တစ်ခုဟာလည်း လူ တစ်ယောက်လိုပဲ အသုံးအစွဲ ကို အကျင့်ပါသွား Culture ဖြစ်သွားကာ နောင် ပြန်လည်ထိမ်းသိမ်ဖို့ သိပ်ကို ခက်ခဲတတ်ပါတယ်။
လုပ်သမျှ အောင်မြင်မယ်..
လုပ်ငန်း ကအောင်မြင်လာပြီး ငွေ တွေ ဝင်လာတဲ့အခါ လုပ်ငန်း ရဲ့ Management Team ဟာ ငါတို့ လုပ်သမျှ ဖြစ်ရမယ်ဆိုတဲ့ မာန် လေး ကပ်လာ တတ် ပြန်ပါတယ်။ ဒီအခါမှာ တကယ့် အခြေအနေ မှန်ကို မသုံးသပ်နိုင်တော့ပဲ ဆုံးရှုံးမယ့် တွက်ခြေမကိုက်မယ့် လုပ်ငန်း အသစ်တွေ စလိုက်တာ ဈေးကွက် မပေါက်နိုင်မယ့် Product အသစ်တွေ ထုတ် တာ၊ စတာတွေ ကို လုပ်ဆောင် လာတတ် ပြန်ပါတယ်။ ဒီအခါမှာ လုပ်ငန်းအသစ်တွေ က အမြတ်လဲ မထွက်၊ ရပ်လိုက်ရင်လဲ ရင်းနှီးငွေ တွေ အလဟသ ဖြစ်မယ် ဆက်လုပ်ရင်လဲ မြတ်နေတဲ့ ငွေ တွေ က အဲဒီအထဲ ထပ်ထည့်နေရဦးမယ် ဆိုတဲ့ မထွေးနိုင် မအံနိုင် အဖြစ် မျိုး ကိုကြုံရတော့တာပါပဲ။
One go Two Come ပဲ…
လုပ်ငန်းက အောင်မြင်လာတဲ့ အခါ ဖြစ်တတ်တဲ့ Error ကတော့ Human Resources ပိုင်းဆိုင်ရာ ပြဿနာ တွေ ပါပဲ။ အဓိက အားဖြင့်တော့ လူဟောင်းတွေကို ပြုစုပျိုးထောင် ပြီး မြှင့်တင်ပေးရမယ့် အစား Senior Position တွေကို အပြင်က လစာ အမြင့်ကြီးနဲ့ လူအသစ်တွေကို ခေါ်ခန့် တာမျိုး လုပ်ကြလေ့ရှိပါတယ်။ ပြင်ပ က တတ်ကျွမ်းနားလည် သူတွေကို ခေါ်ယူတာဟာ အပြစ်မဟုတ်ပေမယ့် ကိုယ့်လူရင်းလောက်မှ မလုပ်နိုင်တဲ့ သူတွေကို လစာအမြင့်ပေး၊ ကိုယ့်လူ တွေကိုတော့ ပစ်ပယ်ထား ပြီး one go, two come သဘော ထားကို ပြသမိတဲ့ အခါ လူရင်းလူဟောင်း အားကိုးရသူတွေ က လုပ်ငန်းကို စွန့်ခွာသွား တတ် လေ့ရှိပါတယ်။ လူရင်း တွေ မရှိတဲ့ ပြဿနာ ဟာ လုပ်ငန်း ပြန်လည်နိမ့်ကျ ချိန် သေရေး ရှင်ရေး အချိန်မှာ အကြီးအကျယ် အခက်အခဲ တွေ့စေတော့တာပါပဲ။
ခပ်ချေချေပဲ..
အောင်မြင်လာတဲ့ လုပ်ငန်းကြီးတွေရဲ့ အောက်ခြေလွတ်သွားတတ်တဲ့ တစ်ချက်ကတော့ ချေ မိုး လာတော့ တာဖြစ်ပါတယ်။ အထက်က တစ်ချက်မှာပြောခဲ့သလို Customer တွေကို ချေ မိုးလာပြီး Customer service တွေ ကျဆင်းလာကာ customer တွေရဲ့ စိတ်ကျေနပ်မှုကို မပေးနိုင်တော့တာ တွေ ဖြစ်လာသလို လုပ်ငန်းနဲ့ ထိတွေဆက်စပ်နေတဲ့ Stakeholders တွေ အားလုံးကိုပါ ချေမိုး လာမိတော့တာ ဖြစ်ပါတယ်။ Supplier တွေ၊ wholesalers တွေ Distributors တွေ စတဲ့ ဆက်စပ် အဖွဲ့ အစည်းတွေကို ချေမိုးမိတဲ့အခါ ဆက်ဆံရေးတွေ ပြတ်တောက်ပြီး လုပ်ငန်းအကျဖက်ကို ဦးတည် သွားတတ် လေ့ရှိပါတော့တယ်။
မိတ်ဆွေစစ်…
လူတွေ မှာ မိတ်ဆွေ စစ်ရှိဖို့လိုသလို လုပ်ငန်းတွေ မှာလည်း မဟာမိတ်တွေ ရှိဖို့လိုပါတယ်။ စစ်တိုက် ရင်တောင်မှ ဘယ်လောက် စစ်အင်အားကြီးပါတယ်ဆိုတဲ့နိုင်ငံ ဖြစ်ဖြစ် စစ်တကယ်ဖြစ်ရင် ကိုယ့်ဖက်က ကူတိုက်မယ့် မဟာမိတ် aligns တွေကို ရှာဖွေ မိတ်ဖွဲ့ စာချုပ်ထားရစမြဲဖြစ်ပါတယ်။ ကိုယ်က အအောင်မြင်ဆုံး အကြီးဆုံး လုပ်ငန်းဖြစ်လာချိန်မှာ ဘယ်လုပ်ငန်းနဲ့မှ မတူဘူး မတန်ဘူးလို့ ယူဆပြီး မိတ်ဖက်တွေ ဖွဲ့မထားတာ Align တွေ လုပ်မထားတော့ဟာ လုပ်ငန်းအခက်ကြုံရချိန်မှာ တစ်ခါထဲ တန်းပြီး ထိုးဆင်းသွားတတ်စေပါတယ်။
အထက်က အချက်တွေကတော့ လူတွေမှာလိုပဲ လုပ်ငန်းတွေ မှာလည်း အောင်မြင်လာရင် အောက်ခြေ လွတ်ရာကနေ ဖြစ်တတ်တဲ့ အမှားလေးတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဒါလေးတွေကို လေ့လာ ပြီး ခိုင်မာ တဲ့ လုပ်ငန်းကြီးတွေ တည်ထောင် နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Business Consultant ကို Credit ပေးပါတယ်

03/04/2024

Window နဲ့ Office အတွက် အလွယ်ကူဆုံး Activate လုပ်နည်း
License version မဟုတ်တဲ့ Window ကိုသုံးတဲ့အခါ "Your Window License will expire soon" ဆိုတဲ့ စာလေးပေါ်လာတာတို့ ၊ Microsoft Software တွေ သုံးမရတာတို့ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ အကြောင်းအရင်း သေချာမသိတဲ့သူတွေအနေနဲ့ Laptop လေးပျက်ပြီလား မသိဘူးဆိုပြီး အထိတ်တလန့်ဖြစ်သွားတတ်ပါတယ်။
ဒီလိုကိစ္စလေးအတွက်နဲ့လည်း Service ကို သွားပြစရာမလိုပါဘူး။
အမှန်တကယ်တော့ Activate လုပ်ခိုင်းတာပဲဖြစ်ပါတယ်။
ချစ် customer တွေအတွက် window နဲ့ microsoft ကို ကိုယ်ကိုယ်တိုင် activate လုပ်လို့ရမယ့် နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း(၁)
Restart Window Explorer Process
1. Keyboard မှာ Ctrl+Alt+Del နှိပ်ပြီး Task manager ခေါ်ပါ
2. ပြီးရင် Task manager > Processes > Windows Explorer မှာ right click နှိပ် End task ကိုရွေးပါ
3. Windows + R နှိပ်ပြီး box ထဲမှာ explorer.exe ရိုက်ထည့် ok နှိပ်ပါ။
4. Windows Key + X ကိုနှိပ်ပြီး Command Prompt(Admin) ကိုရွေးပါ
5. Command Prompt ထဲမှာ slmgr-rearm လို့ရိုက်ထည့် ok နှိပ်ပြီး reboost လုပ်လိုက်ပါ
ဒီအချက်တွေအတိုင်းလုပ်ပြီးသွားရင် မြင်ချင်ပါတယ်ဆိုရင်တောင် Your window will expire soon ကိုမြင်ရမှာမဟုတ်တော့ပါဘူး။
နည်းလမ်း(၂)
Change Your Group Policy
1. Windows + R ကိုနှိပ်ပြီး runbox ခေါ်ပါ ပြီးရင် gpedit.msc လို့ရိုက်ထည့်ပါ။
2. Group Policy Editor ဆိုတဲ့ window ကျလာပါလိမ့်မယ်။
3. Computer Configuration > Administrative Templates > Windows Components > Windows Update အတိုင်းသွားလိုက်ပါ။ ပြီးရင် ဘေးက No auto-restart with logged on users for scheduled automatic updates installations ကို နှစ်ချက်နှိပ်ပါ။
4. အဲ့ဒီမှာ Enabled ကိုရွေး apply နှိပ် ok နှိပ် ဒါဆိုပြီးပါပြီ။
နည်းလမ်း(၃)
Disable Services
ဒီနည်းကအလွယ်ဆုံးပါပဲ
1. Windows+R နဲ့ runbox ခေါ် ပြီးရင် services.msc လို့ရိုက်ထည့်
2. Windows License Manager Service ကိုနှစ်ချက်နှိပ် Disabled ကိုရွေး Service Status မှာ running ပြနေရင် stop ကိုနှိပ် apply နှိပ် ok နှိပ် ပြီးရင် Windows Update စာကြောင်းကိုနှစ်ချက်နှိပ် Disabled ကိုရွေး service status က running ဆိုရင် stop နှိပ် apply နှိပ် ok နှိပ်
3. ဒါဆို ပြီးသွားပါပြီ။
ဒီလို ရှုပ်ယှက်ခက်တာတွေမလုပ်ချင်ဘူး လွယ်တာလေးပဲ လုပ်ချင်တဲ့သူတွေကတော့
ဒီ link က software လေးကို download လုပ်ပြီး သုံးနိုင်ပါတယ်။
(https://activators4windows(.)com/2023/04/02/download-reloader-activator/)
dot com ဆိုတဲ့နေရာလေးက ကွင်းစ ကွင်းပိတ်ကိုဖြုတ်ပြီး browser မှာ copy/paste လုပ်ရမှာပါ။
တစ်ခုအကြံပေးချင်တာက အတတ်နိုင်ဆုံးအဆင်ပြေရင် License windows ကိုပဲသုံးဖို့ပါ. . .
အားလုံးပဲ Activate လုပ်ရတဲ့ဒုက္ခကနေကင်းဝေးပြီး Laptop လေးကို စိတ်ချမ်းချမ်းသာသာ သုံးနိုင်ကြပါစေခဗျာ

Credit.....ITKingdoms မှ ကူးယူဖော်ပြလိုက်ပါသည်။

Photos from Nucleus Computer Center's post 04/09/2023

ကိုရီးယား ဂျပန်စကားကိုလေ့လာနေသူတွေအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး. .. ..
- မြန်မာဘာသာကို ဂျပန် ကိုရီးယား လို ပြန်ကြည့်လိုရမယ်။ .
- မိမိ မသိတဲ့စာလုံးတွေကို အသံထွက်နဲ့မြန်မာလိုတွဲပြီး လေ့လာလိုရမဲ့ဆော့ဝဲလ်လေးဖြစ်တဲ့အပြင် .
File Size ကလည်းနည်း လေ့လာရလည်းအရမ်းအဆင်ပြေတာကြောင့် မျှဝေပေးလိုက်ပါတယ်။. .. .. .. ..
ဆော့ဝဲလ်ဒေါင်းလုဒ်လုပ်ရန်လင့်
https://bit.ly/3soB2Bu

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

ဇေယျ၀တီ (၂)လမ်း. သာကေတ (၁၀)တောင်ရပ်ကွက်
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 12:00