English Speaking For Job Interview

English Speaking For Job Interview

Share

Please enroll 09424264823

10/12/2023

ကြိုက်နှစ်သက်တယ် အကျိုးရှိတယ် တက်ရကြိုးနပ်တယ် -ထိရောက်တယ် ဆိုတာ ကြားရတော့ သင်ပေးရတဲ့ ဆရာမတယောက်အနေနဲ့ ပီတိဖြစ်မိပါတယ်- သင်တန်းကြေးထက် good result ကိုပိုလိုချင်တာ-thanks ✍️❤️💕👍

13/11/2023

မိမိ၏ပန်းတိုင်ကိုသိပါစေ။

မိမိဘယ်ကိုသွားချင်လဲ အရင်ဆုံးသိအောင်ရှာပါ။
မတွေ့သေးရင် မပူပါနဲ့။ "အကောင်းဆုံးအလုပ်ကို
လုပ်ဖို့ဆိုတာ မိမိလုပ်တဲ့အလုပ်ကိုချစ်မြတ်နိုးဖို့လို
ပါတယ်။ မတွေ့သေးရင် ရပ်တန့်မနေပါနဲ့။ ဆက်
လက် ရှာဖွေပါ။"- Steve Jobs

အခက်အခဲတွေကိုနားလည်ထားပါ။

လေးငါးလှမ်းလောက်လျှောက်ပြီး "သားကြောက်
တယ်"ဆိုတာမျိုးနဲ့တော့ အောင်မြင်မှုဆီရောက်မှာ
မဟုတ်ပါဘူး။ အခက်အခဲမရှိတာလိုချင်ရင်တော့
အောင်မြင်မှုဆီမသွားချင်ပါနဲ့။ အောင်မြင်မှုဆီသွား
တဲ့လမ်းက အခက်အခဲတွေနဲ့ပြည့်နှက်နေပါတယ်။

စိတ်ထဲမှာအကောင်းဘက်ကအမြဲမြင်ယောင်ပါ။

ကျွန်တော့်စာအုပ်ထဲက အခန်း(၂၄)မှာ ဒီအကြောင်း
ကို သေသေချာချာရှင်းပြထားပြီးပါပြီ။ အောင်မြင်တဲ့
သူတွေဟာ "ငါလုပ်နိုင်တယ်"ဆိုတဲ့ အကောင်းမြင်
စိတ်အမြဲရှိပါတယ်။ အဲ့ဒီလိုဖြစ်အောင်လည်း လေ့
ကျင့်ထားလေ့ရှိပါတယ်။

#ကိုယ့်ကိုယ်ကို မယုံကြည်တာတွေရပ်ပစ်တော့။

သင့်ကိုရှေ့မတိုးနိုင်အောင် ဆွဲနိုင်တဲ့ အင်အားအရှိဆုံး
အရာက သင့်ရဲ့စိတ်ပါပဲ။ သင့်ရဲ့စိတ်ကြောင့် သင်ရှေ့ကို
မရောက်တဲ့ အချိန်တွေများနေခဲ့ပါပြီ။ မိမိကိုယ်ကို
ယုံကြည်မှုက အရမ်းအရေးကြီးပါတယ်။

#စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။

စိန်ခေါ်မှုတွေကို ပျော်ပျော်ရွှင်ရွှင် ပွေ့ဖက်ပြီး
ရင်ဆိုင်လိုက်စမ်းပါ။ သူတို့ပဲ အများကြီးရှိနိုင်မလား
သင်ပဲ ကျော်နိုင်မလား ပြန်ပြီး စိန်ခေါ်လိုက်ပါ။

လမ်းကြောင်းပေါ်မှာနေ

လမ်းကြောင်းပေါ်မှာ မြဲအောင်နေပါ။ ဘေးကလေတွေ
တိုက်မယ်၊ တစ်ခါတစ်လေ မုန်တိုင်းတွေလာမယ်။ သင့်ကို
လမ်းဘေးရောက်အောင် တွန်းချချင်တဲ့ အရာတွေအများ
ကြီးတွေ့ရမယ်။ ဘယ်တော့မှ မိမိရဲ့လမ်းကြောင်းကနေ
သူတို့ကြောင့် မသွေဖယ်သွားပါစေနဲ့။

သင်လုပ်နိုင်ကြောင်း လောကကြီးကိုပြသလိုက်စမ်းပါ။

အဲ့ဒီလို မဖြစ်နိုင်ဘူးဝိုင်းပြောနေတဲ့အရာတွေကို ဖြစ်လာ
အောင်လုပ်ပြရတာလောက် ကောင်းတဲ့ ခံစားမှု ကမ္ဘာပေါ်
မှာ များများစားစားရှိမှာ မဟုတ်ပါဘူး။ သင့်ကို အထင်သေး
သူတွေ၊ မုန်းခဲ့သူတွေလည်း အဲ့ဒီအချိန်မှာ ပါးစပ်အဟောင်း
သားဖြစ်နေပါလိမ့်မယ်.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


Hladan Township
Yangon