To Be A Good Mom

To Be A Good Mom

Share

ဘေဘီလေးတွေနဲ့ မေမေတို့ကြား စိတ်ဝင်စားစရာ ဗဟုသုတတွေအကြောင်း အဓိကထားရေးသားသွားမယ့် page လေးပါရှင့်

11/06/2025

အလုပ်များတဲ့သူမို့ ဆေးထိုးဆေးသောက်တွေလဲ မလုပ်ချင်တော့ ၃နှစ်ခံ လက်မောင်းထဲဟိုမုန်းတားဆေး ထည့်ခဲ့တယ်ရှင့်။

OG ကတော့ တယောက်နဲ့တယောက် ဟိုမုန်းမတူတော့ ဆေးရဲ့တုန့်ပြန်မှုကတော့ မတူနိုင်ဘူးရှင်းပြပါတယ်။
တချို့ ဝလာမယ် တချို့ ပိန်သွားမယ်
တချို့ ဝက်ခြံတွေထွက်လာမယ် တချို့လဲ ဘာမှ မဖြစ်တဲ့သူရှိတယ်တဲ့

ကိုယ်တွေတော့ ဘယ်လိုလာမယ် မသိ😁
ကလေးမေမေဆိုပေမဲ့ လှချင်တော့ ဆိုးဆိုးဝါးဝါးမဖြစ်ပါစေနဲ့ မျှော်လင့်မိပါတယ်။

08/03/2025

သားသမီးကို ချစ်တယ်ဆိုတာ အချစ်တက်ဖို့ လိုတယ် ......
အရင်က ဒေါသတအားထွက်မြန် စိတ်မြန်လက်မြန်ရှိတဲ့ ဒီမေမေက သမီးသွန်းရှေ့မှာ ဒေါသကို ထိန်းထားရတယ် မထွက်အောင် ကြိုးစားနေရတယ် အတွေးတွေကို လျော့ပြစ်ရတယ်
နောင်တချိန် သမီးသွန်းက အမေတူလို့ စိတ်မြန်လက်မြန် ဒေါသထွက်မြန်တက်သူတယောက်ဖြစ်လာရင် သေချာတယ် အမေတူသမီးဖြစ်တယ်ဆိုပြီး ဂုဏ်မယူသင့်ဘဲ အမေအကျင့်ဆိုး ကူတယ်လို့ဘဲ သတ်မှတ်ရမယ် ။
ဒါကို ကလေးက သူအကျင့်နဲ့သူလာတယ် ငယ်ငယ်ကတည်း​က စိတ်ကြီးတာ ဒေါသကြီးတာပါလို့ ပြောမရဘူး အမေဆီကဖြစ်ဖြစ် အဖေဆီကဖြစ်ဖြစ် အကျင့်ကူတယ်လို့ဘဲ ပြောရပါ့မယ်။

တချို့တွေ သားသမီးက ဘယ်သူအကျင့်တူတယ် ဘာညာနဲ့ ကောင်းတဲ့အကျင့်တူတာလား ဆိုးတဲ့အကျင့်တူတာလား မဝေခွဲပြီးဘဲ သူတို့ကလေးက ဘယ်လို လည်ပြီးချက်ချာတာဆိုပြီး ဇွတ်ချီးကျူး ချစ်ပြတဲ့ မိဘတွေကိုလဲ မျက်စိရှေ့မြင်ဖူးလို့ ဒီပိုစ့်လေး ရေးလိုက်ပါတယ် ။

#ဘေဘီသွန်း #မာမီနွယ်

Photos from To Be A Good Mom's post 07/03/2025

သူ့အဖေက page တခုက တရုတ်တစ်တော့videoနဲ့တွဲကြော်ငြာထားတဲ့ ကလေး safety helmet လေးတွေ့ပြီး သူ့သမီးဖို့ ဝယ်ပါဆိုလို့ ဝယ်ပေးထားတာ
ကလေး နောက်လှန်ချတဲ့အခါ မတ်မတ်မထိုင်နိုင်သေးရင် ရှေ့ထိုးကျ နောက်ကျထိုးကျတဲ့အခါ အကျမနာအောင် ခေါင်းအထိန်းလေးပေါ့

အသုံးဝင်ပြီး တကယ် အဆင်ပြေပေမဲ့ ဖော့ ခေါင်းပတ်ဆိုတော့ ခေါင်းချွေးတော့ တအားထွက်တယ်ကွယ် 😂😂😂

#ဘေဘီသွန်း #မာမီနွယ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
05013