ERIN Relifeflower Japanese Language Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ERIN Relifeflower Japanese Language Center, Education, အမှတ် 46, ထန်းခြောက်ပင် မှတ်တိုင်, ပတ္တမြားလမ်း, ကောင်းစုအောင်ဆေးခန်းအနီး, ရွှေပြည်သာ , ရန်ကုန်, Yangon.
11/06/2026
ပြောချင်တဲ့ စကားက များလွန်းတော့ စာနဲ့သာရေးရရင် ရေးသူကျွန်တော်လက်ညောင်းမှာ စာမဖတ်တက်တဲ့ ( စာဖတ်တဲ့ အလေ့အကျင့်မရှိသူ ) တွေကလည်း
ဖတ်မှာ မဟုတ်တော့ တိုတိုပဲရေးလိုက်တယ်ဗျာ
ဂျပန်မှာ အလုပ်လုပ်ဖို့ ဂျပန်စာ သင်ယူတဲ့ သူများ ဂျပန်စာသင်ယူတဲ့အခါ လိုအပ်တဲ့ N ဘယ်လောက်လိုအပ်လို့ သင်တန်းကို တက်နေရတာ ဆိုတဲ့ အတွေးတွေ ပြင်ပါ
ဂျပန်စာရမှ ဂျပန်စကားပြောထွက်မှ ဂျပန်လို နားလည်မှ ဂျပန်ရောက်ရင် အဆင်ပြေနိုင်မှာမို့ ဂျပန်စာ တက်ဖို့လိုအပ်တာလို့ နားလည်ပါ
နောက် စာဖတ်တက်တဲ့ အလေ့အကျင့်နဲ့ သတင်းအချက်အလက် ရှာဖွေတက်တဲ့
အလေ့အကျင့် လုပ်ပါ
အားတဲ့အချိန် TT ပေါ်မှာ 3 in 1 ရုပ်တွေနဲ့ ပလူးနေတာတွေကိုကြည့်ပြီး အချိန်မဖြုန်းပါနဲ့ သူတို့ ကမြင်းတာကို အချိန်ပေးပြီး ကြည့်နေရတဲ့ ကိုယ်က ဘယ်လောက်တောင်တန်ဖိုးကျသွားသလဲ သိပါစေ
နောက် မပျင်းပါနဲ့ သင်ယူတက်တဲ့ အလေ့အကျင့်မွေးပါ
Facebook ပေါ်မှာတင် ဂျပန်ရဲ့ အကြောင်းတွေ ရေးသားပြောပြနေကြတဲ့ သူတွေ
အများကြီးပါ လေ့လာပါ
အခုက
ဘာကြောင့်ပြောနေရသလဲဆိုရင် ဂျပန်မှာ ဖြစ်ပျက်နေတာတွေက မင်းတို့သိတဲ့ကြားတဲ့ အတိုင်းပဲ တကယ်ဖြစ်နေတာ
အဲလိုအဖြစ်အပျက် / အဲနေရာမှာ မင်းမဖြစ်စေဖို့ ကြိုးစားပါ
မင်းသာဖြစ်သွားရင် မင်းမိသားစုနဲ့ လူကောင်းအနည်းငယ်ကပဲ ဝမ်းနည်းကြမှာ
မင်းကိုအသုံးချပြီး page များစွာက rcs ရှာလိမ့်မယ် နောက် ထင်ကြေးအမျိုးအမျိုးနဲ့
ဆရာကြီးများစွာက မင်းအကြောင်းကို ကဏ္ဍအမျိုးမျိုးကနေ ထင်မြင်ချက်အမျိုးမျိုးနဲ့ရေးကြလိမ့်မယ်
တချို့က ပြောလိမ့်မယ် ဂျပန်ကို ဘာများထင်နေလဲပဲ ....တာတောင်နဲသေးတာတို့
ဘာတို့ပေါ့
တချို့ကဆို သူတို့ဟာ မင်းလိုမဟုတ် ဂျပန်မှာ ဘယ်လိုကြိုးစားခဲ့တာ စသဖြင့်
မင်းရဲ့ Tay ဆုံးမှုကို အကြောင်းပြုပြီး သူတို့တော်ကြောင်း ကြွားပြကြလိမ့်မယ်
မင်းသာ အခုဂျပန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက် တခုလောက် ဖြစ်သွားကြည့်
မင်းအကြောင်းကို အသုံးချမယ့် သူတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့
အဲတော့ မင်းဘာလုပ်မလဲ
မင်းရဲ့လုပ်ရပ်နဲ့ အပြုအမူကပဲ မင်းကို အဆုံးအဖြတ်ပေးမှာ
လက်ရှိနေရာက မှားနေတဲ့ နေရာလား
လက်ရှိ အပြုအမူကကော မှားနေတဲ့ အရာလား
လက်ရှိအတွေးလည်းပဲ မှားနေတဲ့ အရာလား
ပြောင်းလဲဖို့ အခွင့်အရေးက မင်းဆီမှာသာရှိတယ်
06/06/2026
Kanji's visions 2.0 ( ၂၃ ) ရက်မြောက်နေ့ပါ
မိနစံရေ こんにちは : မဂ်လာပါဗျာ
ဒီနေ့တော့ 竹-たけ " ဝါးပင် " ဆိုတဲ့ Kanji လေးရဲ့ Ridical
( ⺮ ) Take - kanmuri လေးအကြောင်း လေ့လာသွားရအောင် 📝📝
***********
竹-たけ ဆိုတဲ့ ဝါးပင် kanji လေးဟာ တခြား kanji တွေမှာ
Ridical အနေနဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ ( ⺮ ) ပုံစံလေး ပြောင်းလဲသွားပါတယ်
မူလက 竹-たけ " ဝါး " ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်တာကြောင့် ( ⺮ ) လေးရဲ့ အဓိပ္ပါယ် ဖော်ဆောင်မှုက ဘာဆိုတာကို အရမ်းကြီး
မှတ်နေစရာ မလိုပဲ ရိုးရှင်းလွန်းပါတယ်
🏷️*****************
ဥပမာစကားလုံးလေးတွေ ကြည့်ရအောင်
🏷️箸 (Hashi): တူ ( ဝါးဖြင့် လုပ်ထားသောအရာ )
အပေါ်က ⺮-take ဝါး နဲ့ အောက်က 者-mono လူပုဂ္ဂိုလ်ကို
ပေါင်းစပ်ထားတာပါ
ဘယ်လိုဖြစ်ပြီး စားသောက်တဲ့အခါ အသုံးပြုတဲ့ " တူ " ဖြစ်လာရသလဲပေါ့
ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ကနေ ဂျပန်ရဲ့ " တူ " ဇာတ်လမ်းဟာ များစွာ
ရှိကြပါတယ် ဒါပေမယ့် ဘယ်လိုပဲ မတူတဲ့ ဇာတ်လမ်း ကွဲပြားနေပါစေ တူ
ညီတဲ့ အဓိပ္ပါယ်ကတော့ " ရှင်သန်ခြင်း " ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်
⺮ ဆိုတဲ့ ဝါးပင်လေးဟာ လူတယောက်ရဲ့ ရှင်သန်ခြင်းကို ကိုယ်စားပြုပြီး
အဆစ်လေးတွေဟာ လူ့ဘဝမှာ ကြုံရမယ့် ကာလအပိုင်းအခြားလေးတွေကို
ကိုယ်စားပြုပါတယ်
လူတွေဟာ ရှင်သန်ဖို့ အတွက် စားသောက်ရပါတယ်
အဲလို ရှင်သန်ဖို့အတွက် စားသောက်မှု ပြုလုပ်တဲ့နေရာမှာ ဝါးဆိုတဲ့ အချောင်း
လေးနှစ်ခု " တူ " ကို လူတွေက ကိုင်ဆောင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ
ဒါကြောင့် ဂျပန်လူမျိုးတွေဟာ စားသောက်တဲ့ အခါ " တူ " လွတ်ကျတာတို့
ဘာတို့ဆို မကောင်းတဲ့ စိတ်ခံစားချက် ဖြစ်စေပြီး
တယောက်ယောက် သေဆုံးတဲ့အခါ ထမင်းပန်ကန်မှာ တူကို စိုက်တဲ့
အလေ့အထ ရှိကြတာပါ
ဇာတ်လမ်းက အသေးစိတ် မပြောတော့ပါဘူးဗျ kanji လေး နားလည်သွားရင်
ရပါပြီ
***************
🏷️筆 (Fude): စုတ်တံ ( ဝါးဖြင့် လုပ်ထားသောအရာ )
ဒီkanji လေးမှာ အပေါ်က ⺮-take ဝါး နဲ့ အောက်က 聿-fude dsukuri
လက်ဖြင့် စုတ်တံလေးကိုင်ပြီး မှင်တို့နေပုံ လေးပေါင်းထားတာပဲ ဖြစ်ပါတယ်
🏷️ဒါကြောင့် 書く- kaku ရေးသားသည် ဆိုတဲ့ kanji လေးမှာလဲ ပါနေတာပေါ့
ဒါဆိုရင် ⺮ ဝါးဆိုတဲ့ အရာနဲ့ လုပ်ထားပြီး မှင်ဖြင့် တို့ပြီး 聿-fude dsukuri
အသုံးပြုရတဲ့ အရာဟာ 筆-fude ဆိုတဲ့ စုတ်တံလေးပဲ ဖြစ်ပါတယ်
**************
🏷️箱 (Hako): သေတ္တာ၊ ဘူး ( ရှေးက ဝါးဖြင့်သာ ပြုလုပ် )
ဒီkanji လေးဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာပါ
⺮ - take kanmuri ဝါးနဲ့ ပတ်သတ်တာလေးတွေ
木 - ki သစ်သား ၊ သစ်ပင် နဲ့ ပတ်သတ်တာလေးတွေ
目 - me မျက်စိ နဲ့ ပတ်သတ်တာလေးတွေ
ပထမဆုံး 木 ဆိုတဲ့ သစ်ပင်နဲ့ 目 ဆိုတဲ့ မျက်စိ မြင်ခြင်း ဆိုတဲ့ အရာလေး
ပေါင်းရင် 相-あい/そう ဆိုတဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်
ဖြစ်လာရသည်
目 ဆိုတဲ့ မျက်လုံးဖြင့် 木 သစ်ပင်ကို သေချာကြည့်ခြင်း က
တဖက်သားကို သေချာ စောင့်ကြည့်ခြင်း ဖြစ်လို့ မျက်နှာချင်းဆိုင် အနေအထား
တခြားတဖက် ဖြစ်လာရပါသည်
ဒါကြောင့် 相手 あいて တဖက်လူ / ရန်သူ ဆိုတဲ့ စကားလုံးတွေ
ရှိနေတာပေါ့
ပြောချင်ရာ နဲနဲ လမ်းကြောင်းလွဲသွားမှာ စိုးလို့ 相 အကြောင်းဆက်မပြောလိုတော့ပါ
ဒါကြောင့် 相 ဆိုတဲ့ မျက်နှာချင်းဆိုင် အနေအထားနဲ့ ⺮ ပေါင်းရင်
သေတ္တာ ဘူး စသဖြင့် ဖြစ်လာရသလဲပေါ့
စဉ်းစားကြည့်ပါ သေတ္တာတွေ ဗူးတွေ လုပ်ရင် ဝါးပြားတွေကို မျက်နှာချင်းဆိုင်
လေးဘက်လေးလံ အပေါ်အောက် စသဖြင့် မျက်နှာချင်းဆိုင် စီပြီး ရက်လုပ်ခဲ့ရလို့ပင် ဖြစ်ပါတယ်
**************
🏷️答え (Kotae) / 答える: အဖြေ၊ ဖြေဆိုသည်
( ရှေက စာပေတွေရေးတဲ့အခါ ဝါးပြားပေါ်မှာသာ ရေးခဲ့ရ )
ဒီ kanji လေးက အလွယ်ဆုံးပင်
ရှေးက စာအရေးအသားတွေကို ဝါးပြား ⺮ ပေါ်မှာ ရေးခဲ့ကြပါတယ်
ပြီးတော့ အဲဒီအရေးအသားတွေဟာ 合- あう ကိုက်ညီတယ်ဆိုရင်
ဘာဖြစ်မလဲ 答え- こたえ ဆိုတဲ့ အဖြေပေါ့
****************
⺮ ပါဝင်တဲ့ kanji စကားလုံး တွေအများကြီးပါ
ယူဆချက် နဲ့ အဓိပ္ပါယ်သက်ရောက်မှုလေးတွေ တွေးနိုင်သွားရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်
***************
နေ့တိုင်း ရေးမတင်နိုင်ပေမယ့် ဆက်ရေးသွားမှာပါခင်ဗျ✍️✍️
Don't be afraid daybreak has come 🕊️🕊️
မြန်မာစာ သတ်ပုံလေးတွေ မှားရင်လည်း ပြောပေးကြပါခင်ဗျ 🙇🙇
ဒီအထိ စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် 🤍🤍🤍
#ဂျပန်စကားပြောသင်တန်း
ိုတာ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11411