Magic Queen Fancy
Japan Fancy and high quality fancy wholesale and retail
Your Daily Dose of Luxury
ရန်ကုန် မန္တလေး နေပြည်တော် အိမ်ရောက်ငွေချေရ
ကျန်မြို့ငွေကြိုလွှဲရပါသည်
17/04/2026
Japanလေလံ ဂါးနက်lot ရောက်ပါပီးရှင် ကြိုဦးထားဖို့ Deli တွေပြန်ဖွင့်တာနဲ့ တန်းအပ်🥰
Japanလေလံ
ဂါးနက်ကျောက်အစစ် လက်စွပ်
Size adjustable
Colour PT
Discount Price 18000
မြန်မြန်လေးမှာယူပေးပါနော် design တစ်ခုကိုတစ်ကွင်း/ အများဆုံးနှစ်ကွင်းပဲပါပါတယ်ရှင်
ဂါးနက် lot ကတစ်ကွင်းစျေး $8 ပေါက်ပေမဲ့ တစ်သောင်းစွန်းစွန်းနဲ့ နှစ်သစ်အကြိုအလှူစျေး
လက်တိုင်းမလို design ရှယ်လှ တစ်ကွင်းကိုတစ်ယောက်စီသာရပါမယ်ရှင်💋💋
Cb မှာ အားပေးထားတဲ့အသဲတွေက ပစ္စည်းဖယ်ပီးပီမလို့မပူပါနဲ့ရှင် အသဲတို့ရေ
ဂါးနက်လက်စွပ် size adjustable color pt price 18000
မျက်မှန်ကြိုး 9500
ရန်ကုန် မန္တလေး နေပြည်တော်အိမ်ရောက်ငွေချေရ
Deli 21 ရက်နေ့ပြန်ဖွင့်ရင်အပ်ပေးပါမယ်
#မျက်မှန်ကြိုး
17/04/2026
❋ ဝေဒနာတက်လာရင် ဝေဒနာတက်တာကြီးကို တောင့်ခံ ပေခံ တင်းခံ ဟိုကြံဒီကြံတွေ လုပ်နေကြတယ်။ မခံစားချင်တဲ့ စိတ်ကို မရှုကြဘူး။ တင်းတာ၊ တောင့်တာကြီး၊ သွားသတ်နေတာက၊ အကျိုးသတ်၊ တင်းတဲ့ တောင့်တဲ့ အပေါ်မှာ သွားညွှတ်ပြီးတော့ မခံချင်တဲ့စိတ်၊ လွတ်အောင်ကြံတဲ့စိတ်ကို ပြန်လှည့်ရှုတာ အကြောင်းသတ် အကြောင်းသတ်မှ အကျိုးရပ်မယ်။
❋ နိဗ္ဗာန် လိုချင်ရင် ဝေဒနာကို မြင်အောင်ရှုရမယ်၊ ဘယ်ရိပ်သာ ဘယ်စခန်း သွားသွား ဒီဝေဒနာကို တွေ့ရမှာပဲ။ သောတာပန်က ဝေဒနာတွေ ရပ်သွားတာ၊ သက္ကဒါဂါမ်၊ အနာဂါမ်တွေက သင်္ခါရဆိုတဲ့ တဏှာရပ်သွားတာ၊ ရဟန္တာက ဘဝနဲ့ဇာတိ ရပ်သွားတာ။
❋ တရားအားထုတ်တယ်ဆိုတာ အမှန်ကို သိအောင် လုပ်နေတာမဟုတ်၊ အမှားကို သိအောင် အမှားကို ပယ်ဖို့အားထုတ်နေခြင်းသာ ဖြစ်၏။
❋ လောကဟာ အမှားတွေချည်းပဲ။ အမှားကို မပယ်ဘဲ၊ အမှန်ဆိုတာ မရှိဘူး။ အမှားကို သိမှ၊ အမှားကို ပယ်မှ၊ အမှန်ကို ရမှာ။
❋ ဝေဒနာကို သည်းခံနိုင်တဲ့ သမာဓိရှိရင် စိတ်ကလေးဟာ ကြည်လာပြီ။ ဝေဒနာမှာသည်းခံနိုင်တဲ့ သမာဓိဟာ ‘စိတ်’ပါဘဲ။ တင်းတယ် တောင့်တယ် ပူတယ် ကိုက်တယ် ခဲတယ် ထုံတယ် ကျင်တယ် ဆိုတာ ‘စိတ်’ ဘဲ၊ ဝေဒနာ ဟာ စိတ်၊ စိတ်သည်လည်း ဝေဒနာ ဖြစ်နေတယ်။ ဒီစိတ်တွေမချုပ်သမျှ မဂ်လမ်းသွားလို့ မရပြန်ဘူး။ မဂ်ဆိုတာ ဒီစိတ်တွေကို ချုပ်သွားစေတာ။
❋ လောကမှာ လူတွေ ချမ်းသာတယ်လို့ ပြောနေကြတဲ့ ချမ်းသာတယ်လို့ ရှိနေတဲ့ စိတ်တွေ မရှိခြင်းမှ တကယ့်ချမ်းသာအစစ်၊ ချမ်းသာတယ်လို့ ခေါ်တယ်။
❋ လူဆိုတာ ကုသိုလ်မှန်း အကုသိုလ်မှန်း ‘သိ’ တဲ့သူကို ခေါ်တာကွဲ့။ ကုသိုလ်မှန်းလည်းမသိ အကုသိုလ်မှန်းလည်းမသိ အိပ်မယ် စားမယ် ကာမဂုဏ်ခံစားမယ် ဒီအသိ ဒီစိတ်လောက်နဲ့ လူဘဝလာနေတာ ... မသေခင်တည်းက အပယ်လေးဘုံဘဝတွေ ရနေကြတာကွဲ့။
❋ ဒေါသက ငရဲကိုပို့တယ်၊ မိမိတို့မှာ ဒေါသမရှိဘူးလား … အဲ့ဒါကိုတော့ မကြောက်ဘူး ဟိုးမဟုတ်တဲ့ ငရဲကို သွားကြောက်နေတယ်။ ဒေါသက ငရဲကို ပို့ပါတယ်လို့ ဗုဒ္ဓက ဟောထားတယ်။ ဒေါသယာဉ်စီးတဲ့သူတွေ ငရဲဘုံကို ရောက်မှာပဲ။ ဟိုးငရဲကို ကြောက်စရာမလိုဘူး မိမိမှာရှိတဲ့ ဒေါသကိုကြောက်။ ဒါကြောင့် ဒီဒေါသကို ပါယ်ခွာခိုင်းနေတာ။
❋ ဒေါသအကြောင်းတရားကို သတ်မှ ငရဲအကျိုးတရား ငြိမ်းမှာပေါ့။ ငရဲဆိုတာက … အကျိုးတရား၊ ဒေါသက … အကြောင်းတရား။ ဒီဒေါသရှိရင်တော့ ငရဲဘုံကြီးက ဟင်းလင်းပြင်ကြီးပဲ အကုန်ပွင့်နေတာ ဘယ်လိုမှ ရှောင်တိမ်းလို့ မရဘူး။ အဲ့ဒီတော့ ငရဲကို မကြောက်ပါနဲ့ ငရဲကိုသွားတဲ့ အကြောင်းတရား ဒေါသကို ကြောက်ကြပါ။ ဒေါသကို ကြောက်ခြင်းက ပိုအရေးကြီးပါတယ်။ ဒေါသကို ပါယ်ခွာဖို့ ဝိပဿနာကို ပြတာ။ သပ်သပ် ပယ် ခွာစရာ မလိုဘူး ကျင့်သာကျင့် သတိပဌာန်တရားလေးပါးနဲ့ကျင့်ရင် ဒေါသငြိမ်းကို ငြိမ်းပါတယ်။
❋ ပညတ်ဆိုတာ တကယ်ရှိမဟုတ် သမုတ်ရှိ။ တကယ်ရှိတာက အမှုန်လေးတစ်မှုန်က သန္တတိ အစဉ်ဆက်စပ်ပြီး ဖြစ်ပေါ်လာရတာကမှ တကယ့်ပရမတ်။ ဘုန်းဘုန်းတို့ပြတာက တကယ့်အရှိ ပရမတ္ထရုပ်၊ မွေးရာပါ ပါလာတဲ့ တကယ့်ပရမတ္ထတရားတွေ။ ဒီထိုင်နေတဲ့ ကိုယ်ကြီးကိုက ဓါတ်ကြီးလေးပါးရုပ်၊ ဓါတ်ကြီးလေးပါးကို မှီပြီးဖြစ်ပေါ်လာရတာ။ ရုပ်ကြီးကို ကြည့်လိုက်ရင် - ငြိမ်နေသလိုနဲ့ အထဲမှာ ဓါတ်ကြီးလေးပါး ဖေါက်ပြန်နေကြတာ။ ဒါတွေကို မိမိတို့တတွေက သည်းခံပြီးတော့ ရှရတာ။
❋ အာရုံက ရှေ့ကသွားတော့ စိတ်က နောက်က လိုက်တာပေါ့။ အာရုံပြုမှ စိတ်က သိလို့ရတယ်။ မျက်စိ နား နှာ လျှာ ကိုယ် မနောမှာ အာရုံက အရင်သွားပြီးမှ စိတ်ကလိုက်သိလို့ရတယ်။ အာရုံပြုပြီးမှ စိတ်က ဖြစ်လို့ရတယ်။ အာရုံက အကြောင်းတရား … စိတ်ကအကျိုးတရား။ အာရုံထဲမှာပေါ်တဲ့ရုပ်ကအကြောင်း … စိတ်ကအကျိုး။ ရုပ်အကြောင်း … နာမ်အကျိုး ပြန်ဖြစ်လာပြန်တယ်.. အကြောင်းအကျိုးတွေ ဆက်စပ်နေတယ်။
❋ နာမ်ဓာတ်မှာ ဉာဏ်ကပ်မှ ကံပြတ်မယ်။
📌 ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ – ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ၊ ပြည်မြို့
#မြတ်ဗုဒ္ဓတရားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
#သဲအင်းဂူ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yankin Road, Myanmar, Burma (Myanmar)
Yangon