Life Sharing by Mezzo

Life Sharing by Mezzo

Share

You will get what you give💕💕💖

15/08/2025

အမျိုးသားထုကြီးအတွက် လိုအပ်သော😶‍🌫️😶‍🌫️
မိသားစုဦးစီးများအတွက် လိုအပ်သော 😶‍🌫️😶‍🌫️

11/05/2025

လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။

အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"

05/05/2025

မမေ့နဲ့
ပေးနိုင်တာ ပေးလို့
ကျွေးနိုင်တာကို ကျွေးပြီး
ကူညီနိုင်တာ ကူညီလိုက်မယ်။

ဒါပေမယ့်
လူတွေရဲ့ အကြောင်းကို
ကောင်းကောင်း သိလာတော့...

လူတိုင်းကို
ရင်ဘတ်ကြီးနဲ့ မပေါင်းဖြစ်တော့ဘူး။

လူတစ်ချို့ဟာ
လိုတာ ရပြီးလို့.
အကြိုက်ကို မလိုက်နိုင်တော့တဲ့ အခါ

ရင်ဘတ်ကြီးနဲ့ ရင်းပြီး
ပေါင်းသင်းမိတဲ့ ကိုယ့်ရင်ကိုပဲ
နာကျင်စေတာ များလာလို့ပါ။

တစ်ဖြည်းဖြည်း
သိသိလာမိတာက

အကြိုက်တွေ
ပေးနေပေမယ့် စရိုက်တွေ
မတူရင် ပေါင်းလို့မရနိုင်ဘူး ဆိုတာရယ်

လောကမှာ
လူတွေ အများကြီး ရှိပေမယ့်
ရင်ဘတ်ချင်း တူသူက
အနည်းစုပဲ ရှိနိုင်တယ် ဆိုတာရယ်ပါ။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#ဆရာအောင်သင်းစာပေ
#ဘဝစာပေနှင့်ဗဟုသုတများ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11061