GG Motion Studio

GG Motion Studio

Share

Founded in 2022, GG Motion Studio delivers professional commercial motion videos and high-end video editing for businesses and brands.

16/02/2026

After Effects ကို အခုမှစလေ့လာနေတဲ့ Beginner တွေအတွက် 𝐅𝐫𝐞𝐞 𝐋𝐢𝐯𝐞 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩!

After Effects ကို ဗီဒီယို တွေပဲ ကြည့်ပြီး လေ့လာနေရတာ အားမရဘူးဆိုရင် ဒီ Free Live Workshop က သင့်အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

ကျနော်တို့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟏𝟕 ရက်နေ့မှာ After Effects Project တစ်ခုကို အစကနေ အဆုံးထိ Live အတူတူ ဖန်တီးကြမှာပါ။ ဒီ Live Workshopမှာ သီအိုရီတွေ ပြောနေမှာမဟုတ်ဘဲ Project တစ်ခုကို အစကနေ အဆုံး Render လုပ်တဲ့ထိ လက်တွေ့ အတူတူ ဖန်တီးသွားမှာ ဖြစ်ပါတယ်။

Project လုပ်နေရင်း နားမလည်တာရှိရင်၊ လိုက်မမှီရင် Trainer ကို တိုက်ရိုက်မေးပြီး ချက်ချင်း အဖြေရမှာဖြစ်ပါတယ်။ Tutorial တွေကြည့်ပြီး လိုက်လုပ်တာ အဆင်မပြေဖြစ်နေသူတွေ။ After Effects ကို အခုမှ စကိုင်ဖူးတဲ့သူတွေ နားလည်အောင် အသေးစိတ် ရှင်းပြပေးသွားမှာပါ။

Workshop မှာ သုံးသွားတဲ့ Project Assets တွေကို ပြန်ပေးမှာဖြစ်လို့ ကိုယ်တိုင် အေးဆေး ပြန်လေ့ကျင့်လို့ရမယ်။

📌 ဒီ live workshop တက်ဖို့ဘာလိုအပ်လဲ?
After Effects အခြေခံ (Tools & Keyframes) ကို သိထားရပါမယ်။
Telegram ကို workshop မှာသုံးမယ့် computer မှာ install လုပ်ထားရပါမယ်။

📌ဘယ်သူတွေ တက်သင့်သလဲ?
Tutorial တွေကြည့်ပြီး လိုက်လုပ်တာ အဆင်မပြေဖြစ်နေသူတွေ။
After Effects ကို အခုမှ စကိုင်ဖူးတဲ့သူတွေ။

📌ဘယ်လို ပါဝင်ရမလဲ?
ဒီ Workshop မှာ ပါဝင်ချင်တယ်ဆိုရင်တော့ -
Page Messenger မှာ "Ae beginner workshop" လို့ ပို့ပေးပါ။
ပို့ပြီးတာနဲ့ Telegram Group Link ကို Chat Box ကနေ ပို့ပေးပါမယ်။

📌Workshop အသေးစိတ်
📅 Date: February 17, 2026
📍 Location: Telegram Live
🎯 Target: After Effects Beginner များ

12/02/2026

GG Motion Studio ရဲ့ Motion graphics သင်တန်း မှာ ယခုလက်ရှိတက်ရောက်နေတဲ့ သင်တန်းသူ Myat Pann Theint (BMG-0828) ရဲ့ Day-29 Assignment ပဲဖြစ်ပါတယ်။

ဒီလိုမျိုး Commercial Motion Video တွေ ဖန်တီးပြီး Freelance လုပ်ချင်တယ်၊ Motion Designer အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ GG Motion Studio ရဲ့ After Effects Beginner to Job Ready သင်တန်းကို အခုပဲ အပ်လိုက်တော့နော်!

📌 ဘယ်သူတွေတက်သင့်လဲ?
➤ After Effects ကို အခြေခံကနေ စပြီး သင်ပေးမှာဖြစ်တဲ့အတွက် After Effects တစ်ခါမှ မဖွင့်ဖူးသေးတဲ့သူတွေလည်း တက်နိုင်သလို၊
➤ Freelancer လုပ်ချင်သူတွေ၊
➤ Skill မြှင့်ချင်တဲ့ Graphic Designers တွေ၊
➤ Corporate တွေ၊ Company တွေမှာ Commercial Motion Designer အနေနဲ့ အလုပ်ဝင်ချင်တဲ့သူတွေ တက်ရောက်သင့်တဲ့ သင်တန်းပဲ ဖြစ်ပါတယ်။

📌 ဘယ်လိုသင်ပေးမှာလဲ?
Online နဲ့ Offline နှစ်မျိုးတွဲသင်ပေးသွားမှာပါ။
➤ နေ့စဉ် ကိုယ်တိုင်အားတဲ့အချိန်လေ့လာနိုင်အောင် Lesson Video တွေပိုပေးမယ်။
➤ ဆရာနဲ့ တစ်ပတ်တခါ Test တွေကို Online Live (ZOOM) နဲ့လုပ်ရပါမယ်။
➤ သင်ခဲ့ရတဲ့ Lesson တွေအလိုက် Assignment တွေပေးပြီး ဆရာကိုယ်တိုင် Review နဲ့ Feedback ပေးမှာဖြစ်ပါတယ်။
➤ ကိုယ်ပိုင်လေ့လာနေတဲ့အချိန်မှာလဲ ဆရာကို တိုက်ရိုက်မေးနိုင်မယ်
➤ Assignment တွေကို တကယ့်အပြင်မှာ လက်တွေ့လုပ်ရတဲ့ Project အတိုင်း ဖန်တီးကြရမှာဖြစ်လို ဒီသင်တန်းပြီးရင် Portfolio ပါပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။

သင်တန်းနဲ့ ပတ်သက်ပြီး ထပ်သိချင်တာရှိရင်တော့ Page Messenger မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

်တန်း

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon