Rises up

Rises up

Share

Engineering Services & Trading Company

25/04/2022

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက income rich ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကြပါဘူး။ ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အိမ်မြေဈေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ်တန်ဖိုး ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။ ဈေးတက်သွားလို့ပါ။

ဒီလို ချမ်းသာသွားတာကို မူဒီတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက် တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။

အိမ်ခြံမြေသမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။ နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။
ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။ ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။

income rich ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်းထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရော အလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။ နိုင်ငံစီးပွားလည်းတက်စေပါတယ်။ income rich က မြန်မာပြည်မှာ နဲပါတယ်။ တနှစ်ကို ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါ်မှာ လူ တသန်းလောက်ရှိပါတယ်။ လူ ၇၀၀၀ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့ လွန်ရော ကျွံရော လူ ၄၀၀၀၊ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ ရှိပါသေးတယ်။

အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သတ်ထားတဲ့ လုပ်ငန်းကလွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ ဘောလုံးသမား၊ အင်္ဂလိပ်စာဆရာ၊ ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားက စပြီး ကိုယ်ပိုင်လုပ်ငန်းမျိုးစုံ ဥပမာ ဆံပင်ညှပ်ဆိုင် စားသောက်ဆိုင် ကုမ္ပဏီ စက်ရုံ မျိုးစုံပါ။

အဲဒီလူတွေက နိုင်ငံတကာက အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။ လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော်အောင်ပေးခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ နိုင်ငံခြားသားတွေဖြစ်နေပါပြီ။ SME small and median enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက ဝန်ထမ်း စဖြစ်နေပါပြီ။ ဈေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။

ဥပမာ - အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်မယ်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းက ဖော်ထုတ်မယ်၊ ပုဂ္ဂလိကစက်မူဇုံ ဖော်ထုတ်မယ်။ နမူနာတော့ မပြောတော့ပါဘူး။ ပြီးတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူနိုင်ဖို့ လက်တွေ့မကျတဲ့ ဈေးနှုန်းခေါ် ပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ မြန်မာသူဌေးတွေပါ။ ဈေးကွက် ရှိမရှိ မလေ့လာဘဲ ဆောက်ခဲ့ပါတယ်။

နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မဲ့ ဈေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေတခါထဲရှာလာပြီး ရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။ ( နမူနာ ပေးရရင် သီလဝါ စက်မူဇုံပါ။ အရမ်းကောင်းပါတယ်။) တခုချင်းမှာ အမြတ်များများတင်ရောင်းထက် အရေအတွက်များများ ကို အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။

ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့ လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။ အခုအချိန်မှာတော့ မြန်မာပြည်က ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို နီးစပ်သူတွေနဲ့ သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို ချေးပေးတာမျိုး အရမ်းနည်းပါတယ်။

အကြမ်းအားဖြင့်တော့ အိမ်ခြံမြေနဲ့ချမ်းသာလာတဲ့ မြန်မာသူဌေးတွေက income rich ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ အစိုးရကလည်း နိုင်ငံအတွက် productive ဖြစ်အောင် မလုပ်တဲ့သူကိုတော့ ဆက်ထားမယ် မထင်ပါဘူး။

၂၀၁၅ NLD အစိုးရ တက်လာပြီး စီးပွားရေးလုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ဆက်တိုက် ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံမှာ သူဌေးရာထူး အပြောင်းအလဲ အတော်ဖြစ်ခဲ့ပါတယ်။ နိုင်ငံအတွက် မိမိရဲ့ လူမူအဖွဲ့အစည်းအတွက် productive ဖြစ်အောင် မလုပ်နိုင်တဲ့ သူဌေးတွေက နောက်ကို တဖြေးဖြေးရောက်သွားပြီး productive ဖြစ်အောင် လုပ်နိုင်တဲ့ သူဌေးတွေက ရှေ့ကို ပိုရောက်လာပါတယ်။ ဈေးကစားပြီး ချမ်းသာခဲ့တဲ့ သူဌေးတွေတော့ လာမဲ့တနှစ် နှစ်နှစ်အတွင်းမှာ ပိုကြပ်တည်းလာနိုင်ပါတယ်။ ဘဏ်တွေက တရားစွဲတာ မဖြစ်မနေ ခံကြရတော့မှာပါ။

နိုင်ငံတကာကနေ ပညာသင်၊ အလုပ်လုပ်ခဲ့တဲ့ လူငယ်အများအပြားဟာ မြန်မာပြည် ပြန်ရောက်လာကြပြီး ( စင်္ကာပူ က professional and semi professional အဆင့် လူငယ် အများစု မြန်မာပြည် ပြန်ရောက်နေပါပြီ။) စီးပွားရေး နယ်ပယ်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး သိပ်မကြာခင်မှာ မြန်မာပြည်ရဲ့ သန်းကြွယ်စာရင်းမှာ အများအပြားပါဝင်လာဖို့ ရှိပါတယ်။

သူဌေး ဒုတိယမျိုးဆက်ဖြစ်ခဲ့ရင်တော့ ဒေါ်လာ သန်း ၃၀ အထက် ချမ်းသာတဲ့ သူဌေးကြီး အဆင့် ဖြစ်ဖို့ရှိနေပါတယ်။ သူဌေးလောင်းအသစ်တွေ က လုပ်ငန်းနယ်ပယ်အသစ်တွေ လုပ်ကြတော့မှာမို့ သူတို့ကို အုပ်ချုပ်မဲ့ လူငယ်အစိုးရ အရာရှိတွေကို အမြန်လဲဖို့ လိုနေပါပြီ။ ဝန်ကြီးလို နေရာမျိုးတွေကို လူငယ်တွေ အမြန်ပေးဖို့ လိုနေပါတယ်။

Respectfully Credit - U တင်စိန်
🙏🙏🙏

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon