HIV Knowledge Myanmar

HIV Knowledge Myanmar

Share

HIV Knowledge & Education Myanmar

23/04/2024

❗တချို့လူတွေ အသိမှားနေတာလေးတခုရှိတယ်....❗

သွေးမစစ်ချင်ဘူး..ရှိနေရင်လည်း သေခါမှသေရော အသိမခံချင်ဘူး ဆိုပြီး ပေတေနေတဲ့သူတွေနှင့်
ထိုင်နေရင်အကောင်း ထသွားမှကျိုးမယ်ဆိုပြီး သွေးအဖြေသိပြီး စိတ်ဆင်းရဲ မခံချင်သူတွေပေါ့..✅

အဲလိုလူတွေကို ပြောချင်တာက Hiv ပိုးဆိုတာကလေ ဝင်ပြီးရင် ငြိမ်ငြိမ်နေတဲ့ ရောဂါမဟုတ်ပါဘူးနော်..တနေ့ထက်တနေ့ကို ဆပွားနဲ့ တက်လာပြီး ခင်ဗျားတို့ရဲ့ ကိုယ်ခံအားတွေကိုရော ခင်ဗျားတို့ရဲ့ လှပမှုတွေ ငယ်ရွယ်မှူတွေ ကျန်းမာမှူတွေကို ဆက်တိုက်လိုလို ဖျက်ဆီးတော့မှာနော်....✅

အဲတော့ ရွေးချယ်စရာ ၂ ခုပဲရှိတယ်..

ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မကျန်းမာတဲ့အခြေအနေ ပတ်ဝန်းကျင်က သိတဲ့အခြေအနေ
ရောက်မှ သွေးစစ်ပြီး ကုမလား..

ဒါမှမဟုတ် သန်သန်မာမာ ကျန်းမာနေတဲ့အချိန် ဆေးစစ်ပြီး အဖြေသိလို့ ပိုးမရှိရင်ပျော်ပြီး ပိုးရှိခဲ့ရင်လည်း ART ဆေးသောက်ပြီး ပုံမှန်ဘဝနဲ့ပဲ နေထိုင်မလား..

ဘယ်ဟာကိုရွေးချယ်မလဲ?

#ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

05/04/2024

ဂနိုရောဂါဟာ အကာအကွယ်မဲ့ စအို ၊ မိန်းမကိုယ် ၊ ပါးစပ်တို့နှင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဂနိုကူးစက်ခံရပြီဆိုလျှင် လိင်အင်္ဂါတစ်ဝိုက် အပါအဝင် စအိုနဲ့ လည်မျိုတွေမှာ လက္ခဏာပြတက်ပါတယ်။

ဂနိုရောဂါရဲ့လက္ခဏာတွေကတော့ လိင်တံမှ ပြည်ရည်ထွက်ကျခြင်း ၊ ဆီးမကြာမကြာသွားခြင်း ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ခံစားရခြင်း ၊ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်း ( မကုသဘဲထားရင် မျိုးမအောင်နိုင်တာမျိုးဖြစ်မယ် )၊ စအိုနဲ့ဆက်ဆံခံခဲ့ရရင် စအိုမအီမသာဖြစ်ခြင်း ၊ ယားခြင်း ၊ နာခြင်း ၊ သွေးယိုခြင်း စသည့် ဝေဒနာတွေကိုခံစားရနိုင်ပါတယ်ခင်ဗျာ။အကယ်၍ သင့်မှာဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ကုသဖို့အတွက် အရင်စဉ်းစားရပါမယ်။

အကယ်၍ မကုသဘဲထားမယ်ဆိုရင် ဂနိုရောဂါဟာ မျိုးမအောင်တာ၊ အမျိုးသမီးတွေမှာ သားပျက်သားလျှောတာမျိုးအထိ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေ ဖြစ်တတ်ပြီး စနစ်တကျကုသမှုခံယူမယ်ဆိုရင်တော့ ရက်သတ္တပတ်အတွင်း အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။

#သွေးစစ် #ဂနို #လိင်အင်္ဂါ ်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

26/03/2024

ဆစ်ဖလစ်(ကာလသား)ရောဂါ ရှိနေရင် သင့်ဘဝ ဆုံးပြီလား ??

နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်လို့မရတော့ဘူးလား??

🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

ဆေးခန်းမှာ အမြဲတမ်းမေးလေ့ရှိပြီးတော့ လက်တွေ့ဘဝမှာလဲ ခဏခဏတွေ့ရတတ်ပါတယ်။

နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဆေးစစ်တယ် ၊ အဲ့ဒီမှာ VDRL positive တွေ့တယ်။
ထူပူသွားပြီး ဘာဆက်လုပ်ရမလဲမသိတော့ဘူး။
🥹🥹

ဆေးစစ်တဲ့နေရာက သေချာမရှင်းပြလိုက်ရင်တော်တော်လေး ဒုက္ခရောက်ကြရပါတယ်။
🙁🙁🙁

အဲ့ဒီ အကြောင်းလေးရှင်းပြပေးပါ့မယ်။🙂

အရင် post တွေ မှာလဲ အများကြီး ရေးထားပါတယ်။

ဆစ်ဖလစ် ရောဂါဟာ ကုသလို့ရတယ် ၊ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် negative ပျောက်သွားတာ ဖြစ်နိုင်တယ် ။
တချို့လူတွေ(လူ ၁၀ ယောက်မှာ ၁ ယောက်လောက်) မှာတော့ sero scarring လို့ခေါ်တဲ့ ပိုးမရှိတော့ပေမဲ့ သွေးစစ်ရင် VDRL က positive အမြဲပေါ်နေတတ်ပါတယ်။

သေချာကုဖို့လိုတယ် ။ ဆေးအကြိမ်ပြည့်ထိုးရမယ် ။ဆေးထိုးပြီး ရောဂါသက်သာလားဆိုတာဆေးပြန်စစ်ရမယ်

👍👍👍

နိုင်ငံခြားသွားဖို့ ဆေးစစ်လို့ VDRL တွေ့ရင်ဘယ်လိုလုပ်ကြမလဲ ???
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

အရင်ဆုံး စိတ်အေးအေးထားပါ ၊ ဒီရောဂါဟာ ကုသလို့ရပါတယ် 👍

ပြီးရင် ဆရာဝန် နဲ့တိုင်ပင်ပြီး ဆေးစစ်တာတွေ ဆေးကုတာတွေ လုပ်ရပါမယ် ။

ဆေးကုသပြီးရင်ရော နိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ရပီလား ??
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

တချို့နိုင်ငံတွေ က VDRL positive ကို အလုပ်မပေးတာမျိုး အရင်ကရှိဖူးပါတယ်။

အခုတော့မရှိသလောက် ရှားသွားပါပီ😊

နိုင်ငံတော်တော်များများက ဆေးကုထားတယ် ဆိုတဲ့ အထောက်အထားတောင်းပါတယ်၊၊

ဒါပေမဲ့ ဆေးကုပြီးလို့ VDRL negative ဖြစ်ရင်တောင်မှ
တချို့ ဆစ်ဖလစ်ရောဂါစစ်ဆေးချက်( syphilis rapid test) တွေက မပျောက်တော့ပဲ ပိုးမရှိတော့တာတောင် အမြဲတမ်း positive ထွက်နေတတ်ပါသေးတယ်။

ဆေးစစ်တိုင်းအဖြေက positive အမြဲ ထွက်နေတာဆိုတော့ 😳😳

ဘယ်လိုလုပ်ကြလဲ??🤔🤔🤔🤔

မိမိကုသတဲ့ဆရာဝန်စီကနေ ဆေးကုပြီး ကြောင်း ၊ ဆစ်ဖလစ်ရောဂါပိုးရဲ့ ပဋိပစ္စည်း VDRL dilution ကျတဲ့ဆိုတဲ့ အကြောင်း၊ သူတပါးကိုထပ်ကူးဖို့ အန္တရယ်မရှိကြောင်း အစရှိသဖြင့် အချက်အလက်တွေ ပါတဲ့ recommendation letter ထောက်ခံချက်စာ တောင်းပြီး အလုပ်ကိုတင်လို့ရပါတယ်။

အဲ့ဒီစာကို သာ သေချာပြည့်စုံစွာရေးထားတယ် ဆိုရင် အလုပ် အတွက် ဘာပြသနာမှမရှိပဲ နိုင်ငံခြားမှာရော ဘယ်မှာ မဆို အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် ။ 👌

ကာလသားအထူးကုဆေးခန်းက ရေးပေးတဲ့ recommendation letter နဲ့ အဆင်ပြေသွားတဲ့ သူတွေအများကြီးရှိပါတယ် 👍👍

ဒါကြောင့်

ဆစ်ဖလစ်ရောဂါမဖြစ်အောင်

၁။ ကွန်ဒုံးသုံးပါ။
၂။ အန္တရယ်ရှိတဲ့အပြုအမူလုပ်ထားရင် ဆေးစစ်ပါ။
၃။ ဆေးစစ်လို့ ပိုးတွေ့ရင်ခဲ့ရင်လဲ ကျွမ်းကျင်သူတွေနဲ့ သေချာကုပါ။
၄။ ကိုယ့်အလုပ် အတွက် ပြသနာတစုံတရာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး recommendation letter ရအောင်လုပ်ကြပါ
😊😊😊😊
#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon