RITZ Professional Test Center
Our Test Center managed IBT Services since 2011 as 1st Pearson VUE Authorized Center in Myanmar.We started as the name “Link2Link”,then " IMCM ".
03/03/2026
🧑🎓 2026 မှာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ကိုင်ထားချင်သူတွေအတွက် ...
အဖြေအများဆုံးနဲ့ အလုပ်အဖြစ်ဆုံး Top (3) Certificates တွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
1️⃣ 𝗚𝗘𝗗
ဒါကတော့ အခုလက်ရှိ ဆယ်ကျော်သက်တွေနဲ့ ကျောင်းသားတွေကြားမှာ ရေပန်းအစားဆုံးပါပဲ။
👤 ဆယ်တန်း (သို့) IGCSE ဖြေဖို့ အချိန်မစောင့်ချင်တဲ့သူတွေ၊ Thai, US နဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကို အမြန်ဆုံး ဝင်ခွင့်ရချင်သူတွေအတွက်ပါ။
US High School Diploma နဲ့ ညီမျှတဲ့အတွက် ဒီလက်မှတ်ရတာနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ တံခါးပွင့်သွားပါပြီ။ အချိန်တိုအတွင်း ၁ နှစ်ဝန်းကျင်နဲ့ ကျောင်းတက်ခွင့် ရနိုင်တဲ့ Short Cut လမ်းကြောင်းလို့ ပြောနိုင်ပါတယ်။
✨ 𝗪𝗵𝘆 𝗥𝗶𝘁𝘇❓
GED က အချိန်လုရတဲ့ ပွဲပါ။ Ritz မှာက Exam Slot တွေ အပြည့်ရှိသလို၊ စက်ပိုင်းဆိုင်ရာ Error ကင်းလို့ တစ်ခါတည်းနဲ့ အပြီးဖြတ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
2️⃣ 𝗣𝗧𝗘 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰
IELTS နဲ့ အပြိုင် နာမည်ကြီးလာတဲ့ English Proficiency Test တစ်ခုပါ။
👤 Australia, UK နဲ့ New Zealand နိုင်ငံတွေကို ကျောင်းသွားတက်ဖို့ (သို့) အလုပ်သွားလုပ်ဖို့ (Migration) ပြင်ဆင်နေသူတွေအတွက် အထူးသင့်လျော်ပါတယ်။
သူက Computer-based စစ်တာဖြစ်လို့ Result အရမ်းမြန်ပါတယ်။ ၂ ရက်ကနေ ၅ ရက်အတွင်း အဖြေသိရလေ့ရှိတယ်။ Writing နဲ့ Speaking မှာ လူကစစ်တာမဟုတ်ဘဲ AI က စစ်တာမို့ အမှတ်ပေး စိတ်ချရတယ် (Unbiased Scoring) လို့ နာမည်ကြီးပါတယ်။
✨ 𝗪𝗵𝘆 𝗥𝗶𝘁𝘇❓
PTE မှာ အရေးကြီးဆုံးက Speaking ပါ။ Ritz ရဲ့ အားသာချက်က ဘေးလူအသံ မဝင်အောင် ကာကွယ်ပေးထားလို့၊ ကိုယ့်အသံကို Computer က တိတိကျကျ ဖမ်းယူနိုင်ပါတယ်။ ဒါကြောင့် Speaking Score ကောင်းချင်ရင် Ritz မှာ လာဖြေလိုက်ပါ။
3️⃣ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 (𝗔𝗪𝗦, 𝗣𝗠𝗣, 𝗖𝗶𝘀𝗰𝗼)
ဒါကတော့ ကျောင်းသားအဆင့် မဟုတ်တော့ဘူး။ Pro တွေအတွက် ဖြစ်ပါတယ်။
👤 IT သမားတွေ၊ Project Manager တွေနဲ့ လုပ်ငန်းခွင်ဝင်နေပြီး လစာရာထူး တိုးချင်သူတွေ၊ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်ချင်သူတွေအတွက်ပါ။
နေရာကောင်းတစ်ခု ရဖို့ဆိုရင် အတွေ့အကြုံ အရေးကြီးသလို၊ ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို သက်သေပြပေးနိုင်တဲ့ ဒီလို Global Certificates တွေကလည်း ကိုယ့်ရဲ့ Market Value ကို တက်စေပါတယ်။
✨ 𝗪𝗵𝘆 𝗥𝗶𝘁𝘇❓
ဒီစာမေးပွဲတွေက Exam Fees များပါတယ်။ ဒါကြောင့် External Errors တွေ ကင်းရှင်းချင်ရင် Ritz လိုမျိုး Professional Test Center မှာ လာရောက်ဖြေဆိုတာက စိတ်အချရဆုံးပါပဲ။ Ritz ဟာ Pearson VUE Authorized Center ဖြစ်လို့ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲပေါင်းများစွာကို One-stop ဖြေလို့ရပါတယ်။
ကဲ ... လမ်းကြောင်းတွေကတော့ ရှိနေပြီနော်။
ကိုယ့်ဘက်ကသာ ကြိုးစားပါ။ အကောင်းဆုံး ဖြေဆိုနိုင်ဖို့ကို Ritz က တာဝန်ယူပါတယ်။
ဘယ်လမ်းကြောင်းကို ရွေးရမှန်း ဝေခွဲမရဖြစ်နေရင်လည်း အချိန်မရွေး Chat Box ကို လာခဲ့လိုက်ပါ။ အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးသွားပါမယ်။ 🙆
𝗥𝗶𝘁𝘇 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗲𝘀𝘁 𝗖𝗲𝗻𝘁𝗲𝗿
📞 +95 9 45319 3857
🌐 https://exam-center.ritz.com.mm
📍 Room 6, Building 7, MICT Park, Hlaing Tsp., Yangon, Myanmar
31/01/2026
🌎 နိုင်ငံတကာအသိအမှတ်ပြု Certificates တွေဆိုတာ ကိုယ်တတ်မြောက်ထားတဲ့ Skill တွေကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း ပြသနိုင်ဖို့ အခိုင်မာဆုံး လက်နက်တွေပါ။
အနာဂတ် ခေတ်ရေစီးကြောင်းမှာ နေရာတစ်နေရာ ရဖို့ဆိုရင် ကိုယ်လျှောက်လှမ်းမဲ့ Career အလိုက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဒီအတွက် မြန်မာလူငယ်တွေ ပြည်တွင်းမှာပဲ နေနေ၊ နိုင်ငံရပ်ခြားကိုပဲ ထွက်ထွက်၊ ထည့်သွင်းစဥ်းစားသင့်တဲ့ Top 4 Career Pathways တွေနဲ့ သက်ဆိုင်ရာ Certificates တွေကို ဖော်ပြပေးလိုက်ပါတယ်။
🎓 𝗔𝗜 & 𝗗𝗮𝘁𝗮 𝗟𝗶𝘁𝗲𝗿𝗮𝗰𝘆
AI ခေတ်မှာ Data တွေကို နားလည်ပြီး AI Tools တွေနဲ့ တွဲဖက်လုပ်ကိုင်နိုင်သူတွေက ရွှေထက် တန်ဖိုးရှိလာပါတယ်။
Recommendation:
📜 Microsoft Certified: Azure AI Fundamentals (AI-900)
📜 Microsoft Certified: Power BI Data Analyst (PL-300)
🎓 𝗖𝗹𝗼𝘂𝗱 𝗖𝘆𝗯𝗲𝗿𝘀𝗲𝗰𝘂𝗿𝗶𝘁𝘆
IT နယ်ပယ်မှာ လစာကောင်းသလို နိုင်ငံတကာမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ လမ်းကြောင်းတစ်ခုပါ။
Recommendation:
📜 AWS Certified Solutions Architect (SAA-C03)
📜 CompTIA Security+ (သို့) Cisco CCNA
🎓 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
Remote Work တွေ ခေတ်စားလာတာနဲ့အမျှ အလုပ်ဈေးကွက်မှာ Project Manager တွေကို လိုအပ်ချက် မြင့်မားလာပါတယ်။
Recommendation:
📜 PMP® (Project Management Professional)
📜 CAPM® (Certified Associate in Project Management)
🎓 𝗚𝗹𝗼𝗯𝗮𝗹 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 (𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗣𝗿𝗼𝗳𝗶𝗰𝗶𝗲𝗻𝗰𝘆)
ကမ္ဘာကိုခြေဆန့်မယ်ဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုက လမ်းကြောင်းအားလုံးကို ဆက်သွယ်ပေးနိုင်တဲ့ သော့ချက်ပါပဲ။
Recommendation:
📜 PTE Academic (Visa နဲ့ Migration အတွက် အခုနောက်ပိုင်းမှာ ဖြေဆိုမှု များလာပါတယ်)
အခုဖော်ပြပေးလိုက်တဲ့ လမ်းကြောင်းတွေအတွက် International Certification Exams တွေကို RITZ Professional Test Center မှာ One-Stop Service ဖြင့် ဖြေဆိုနိုင်ပါတယ်။
ဒီတော့ ကိုယ့်အနာဂတ်အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်ကြမလဲ။ အောင်မြင်တဲ့ အနာဂတ်ဆီ လျှောက်လှမ်းရာမှာ RITZ က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ 🚀
30/12/2025
လေ့လာသင်ယူမှုဆိုတာ ဘဝတစ်လျှောက်လုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒါပေမဲ့ "တစ်နေ့ကို ဘယ်နှစ်နာရီ စာကျက်သင့်သလဲ" ဆိုတဲ့မေးခွန်းရဲ့ အဖြေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ကျောင်းသားလား၊ အလုပ်သမားလား၊ ဘယ်လိုရည်မှန်းချက်ရှိလဲဆိုတာပေါ် မူတည်ပါတယ်။
ကျောင်းသားဘဝမှာ စာက အဓိကတာဝန်ပါ။ ဒါပေမယ့် နာရီပိုင်းအကြာကြီး ထိုင်ပြီးကျက်နေရမယ်လို မဆိုလိုပါဘူး။
- စာမေးပွဲရက်နီးမှ စုပြီးကျက်တာထက် နေ့စဉ်နည်းနည်းချင်းကျက်တာ ပိုကောင်းပါတယ်။
- ၄၅ မိနစ် ဒါမှမဟုတ် ၁ နာရီကြာ အာရုံစိုက်ပြီးတိုင်း ၁၀-၁၅ မိနစ်လောက် နားပါ။
- အိပ်ခါနီး ၂-၃ နာရီအလိုမှာ စာသစ်မကျက်ပါနဲ့၊ သမားရိုးကျက်ထားတာကို ပြန်သုံးသပ်ပါ။
- အိပ်ရေးဝအောင်အိပ်ပါ၊ အိပ်ရေးပျက်ရင် ကျက်ထားတာအားလုံး ထိရောက်မှုနည်းသွားပါတယ်။
အလုပ်ရှိပြီးသားသူတွေအတွက်ကတော့ အချိန်က အဓိကစိန်ခေါ်မှုပါပဲ။
- မနက်အိပ်ရာထ ၃၀ မိနစ် စောထပါ၊ ဒီအချိန်မှာ ဦးနှောက်က လန်းဆန်းပြီး အာရုံစိုက်နိုင်စွမ်းအကောင်းဆုံးပါ။
- အလုပ်ကပြန်လာရင် ၁ နာရီလောက် အနားယူပြီးမှ စာထိုင်လေ့လာပါ။
- စာကို တစ်ခါတည်း အကြာကြီးမလေ့လာပါနဲ့။ ၂၀-၃၀ မိနစ်စီ ခွဲပြီးလေ့လာပါ။
- အားလပ်ရက်မှာ ပိုပြီးအချိန်ပေးပါ (၂-၃ နာရီလောက်)။
စာလေ့လာတာကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ရှိပါတယ်။
- ကားမောင်းရင်း၊ လမ်းလျှောက်ရင်း podcast နားထောင်ပါ။
- လေ့လာမယ့်အကြောင်းအရာကို သေးသေးလေးတွေခွဲပါ (ဥပမာ - ဒီအပတ်မှာ အင်္ဂလိပ်စာ tenses ၃ မျိုးသင်မယ်)။
- ဖုန်းထဲက social media အချိန်ကို လျှော့ပြီး စာလေ့လာချိန်အတွက် အစားထိုးပါ။
ကျောင်းသားဖြစ်ဖြစ်၊ အလုပ်ရှိပြီးသားသူတွေဖြစ်ဖြစ် စာလေ့လာမယ်ဆိုရင်..........
၁။ အာရုံမစိုက်ဘဲ ၄ နာရီထိုင်တာထက် အာရုံပြတ်သားစွာစိုက်ပြီး ၁ နာရီလေ့လာတာ ပိုကောင်းပါတယ်၊
၂။ နားလိုက်၊ လမ်းလျှောက်လိုက်၊ ရေသောက်လိုက်လုပ်ပါ။ ဒါမှ ဦးနှောက်က သင်ယူထားတာတွေကို စုစည်းနိုင်မယ်။
၃။ တစ်ပတ်ကို ၁ ရက် (သို) ၂ ရက် လုံးဝအနားယူပါ။ ဒီနေ့မှာ စာလုံးဝမကြည့်ဘူးလို ဆုံးဖြတ်ထားတဲ့နေ့ရှိပါစေ။
၄။ တစ်ချိုကနေ့စဉ် ၄ နာရီလေ့လာနိုင်ပေမယ့် တစ်ချိုကတော့ ၁ နာရီပဲ အာရုံစူးစိုက်နိုင်ပါတယ်။ ကိုယ့်စွမ်းရည်နဲ့ကိုက်အောင် ချိန်ညှိပါ။
"တစ်နေ့ ဘယ်နှစ်နာရီ" ဆိုတာထက် "တစ်ပတ်မှာ ဘယ်လောက် တောက်လျှောက်လေ့လာနိုင်သလဲ" ဆိုတာ ပိုအရေးကြီးပါတယ်။ တစ်နေ့ မိနစ် ၃၀ ပုံမှန်လေ့လာတာက တစ်ပတ်ကို ၇ နာရီလောက် မှန်မှန်ကန်ကန်လေ့လာတာနဲ့ ညီမျှပါတယ်။
အရေးကြီးဆုံးက စာလေ့လာတာကို ဝန်ထုပ်ကြီးတစ်ခုလိုမမြင်ဘဲ၊ ကိုယ့်ဘဝကို ပိုပြည့်စုံစေမယ့်၊ ကိုယ့်အနာဂတ်ကို ပိုကောင်းစေမယ့် လုပ်ရပ်တစ်ခုလိုမြင်ပြီး ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူဖို့ပါပဲ။
25/12/2025
Merry Christmas to You All! 🎄❤️
ကြည်လင်ချမ်းမြေ့ဖွယ်ကောင်းသော ခရစ္စမတ်
အချိန်အခါသမယလေးမှာ အားလုံးပဲ ကိုယ်စိတ်
နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။🎄❤️
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |