Fly With English

Fly With English

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fly With English, Tutor/Teacher, Yangon.

24/05/2026

ခရီးတစ်ခုရဲ့ အစဟာ ခက်ခဲတတ်ပေမယ့် ရလဒ်ကတော့ ထိုက်တန်မှာပါ။
အမှားတွေလုပ်မိနေလို့ စိတ်မပျက်ပါနဲ့ဦး။

အင်္ဂလိပ်စာလေ့လာတဲ့အခါ အစပိုင်းမှာ တိုးတက်မှုမရှိသလို ခံစားရတတ်ပါတယ်။ ဒါဟာ သဘာဝကျပါတယ်။

ရေနွေးအိုးတစ်အိုး ဆူပွက်ဖို့အတွက် 100*Cထိ အပူချိန်တက်လာအောင် စောင့်ရသလိုပါပဲ။ 99*C အထိ ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် နောက်ထပ် 1*C အတိုးမှာတင် ရေက ဆူပွက်သွားတာပါ။

ကိုယ့်ရဲ့ ကြိုးစားမှုတွေကလည်း ပျောက်ကွယ်မသွားပါဘူး၊ စုမိနေတာပါ။

မရပ်တန့်ဘဲ နေ့တိုင်း နည်းနည်းစီ လေ့လာသွားပါ။
တစ်နေ့ကို စာလုံးအသစ် ၅ လုံးပဲဖြစ်ဖြစ်၊ English Podcast ၅ မိနစ်ပဲဖြစ်ဖြစ် ပုံမှန်လေး နားထောင်ပေးပါ။ အရှိန်အဟုန်က ကြီးမားတဲ့ ပြောင်းလဲမှုကို ယူဆောင်လာပါလိမ့်မယ်။

ဒီနေ့ လေ့လာဖြစ်ခဲ့တဲ့ English စာလုံးအသစ် တစ်လုံး (သို့) မေးခွန်းတစ်ခုခုရှိရင် ကွန်မန့်မှာ ရေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်ပါ။

18/05/2026

English လို အကုန်နားလည်နေတဲ့ အခိုက်အတန့်ကျမှ ရုတ်တရက် ဘာမှမသိတော့သလိုမျိုး ကြုံဖူးလား? 🤔

ဟိုနေ့က အတန်းထဲက အမတစ်ယောက် ပြောပြတယ်။ စကားတွေ နားထောင်လို့ အရမ်းအဆင်ပြေနေရင်း "ဟင်.. ငါ အကုန်နားလည်နေပါလား" လို့ သတိထားမိတဲ့ စက္ကန့်ပိုင်းမှာတင် ရှေ့ဆက်ပြီး ဘာမှနားမလည်တော့ဘဲ Blank ဖြစ်သွားတယ်။

ဒါ ဘာလို့လဲဆိုတော့ ငါ မရသေးပါဘူး ဆိုတဲ့ မသိစိတ်က ကိုယ့်ကိုယ်ကို အထင်သေးတဲ့ Block က တိုးတက်မှုကို ပိတ်လိုက်လို့ပါ။

အင်္ဂလိပ်စာမှာ Optimism (အကောင်းမြင်စိတ်) နဲ့ ငါ တိုးတက်နေပြီ လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပေးဖို့က အသက်ပါပဲ။

💡 Tiny Win လေး တစ်ခုပေးချင်ပါတယ် -
နောက်တစ်ခါ ငါ နားလည်နေပြီ လို့ သိလိုက်ရင် အလန့်တကြားမဖြစ်ဘဲ Yes! ငါ တိုးတက်နေပြီ လို့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပြီး ရှေ့ကအရာကိုပဲ ဆက်နားထောင်လိုက်ပါ။

Negative words တွေကို လုံးဝမသုံးပါနဲ့။

ဒီလိုမျိုး ကြုံဖူးတယ်ဆိုရင် Comment မှာ "ကြုံဖူးတယ်'' လို့ ချန်ခဲ့ပေးဦး။

16/05/2026

သင့်ရဲ့ CV ဟာ သင့်ရဲ့ ပထမဆုံး First Impression ပါပဲ။

HR တစ်ယောက်က သင့်ကို လူချင်းမတွေ့ခင် သင့်ရဲ့ အရည်အချင်းကို ဒီစာရွက်တစ်ရွက်ထဲနဲ့ပဲ အကဲဖြတ်သွားတာပါ။

အလုပ်လျှောက်တဲ့အခါ အတွေ့အကြုံတွေ၊ Skill တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ... CV Format မကျတာ၊ ရေးသားပုံ လွဲမှားနေတာကြောင့် အင်တာဗျူး ခေါ်မခံရဘဲ ငြင်းပယ်ခံလိုက်ရတဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။

တကယ်တော့ HR တစ်ယောက်ဟာ CV တစ်စောင်ကို ဖတ်ဖို့ စက္ကန့်ပိုင်းပဲ အချိန်ပေးတာပါ။ အဲဒီ စက္ကန့်ပိုင်းအတွင်းမှာ သူတို့ မျက်စိကို ဖမ်းစားနိုင်ဖို့ လိုအပ်ပါတယ်။

အင်တာဗျူး အခေါ်ခံရနိုင်ချေ ပိုများစေမယ့် Professional CV တစ်စောင်မှာ ဒါတွေ မဖြစ်မနေ ပါရပါမယ် -

📌 Clear Structure: ရှုပ်ပွမနေဘဲ ဖတ်ရလွယ်ကူတဲ့ Layout ဖြစ်ခြင်း။

📌 Action Verbs: Responsible for...အစား Managed..., Led..., Achieved... စတဲ့ Active ဖြစ်တဲ့ စာလုံးများ သုံးနှုန်းခြင်း။

📌 Tailored Content: ကိုယ်လျှောက်မယ့် Job Description နဲ့ ကိုက်ညီတဲ့ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ဦးစားပေး ပေါ်လွင်စေခြင်း။

သင့် CV ကရော အလုပ်ရဖို့ သေချာစေမယ့် First Impression မျိုး ဖြစ်နေပြီလား?

CV ပြင်ပေးဖို့ လိုအပ်ရင် "CV"လို့ DM ပို့လိုက်ပါ။

11/05/2026

Pre-Intermediate Grammar One on one class

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon