မြန်မာကြေးဘောလုံးဒိုင်
ဘောလုံးပွဲများကို အွန်းလိုင်းကနေကိုယ်ပိုင်အကောက်ဖစ်ကစားချင်သူများ Viber 09772469468
telegram @oowatoke
20/04/2026
ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့(၄)ပွဲအလိုမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာ (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၄)ပွဲအလိုမှာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၁၅)မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
ဒါကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံး(၁၄)ရာသီအတွင်း (၁၃)ကြိမ်မြောက် ရရှိခြင်းဖြစ်ခဲ့သလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် (၃၅)ကြိမ်မြောက်ရရှိတဲ့ အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပြီး လက်ရှိအချိန်မှာ (၁၀၉)ဂိုး သွင်းယူထားတာကြောင့် ရာသီအဆုံးသတ်ချိန်မှာ ဂိုး(၁၂၀)အထိ သွင်းယူနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးမျှော်လင့်ချက်လည်း ရှိနေပြီး ပြိုင်ပွဲစုံမှာ (၅၁)ဂိုးသွင်းယူပေးထားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတွေအများကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
Photos: X
Crd
#မြန်မာကြေးဘောလုံးဒိုင်
13/04/2026
အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲခဲ့ရင် အာတေတာနေရာ ဖာဘရီဂတ်စ်ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြ
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် နည်းပြ အာတေတာ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိပြီး အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း လူမှုကွန်ရက်မှာ ထင်ကြေးပေးဖော်ပြမှုတွေ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ နောက်ဆုံးရရှိခဲ့တာကြောင့် ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်(၂၀)ကျော်ကြာမြင့်နေပြီဖြစ်ပြီး အာတေတာက ပြီးခဲ့တဲ့နောက်ဆုံး(၃)ရာသီဆက်တိုက် ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ အဓိကပြိုင်ဘက် မန်စီးတီးအသင်းကို (၉)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုရရှိဖို့ အလားအလာကောင်းခဲ့ပေမဲ့ အခုတစ်ပတ်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် မန်စီးတီးထက် တစ်ပွဲပိုကစားပြီး (၆)မှတ်သာဖြတ်နိုင်ပါတော့တယ်။
မန်စီးတီးကွင်းမှာ ကစားရမယ့်ပွဲလည်း ရှိနေတာကြောင့် အာဆင်နယ်အသင်း အမှားမခံတဲ့အခြေအနေ ဖြစ်သွားခဲ့ပြီး မန်စီးတီးအသင်းက ဖိအားပိုပေးလာနိုင်ခဲ့ပါတယ်။
ဒါကြောင့် အာတေတာအနေနဲ့ အသာစီးရရှိခဲ့မှုကို ရာသီကုန်အထိ တည်မြဲအောင် အသုံးမချနိုင်ခဲ့ဘူးဆိုရင် အသင်းတာဝန်ရှိသူတွေက အခွင့်အရေးထပ်ပေးတော့မှာမဟုတ်ကြောင်း ထင်ကြေးပေးနေကြတာပါ။
ဖာဘရီဂတ်စ်က စီးရီးအေကလပ် ကိုမိုအသင်းမှာ စွမ်းဆောင်ရည်ကောင်းပြသနေသလို၊ အာဆင်နယ်အသင်းကို တစ်ချိန်ချိန်မှာ ပြန်လာလိုကြောင်း ပြောကြားခဲ့ဖူးတာကြောင့် အာတေတာနေရာ အစားထိုးဖို့ အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။
ဖာဘရီဂတ်စ်က မတ်လအတွက် စီးရီးအေအကောင်းဆုံးနည်းပြဆုကိုလည်း လောလောလတ်လတ် ဆွတ်ခူးထားပါတယ်။
Crd
#မြန်မာကြေးဘောလုံးဒိုင်
11/04/2026
■ မိမိတို့ ပယ်နယ်တီရခဲ့သင့်တယ်လို့ အာဘီလိုအာ ပြောကြား
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အာဘီလိုအာက ဂျီရိုနာနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ မိမိတို့ ပယ်နယ်တီရခဲ့သင့်တယ်လို့ ပွဲအပြီး ပြောခဲ့ပါတယ်။
ပွဲချိန် ၈၇ မိနစ်မှာ ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေရဲ့မျက်နှာကို ဂျီရိုနာနောက်ခံလူက ပယ်နယ်တီဧရိယာထဲမှာ တံတောင်နဲ့တွက်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ဒိုင်လူကြီး အယ်ဘာရိုလာက ပြစ်ဒဏ်အဖြစ် မသတ်မှတ်ခဲ့သလို၊ VAR လည်း မကြည့်ခဲ့ပါဘူး။
''ကျွန်တော့်အဖို့တော့ ဒီကနေ လကမ္ဘာအထိ ပယ်နယ်တီပါပဲ။ ကျွန်တော် ဒါကို နားမလည်နိုင်ပါဘူး။ ဘယ်သူမှလည်း လုပ်လိမ့်မယ်လို့
မတွေးပါဘူး။ ကျွန်တော့်အနေနဲ့ ဒိုင်လူကြီးတွေအပေါ်အမြင်က အချက်အလက်ပေါ် အခြေခံတယ်ဆိုတာ သိကြမှာပါ။ ဒါဟာ ကျွန်တော့်
အဖို့တော့ သိသာထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်တို့မှာ ဒီလိုမျိုးတွေ အများကြီးရှိခဲ့တယ်။ ပြီးခဲ့တဲ့အပတ် မာယော့ကာမှာလည်း
ဖြစ်ခဲ့တယ်။ ဒီလိုမျိုးတွေ အမြဲဖြစ်နေတယ်''လို့ အာဘီလိုအာက ပြောခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။
ယနေ့မှာ ဘာစီလိုနာအသင်းသာ အက်စ်ပန်ညိုကို အနိုင်ကစားနိုင်ရင် ရီးယဲလ်ကို ကိုးမှတ်အထိ ဖြတ်နိုင်ပါလိမ့်မယ်။
Crd
#မြန်မာကြေးဘောလုံးဒိုင်
Click here to claim your Sponsored Listing.