Treat With Me
Building The Better Lives
12/12/2025
အနုပညာနဲ့ နှလုံးသားတို့ပေါင်းစည်းမှုကို အထူးအလေးထားတဲ့ "Hearts in Harmony" Art Exhibition နှလုံးသားတို့နီးကြဖို့ အနုပညာပြပွဲဟာ ၂၀၂၅ ခုနှစ်အတွက် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ဒီပြပွဲမှာ တက်ရောက်လာသူ တစ်ဦးချင်းစီရဲ့ အာရုံငါးပါးနဲ့ ခံစားမှုတွေ၊ ပါဝင်ကူညီစီစဉ်ပေးသူ တစ်ဦးချင်းစီရဲ့ စိတ်စေတနာအပြည့်နဲ့ အားထုတ်မှုတွေက ပြပွဲရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းအဓိပ္ပာယ်ရှိအောင် ဖော်ပြပေးနိုင်ခဲ့ကြပါတယ်။
Together With Me Group အောက်ရှိ Treat With Me၊ Talk With Me၊ Transform With Me တို့နဲ့အတူ မိတ်ဖက်အဖွဲ့ Future Bridge Initiative တို့ပူးပေါင်းပြီး စီစဉ်ခဲ့တဲ့ ဒီပြပွဲဟာ စားသုံးသူရေးရာ၊ မျိုးဆက်ပွားကျန်းမာရေး၊ ဂျဲန်ဒါတန်းတူညီမျှမှု၊ စိတ်ကျန်းမာရေး၊ မိဘအုပ်ထိန်းမှုနယ်ပယ်များအပေါ် အနုပညာနဲ့ လူမှုရေးအမြင်တွေကို တပြိုင်တည်း ဖော်ပြနိုင်ခဲ့ကြပါတယ်။
Together With Me Group အဖွဲ့အစည်းအနေနဲ့ ပြပွဲအောင်မြင်မှုအတွက် ပါဝင်အားဖြည့်ပေးသူတိုင်းကို နွေးထွေးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် Treat With Me ကလှုပ်ရှား လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာ လူ့အခွင့်အရေးကဏ္ဍတိုင်းမှာ ပိုမိုအားထည့် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကိုလဲ တရားဝင်ထပ်လောင်းအတည်ပြုပြောကြားရင်း ပကတိပန်းတိုင်များဆီသို့ ဆက်လက်ချီတက်လျက်ရှိကြကြောင်း အသိပေးအပ်ပါတယ်။
#နှလုံးသားတို့နီးကြဖို့
#တသားတည်း
06/12/2025
"Hearts in Harmony" Art Exhibition🖌️
"နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ
ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အောက်ကနေ သီးခြားရပ်တည် လည်ပတ်နေကြတဲ့ Treat With Me - ကိုယ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Talk With Me - စိတ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Transform With Me - ငြိမ်းချမ်းရေးနှင့် ရေရှည်ပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်းတို့ကနေ နှစ်စဉ် ပူးပေါင်းစီစဉ် ပြုလုပ်ကျင်းပတဲ့ နေကျအနုပညာပြပွဲ တစ်ခုပဲဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ မိတ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bridge Initiative အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ပြုလုပ်ဖြစ်ပါတယ်။
ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှုတွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။
ဒီလို အဓိပ္ပာယ်လေးနဲ့ပဲ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပါတယ်။
ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့ ပြသသွားမဲ့ နယ်ပယ်တချို့ကို ဖော်ပြပါရစေ။ ဒီနယ်ပယ်တွေကတော့
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။
ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို မိမိရဲ့ အာရုံငါးပါး အပြည့်အဝ အသုံးချပြီး လာရောက် ခံစားဖို့အတွက် နွေးထွေး လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
လာရောက်ကြည့်ရှုခံစားရန် စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါ စိတ်ဝင်စားမှုဖော်ပြချက်ဖောင်ကို ကြိုတင်ဖြည့်ထားနိုင်ကြောင်း အသိပေးအပ်ပါတယ်။ ဖောင်ဖြည့်စွက်ထားခြင်းကြောင့် ပြပွဲနီးကပ်ချိန်မှာ ဖုန်းSMS ဖြင့် သတိတရလှမ်းအသိပေးနိုင်ခြင်း၊ နောင်ပြပွဲများအတွက် Email မှတဆင့် အကြောင်းကြားဆက်သွယ်ချိတ်ဆက်နိုင်ခြင်းတို့ကို ပြပွဲစီစဉ်သူများဘက်မှ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
💥ပြပွဲတက်ရောက်ရန် စိတ်ဝင်စားဖော်ပြခြင်းဖောင် -
https://docs.google.com/forms/d/e/1FAIpQLSfeygLdoMLdNnQKXOcGKvepcgdMpko8Ou5S4_uWP4e3awVjag/viewform?usp=publish-editor
🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)
🔗Event Date - 10.12.2025 (Wednesday)
🔗Event Time - 9:30 AM to 12:30 PM
🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.
#နှလုံးသားတို့နီးကြဖို့
#တသားတည်း
17/10/2025
✨CSE Peer Educator Skills Up Training Invitation ✨
✓သင်တန်းသည် CSE အခြေခံသဘောတရားနှင့် လှုပ်ရှားဆောင်ရွက်မှုအတွေ့အကြုံရှိထားပြီးသူများအတွက် ဒီဇိုင်းရေးဆွဲထားသောသင်တန်းဖြစ်ပါသည်။
✓Treat With Me Peer Educator များနှင့် Volunteer များအတွက် ဦးစားပေးစီစဉ်ထားသော သင်တန်းအမျိုးအစားဖြစ်သော်လည်း အခြားကိုက်ညီသူ ဆရာ၊ ဆရာမများအတွက်လဲ အကျိုးရှိစေချင်သောငှာ အချိန်တိုအတွင်း ယခုကဲ့သို့ Public ဖွင့်၍ သင်တန်းသားလက်ခံခြင်းပါသည်။
✓နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ၊ ၄ ရက်တာသင်တန်း။
✓အချိန် - မြန်မာစံတော်ချိန် ည ၇ နာရီမှ ၁၀ နာရီအထိ။ (၁ ရက်လျှင် ၃ နာရီကြာချိန်)
✓နေရာ - Zoom Platform
✓သင်တန်းနည်းပြဆရာများ - ဒေါက်တာဉာဏ်ဖုန်းမြင့် (MD, MSc Mahidol)၊ ကိုမျိုးမင်းသူ (Community Educator)
✓သင်တန်းလျှောက်ထားရန် လင့် -
🔗https://forms.gle/hXA2KbDDwtcpU7ZAA
✓ညနေ ၅ နာရီတွင် Email မှ တဆင့်အကြောင်းပြန်မည်ဖြစ်ပြီး အကြောင်းကြားခြင်းမခံရပါက အကြောင်းအရာအခြေအနေမကိုက်ညီခြင်းကြောင့် ရွေးချယ်ခြင်းမခံရကြောင်း အလိုအလျောက်သိစေအပ်ပါသည်။ အခြားသင်တန်းများရှိက Email မှ တဆင့် ထပ်မံအသိပေးအကြောင်းသွားပါ့မည်။
Treat With Me
Public Health Support Organization
CSE Department
11/10/2025
🚨ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ) [1.25]
🚨Treat With Me ရဲ့ အစီအစဉ်သစ်ဖြစ်တဲ့ "Health in Action Dialogues" Community Health Talk Series ရဲ့ ပထမဦးဆုံးပွဲပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်ပွဲရဲ့ ဦးစားပေး ဆွေးနွေးမဲ့ ကဏ္ဍအဖြစ် "အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ" ဆိုတဲ့ ခေါင်းစဉ်ကိုရွေးချယ်ထားပြီး လူငယ်များမေးမြန်းထားကြတဲ့ သက်ဆိုင်ရာမေးခွန်းတွေကို သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ပြန်လည် ဖြေကြားရင်း ကျန်းမားရေး အသိပညာဗဟုသုတများ ဝေမျှဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် မေးခွန်းများကို အောက်ဖော်ပြပါ လင့်မှတဆင့် ကြိုတင်မေးမြန်းလို့ရသလို ပွဲရောက်မှ မေးမြန်း၍လဲ ရနိုင်မှာဖြစ်ပါတယ်။
🔗မေးခွန်းများ ဝင်ရောက်မေးမြန်ရန်လင့်
https://docs.google.com/forms/d/e/1FAIpQLSfShGOuHeAl3_Exu8KBRwX7FmEO3wZFxZ4bqxcGLSoBYY3Kdg/viewform?fbclid=IwY2xjawNXe1RleHRuA2FlbQIxMQABHlq-VumqgPdWiK0L6gf714Bf4aF7wzkowyd_7DIuFwfE0LyS7Wl2vgb1p3Wo_aem_jtX0gtNSmi10nvriHwK5jA
🚨ဒီပွဲကို သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆရာ ဒေါက်တာ ဉာဏ်ဖုန်းမြင့် က Speaker အဖြစ်ဟောပြောဆွေးနွေးဖြေကြားပေးသွားမည်ဖြစ်ပြီး ဆရာ့ရဲ့ ကိုယ်ရေးအကျဉ်းလေးကို တပါတည်းမိတ်ဆက်ခွင့်ပြုပါ။
🔗ဒေါက်တာဉာဏ်ဖုန်းမြင့်သည် ဆေးပညာဘွဲ့ (MD) နှင့် ထိုင်းနိုင်ငံ မဟီဒေါလ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးသိပ္ပံမဟာဘွဲ့ (MSc) တို့ကို ရရှိထားပြီး၊ HIV ကာကွယ်ရေး၊ ရပ်ရွာလူထုကျန်းမာရေးနှင့် ကျန်းမာရေးစနစ်ဆိုင်ရာ သုတေသနနယ်ပယ်များတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသော ထူးချွန်သည့် ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဒေါက်တာသည် နာမည်ကြီး ပြည်တွင်းအဖွဲ့အစည်းများတွင် HIV ကာကွယ်ရေးဆရာဝန်အဖြစ် အဓိကကျသော ရပ်ရွာလူထုအုပ်စုများအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို ဦးဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ HIV ကာကွယ်ရေးနည်းဗျူဟာသစ်ဖြစ်သော PrEP အစီအစဉ်အတွက် နည်းပညာဆိုင်ရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခြင်းနှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းအခြေချသူများနှင့် နေရပ်စွန့်ခွာသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းတို့ဖြင့် HIV ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအပါအဝင် အခြားကျန်းမာရေးဆိုင်ရာလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ၊ သက်တူရွယ်တူပညာပေးသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် လက်တွေ့ကျသောကျွမ်းကျင်မှု၊ သက်သေအထောက်အထားအခြေပြု ဗဟုသုတနှင့် စွမ်းရည်မြှင့်တင်ပေးမှုတို့ကို အလေးထားသည့် သင်တန်းများစွာကို ပို့ချပေးသူတစ်ဦးလည်းဖြစ်ပြီး ဒေါက်တာ့၏ အဓိကကျွမ်းကျင်မှုများတွင် HIV ကာကွယ်ရေးနှင့် ကုသရေး၊ PrEP နှင့် ဘေးအန္တရာယ်လျှော့ချရေးနည်းလမ်းများ၊ ရပ်ရွာအခြေပြုကျန်းမာရေးစနစ်များ အားကောင်းစေရေးလှုပ်ရှားမှုများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် သုတေသနပြုခြင်းနှင့် တင်ပြတောင်းဆိုခြင်းလုပ်ငန်းများ စသည်တို့ပါဝင်ပါသည်။
🚨Treat With Me ရဲ့ "Health in Action Dialogues" Community Health Talk Series [1.25] အဖြစ်ပြုလုပ်ကျင်းပမဲ့ ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ) ပွဲမှာ တက်ရောက်ဖို့ စာရင်းပေးသွင်းရန်အတွက် Treat With Me ရဲ့ messenger မှာ လာရောက်ကာ "Health in Action 1.25" ဟု ပေးပို့ကာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ပေးပို့ရာမှာ
-အမည်၊
-ဖုန်းနံပါတ်၊
-Email လိပ်စာ၊
-အသက်၊
-နေရပ်လိပ်စာ မြို့နယ် (အတိအကျမလို)
တို့ကိုပါ ပူးတွဲပေးပို့ပေးဖို့ လိုအပ်ပါတယ်ရှင်။
ဒီ Personal Data တွေပေါ်အခြေခံပြီး ပိုကောင်းသောအစီအစဉ်များပြုလုပ်ရန်အတွက်နှင့် ပွဲအကြောင်း သတင်းပေးရန်အတွက်သာ ရည်ရွယ်ပြီး အခြားသောနေရာများမှာလုံးဝ အသုံးပြုမည်မဟုတ်ကြောင်း ကတိပြုပါတယ်ရှင့်။
အချက်အလက်များရရှိလာတာနဲ့ မကြာမီအချိန်အတွင်း သက်ဆိုင်ရာပွဲတာဝန်ခံကနေ ပွဲတက်ရောက်ရန် Zoom Link ကိုပြန်လည်ပေးပို့လာမှာပဲဖြစ်ပါတယ်။
🚨ပွဲသတင်းအချက်အလက်များ
✓ ပွဲခေါင်းစဉ် - ဆယ်ကျော်သက်လူငယ်များရဲ့ ယနေ့ခေတ် လိင်မှုရေးရာ ခေတ်ရေစီးကြောင်း (ဦးစားပေး ဆွေးနွေးမည့် ကဏ္ဍ - အာသာဖြေခြင်းနှင့် လိင်စိတ်ကြွဆေးဝါးများ)
✓ နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် (တနင်္လာနေ့)
✓ အချိန် - ည ၆ နာရီခွဲမှ ၈ နာရီခွဲ
✓ ပလပ်ဖောင်း - Zoom Platform
ပြည်သူလူထုအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၍ ဘေးကင်းလုံခြုံကြပါစေကြောင်း Treat With Me အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းရင်း မကြာမီပြုလုပ်မဲ့ ပွဲလေးကို တက်ရောက်ဖို့ နွေးထွေးလှိုက်လှဲစွာဖိတ်ခေါ်လိုက်ရပါတယ်။
11/10/2025
📣 Treat With Me မှ ပုံမှန်တင်ဆက်ပြုလုပ်သွားမည့် အစီအစဉ် ၄ ခုကို စတင် မိတ်ဆက်ခြင်း
Treat With Me ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှုပေးသော အဖွဲ့အစည်းသည် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်ကုသမှုစနစ်လက်လှမ်းမီရေးနှင့် မျိုးဆက်ပွားကျန်းမာရေးအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ကဏ္ဍအသီးသီးကို ၂၀၂၂ ခုနှစ်ကတည်းက တစိုက်မတ်မတ် လုပ်ကိုင် ဆောင်ရွက်လာသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
Treat With Me အဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်မှာ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်ကုသမှုစနစ်ကို လက်လှမ်းမီရရှိကာ ကိုယ်ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပျော်ရွှင်စွာ သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်ရေး၊ ရေရှည်ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်များ ဖြစ်တည်စေရေးကို ရှေးရှုလျက် လူသားနှင့် ကမ္ဘာအကျိုးကို စွမ်းဆောင်သယ်ပိုးပေးနိုင်သည်ထိ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူမှုအဖွဲ့အစည်းကြီးတစ်ခု ဖန်တီးတည်ဆောက်ကာ ကမ္ဘာသစ်ဆီသို့ ချီတက်နိုင်ရေး ဖြစ်ပါသည်။
လက်ရှိတွင် Treat With Me အဖွဲ့အစည်းသည် ပန်းတိုင်တူ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရည်အချင်းပြည့်ဝသော ဆက်ကျော်သက် သက်တူရွယ်တူ အချင်းချင်းအသိပညာမျှဝေပေးနိုင်သူ လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်လျက် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ယခုတစ်ခါမှာတော့ မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များအတွက် လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေး အပါအဝင် အခြားကျန်းမာရေးနှင့်သက်ဆိုင်သော အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုအဖြစ်အောက်ပါအစီအစဉ်သစ် ၄ ခုကို ထပ်မံမိတ်ဆက်လိုက်ရပါသည်။
🟢 Health in Action Dialogues (လက်တွေ့လှုပ်ရှား ကျန်းမာရေး - ဆွေးနွေး စကားဝိုင်းများ အစီအစဉ်)
ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးအကြောင်းကို လူထုနှင့် တိုက်ရိုက်ဆွေးနွေးနိုင်သော ပွဲများ၊ Panel Discussion များ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ စီစဉ်ပြုလုပ်ကျင်းပခြင်း။
🔵 Adolescent Mailbox (ဆယ်ကျော်သက်စာတိုက်ပုံး - မေးခွန်းများလက်ခံခြင်း အစီအစဉ်)
ဆယ်ကျော်သက်များအတွက် မေးခွန်းများ၊ အကြံပြုချက်များ၊ စိတ်ခံစားမှုများကို လုံခြုံစွာမျှဝေနိုင်သော Youth-led Communication & Support Space အဖြစ် ဖန်တီးထားရှိခြင်းနှင့် ပြန်လည်ချိတ်ဆက်ဖြေကြားပေးခြင်း။
🟡 Community Pulse Myanmar (လူထုတေးသွား ရင်ခုန်သံများ - လူထုအခြေပြု သုတေသန အစီအစဉ်)
လူထုအတွင်းရှိ ကျန်းမာရေးနှင့် စိတ်ခံစားမှုအတွေ့အကြုံများကို Youth Researchers များက Survey, Photovoice, Focus Group များဖြင့် အချက်အလက်စုဆောင်းခြင်းဖြင့် သုတေသနလုပ်ဆောင်ခြင်း။
🔴 Gen Lead Health Support Activities (မျိုးဆက်အခြေပြု ဦးဆောင်လှုပ်ရှားမှု အစီအစဉ်)
လူငယ် လူထုအသံများနှင့် ကျန်းမာရေးအစိပညာများကို ပြန်လည် ဟောပြောမျှဝေခြင်း၊ Advocacy Campaign များ၊ Policy Dialogue များဖြင့် ပြောင်းလဲမှုအတွက် အသုံးချခြင်း၊ တွန်းအားပေးခြင်း။
🔄 လူငယ်နဲ့ လူထုကို လက်တွေ့ကျကျ အခြေပြု၍ လှုပ်ရှားမှု၊ အသံ၊ သုတေသန၊ ထောက်ခံမှုတို့ကို စနစ်တကျပေါင်းစပ် လက်တွဲပြီး Treat With Me အဖွဲ့အစည်းမှ ရည်မှန်းသော ပန်းတိုင်များဆီသို့ ဗျူဟာကျကျ ချဉ်းကပ်ရန်ရည်ရွယ်လုပ်ဆောင်သွားမည့် အစီအစဉ်များဖြစ်ကြပါသည်။
👉 Treat With Me page တွင် ပိုမိုသိရှိလိုသူများအတွက် အစီအစဉ်အသေးစိတ်များကို မကြာမီ မျှဝေပေးသွားမည်ဖြစ်ပါသဖြင့် လူငယ်များ၊ CSO/OPD များ၊ စိတ်ကျန်းမာရေးနှင့် လူထုကျန်းမာရေးကို စိတ်ဝင်စားသူများအားလုံးကို အတူပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ရန် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
10/10/2025
🌍"World Mental Health Day - ကမ္ဘာ့စိတ်ကျန်းမာရေးနေ့"🧡
စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးဆိုတာ အမြဲယှဉ်တွဲနေတတ်တဲ့သဘောရှိပြီး အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့အရာများဖြစ်ကြပါတယ်။ လူသားတစ်ဦး အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးအရာတွေဖြစ်တဲ့ စားဝတ်နေရေးဆိုတာဟာလဲ ကိုယ်စိတ်နှစ်ပါးကျန်းမာနေမှသာ အဲ့အတွက် အင်အားစိုက်ထုတ်ကြိုးစားရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။
အဘက်ဘက်ကနေ ခက်ခဲကျပ်တည်းနေကြရတဲ့ အခြေအနေမျိုးတွေမှာ ရှင်ကျန်ရုန်းကန်နေရတဲ့ လူတိုင်း၊ လူတိုင်း စိတ်ကျန်းမာရေးအကူအညီအထောက်အပံ့တွေကို လက်လှမ်းမှီနိုင်ဖို့လဲ အင်မတန်အရေးကြီးလှပါတယ်။
ဒီအတွက်ကြောင့်ပဲ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာဖြန့်ဝေဖို့နှင့် စိတ်ကျန်းမာရေး ခံစားနေရတဲ့သူတွေကို ခွန်အားပေးဖို့အတွက် ၁၉၉၇ ခုနှစ်မှ စတင်ပြီးအောက်တိုဘာလ ၁၀ ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်ခေါင်းစီးအမျိုးမျိုးနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး ကမ္ဘာတဝှမ်း ကျင်းပကြပါတယ်။
ယခု ၂၀၂၅ ခုနှစ်အတွက် ခေါင်းစီးလေးကတော့
“Access to Services: Mental Health in Catastrophes and Emergencies” ပဲဖြစ်ပါတယ်။
ဒီခေါင်းစီးလေးကို Treat With Me အပါအဝင် Together With Me အောက်က အဖွဲ့အစည်းများကတော့ "ဘေးဒုက္ခနှင့် အရေးပေါ်အခြေအနေများကြား လက်လှမ်းမှီဖို့လိုအပ်သော စိတ်ကျန်းမာရေးဝန်ဆောင်မှုများ" လို့မြန်မာလိုလေး ဘာသာပြန်ဆိုထားကြပါတယ်။
စိတ်ကျန်းမာရေးဆိုတာ ကိုယ်တဦးတည်း တယောက်တည်းအဆင်ပြေဖို့ဆိုတာထက် တဦးတယောက်တိုင်း အဆင်ပြေမှသာ သာယာအေးချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိမိစိတ်အဆင်မပြေခြင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ တဘက်လူ တဘက်သားကို ထိခိုက်နစ်နာအောင်လုပ်ဆောင်ဖို့ လက်-န-က်တစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့်မို့ အားလုံး စိတ်ကျန်းမာရေးအဆင်ပြေဖို့လိုအပ်တာဖြစ်ပြီး ဒီအခြေအနေဟာရိုးရှင်းသလောက်လွယ်ကူတဲ့အရာတစ်ခုတော့လဲ ဟုတ်မနေပြန်ပါဘူး။
✓အသက်အရွယ်အလိုက် လူတန်းစားမရွေးတန်းတူညီမျှစွာ စိတ်ကျန်းမာရေးအသိပညာတွေရှိနေရပါမယ်။
✓မိမိကိုယ်မိမိ မိမိရဲ့ ကိုယ်စိတ်နှလုံး ၃ ပါးစလုံးကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ရပါမယ်။
✓တပါးသူတွေ လိုအပ်လာရင်ကူညီဖို့ ရင်းမြစ်တွေ အမြဲအသင့်ဖြစ်နေစေပြီး ကူညီရန် ဆန္ဒရော၊ အခြေအနေပါရှိနေရမယ်။
ဒီလိုမှသာ ခက်ခဲတဲ့အခြေအနေတွေတိုင်းမှာ လူတိုင်း လက်လှမ်းမှီစေမဲ့ စိတ်ကျန်းမာရေးကူညီပံ့ပိုးမှုတွေကို ဖန်တီးဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်းပြောကြားရင်း Treat With Me ရဲ့ စာဖတ်သူပရိသတ်များလဲ စိတ်ကျန်းမာရေးအကူအညီတစုံတရာလိုအပ်လာပါက သွေးချင်းမိတ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Talk With Me မှာ နေ့စဉ် မနက် ၉ နာရီမှ ည ၁၂ နာရီအထိ စာနဲ့ရိုက်ပြီး ဆွေးနွေးရင်ဖွင့်လို့ရမဲ့ ဝန်ဆောင်မှုလေးရှိကြောင်း လက်တို့အသိပေးအကြောင်းကြားအပ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလျက်.......🧡
Click here to claim your Sponsored Listing.