Dream
Strong For Yourself
12/08/2023
နားထိုင်းကြသူများ
--------------
တစ်ခါတုန်းက
နားထိုင်းတဲ့ ဆိတ်ကျောင်းသားတစ်ယောက်က
ဆိတ်တွေပျောက်တော့ သူ့ဆိတ်တွေတွေ့မိလားလို့ ထန်းပင်ပေါ်က ထန်းသမားတစ်ယောက်ကို
လှမ်းမေးတယ် ။
ထန်းပင်ပေါ်က ထန်းသမားကလည်း နားထိုင်းတော့
ဆိတ် မေးတယ်မထင်ဘူး သူ့ထန်းပင်တွေ
မေးတယ်ထင်လို့ ..
"အောင်မာ ဟောဒီဘက်က ထန်းတောတွေ
ကျုပ်ယောက္ခပိုင်တာတွေ ကျုပ်ပိုင်တာပေါ့ဗျ လို့လက်ညှိုးထိုးပြီး ခပ်ကြွားကြွား ပြန် ပြောတယ် ။
ဒါကို ဆိတ်ကျောင်းသား နားထိုင်းက အဲ့ဒီဖက်မှာ
ရှိတယ် လို့ ပြောတယ်ထင်ပြီး ရှာတော့ ..
ကံအားလျှော်စွာပဲ သူ့ဆိတ်အုပ်ကိုပြန်တွေ့တယ် ။
ဒါနဲ့
ထန်းသမားကြောင့်သာ သူ့ဆိတ်တွေပြန်ရတယ်
သူ့ကျေးဇူးရှိတယ်ဆိုပြီး ဆိတ်ကျိုးလေးတစ်ကောင်လက်ဆောင်ပေးဖို့ယူလာတယ် ။ပြီးတော့
ဆိတ်ကလေး လက်ဆောင်ပေးချင်လို့
ထန်းပင်ပေါ်က ဆင်းခဲ့ဖို့ အော်ပြောတယ် ။
ဒါပေမယ့် ထန်းသမား နားထိုင်းက
ဘာပြောတယ်ဆိုတာမကြားဘူး
ဆိတ်ကို အောက်ချလိုက်တော့
လဲသွားတဲ့ ဆိတ်ကျိုး ကိုပဲ မြင်ပြီးတော့
သူ့ခွေးကိုက်လို့ကျိုးတယ် လို့ ပြောတာထင်ပြီး ..။
"ဟိတ်လူ ခင်ဗျား ဆိတ် ကျုပ်ခွေးကိုက်တာမဟုတ်ဘူး ကျုပ်ခွေးက ဒီထန်းပင်အောက်မှာ အိပ်နေတာကြာပြီဗျ လို့ပြန်ပြောတယ်..
ဆိတ်ကျောင်းသား နားထိုင်းကလည်း
အားနာလို့ ငြင်းနေတာပဲလို့ထင်ပြီး ဆင်းခဲ့ဖို့
အကြိမ်ကြိမ် ခေါ်တယ်..
ထန်းသမား နားထိုင်းကလည်း သူ့စွပ်စွဲတယ်ထင်ပြီး
သူ့ခွေးကိုက်တာမဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းတယ်
သူတို့ငြင်းနေတာကို မြင်တဲ့ တခြားတစ်ယောက်က
သူကြီးဆီ အဆုံးအဖြတ်ခံဖို့ ခေါ် သွားတယ်..
ဆိတ်ကျောင်းသား နားထိုင်းကလည်း
ထန်းသမားကျေးဇူးတွေအတွက် ဆိတ်ကျိုးလေး လက်ဆောင်ပေးချင်တာ လက်မခံတဲ့အကြောင်း ..
ထန်းသမား နားထိုင်းကလည်း
အဲ့ဒီ ဆိတ်ကျိုးတာ သူ့ခွေးကိုက်လို့မဟုတ်ကြောင်း
အသီးသီးပြောကြတော့..မကြာခင်ကမှ
မိန်းမ နဲ့ ကွဲထားတဲ့ သူကြီး နားထိုင်းကလည်း
သူ့မိန်းမနဲ့ပြန်စေ့စပ်နေတယ်ထင်ပြီး ..
"ခင်ဗျားတို့ ဘယ်လိုပဲ နားချနားချ
ကျုပ်ကတော့ လုံးဝပြန်မပေါင်းနိုင်တော့ဘူးဗျာ
ဒါပဲ... ကဲ ခင်ဗျားတို့ ပြန်ကြတော့" တဲ့ ..။
ဒီပုံပြင် ကတော့ ဟာသပုံပြင် ပါပဲ .. ။
ဒါပေမယ့်
သေချာစဉ်းစားကြည့်လိုက်ရင်
ကျွန် တော်တို့ တတွေလည်း နားထိုင်းကြပါတယ်..။
ကျွန်တော်တို့ရဲ့ မိဘ ဆရာ အသီးသီးက
ကျွန်တော်တို့ ဘဝရှည်ရေးအတွက်
စေတနာထားပြီး ပြောတဲ့စကားတွေကို
ကျွန်တော်တို့ ရဲ့အတ္တ မာန နားဖာချေးတွေ ပိတ်ပြီး
အမှန်အတိုင်း မကြားနိုင်ကြဘူး ..။
ဆရာတော်ဘုရားကြီးတွေရဲ့ သံသရာက လွတ်ကြောင်း နည်းလမ်းကောင်းတရားတော်တွေကိုလည်း ..
ကျွန်တော်တို့ရဲ့ အဝိဇ္ဇာ နားဖာချေးတွေ ကြောင့်
အမှန်အတိုင်း မကြားနိုင်ကျဘူး ..။
ကျွန်တော်တို့ စိတ်ထဲမှာ စွဲနေတဲ့အတိုင်းပဲ
ကြားချင်သလိုပဲ ကြားလိုက်တယ် ..။
ဒါပေမယ့် ယုံကြည်နေပါတယ် ..။
ကျွန် တော်တို့ နားထိုင်းတယ် ဆိုတာ
ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ သိပြီး
လက်ခံလာနိုင်တဲ့နေ့ ..အမှန်တရားကို
တစ်ကယ်ကြားချင်စိတ် ရှိလာတဲ့နေ့ကျရင်တော့
အမှန်အတိုင်း ကြားနိုင်လာလိမ့်မယ်လို့ ..
ဒါပေမယ့် ..ခုချိန်ထိတော့ ကျွန်တော် နားထိုင်းနေဆဲ .. အရာရာတိုင်းကို အမှန်အတိုင်းကြားနိုင်ဖို့ [သိနိုင်ဖို့ ] အတ္တ မာန နားဖာချေးတွေ နည်းပါးအောင်
ကြိုးစားရှင်းနေရဆဲပါပဲ ..။
ကြာနီကန်ဆရာတော်ဘုရား၏
တရားတော်မှ
-To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်....
-BH🦚🦚🦚
09/07/2023
🖤
ဆံပင်ပေါက်ချင်သူ ဆံပင် ပျက်စီးနေလို့ ဆိုတဲ့သူတွေ အရှည်မြန်တယ် ဗောက်ပျောက်တယ်
သဘာဝ သစ်ဖုသစ်ဥတွေနဲ့တာ ထုတ်လုပ်ထားတဲ့အတွက် အရမ်းကောင်း တဲ့ ဆပ်ပြာခဲလေးပါ
ကိုယ်တိုင်သုံးပီးမှသာ ရောင်းချပါတယ်
ပစ္စည်း အတုအပ မဟုတ်ကြောင်း အာမခံရောင်းချပါတယ်ရှင့်
လိုအပ်လို့ ဝယ်ယူချင်ရင်
Ph 09400018581 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
01/07/2023
မင်မင် Acc မှ တဆင့်လဲ အားပေးလို့ရပါတယ်
Ngwe La Min
Click here to claim your Sponsored Listing.