Winner DV
PASSPORT QR, DV LOTTERY & US VISA SERVICES
26/05/2026
Green Card လျှောက်မယ့်သူတွေ သတိထားရမယ့် အပြောင်းအလဲသစ်
အမေရိကန်မှာ ယာယီဗီဇာနဲ့ ရောက်နေပြီး Green Card လျှောက်ဖို့ ပြင်နေတဲ့သူတွေအတွက် အရေးကြီးတဲ့ သတင်းတစ်ပုဒ် ဒီနေ့ပဲ တက်လာပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေး (USCIS) က မူဝါဒလမ်းညွှန်ချက်အသစ်တစ်ခု ထုတ်ပြန်လိုက်တာပါ။ မူဝါဒအသစ်အရ အမေရိကန်နိုင်ငံထဲ ရောက်နေရင်းနဲ့ Green Card အဖြစ် အဆင့်ပြောင်းလဲလျှောက်ထားတာ (Adjustment of Status) ကို တကယ့်ထူးခြားဆန်းပြားတဲ့ အခြေအနေမျိုး (Extraordinary Circumstances) မှလွဲလို့ နောက်ပိုင်း ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။
ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း Status ပြောင်းချင်တဲ့သူတွေဟာ အမေရိကန်နိုင်ငံပြင်ပက (မိမိတို့နိုင်ငံမှာရှိတဲ့) အမေရိကန်သံရုံး/ကောင်စစ်ဝန်ရုံးတွေကနေတစ်ဆင့်ပဲ ပုံမှန်အတိုင်း လျှောက်ရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အမေရိကန်ထဲမှာတင် အထူးကင်းလွတ်ခွင့်နဲ့ လျှောက်ချင်တယ်ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာစိစစ်ပြီးမှ ဆုံးဖြတ်ပေးမှာပါ။
USCIS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇက်ခ် ကေလာ (Zach Kahler) က အခုလို ရှင်းပြထားပါတယ် —
"ကျွန်တော်တို့က ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း စနစ်တကျ ဖြစ်အောင် ပြန်လုပ်တာပါ။ အခုအချိန်ကစပြီး အမေရိကန်ကို ခေတ္တခဏလာတဲ့သူတွေ Green Card လျှောက်ချင်ရင် တကယ့်ကို ထူးခြားတဲ့ အခြေအနေမျိုးကလွဲလို့ မိမိတို့ မိခင်နိုင်ငံကို ပြန်ပြီးမှပဲ လျှောက်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဥပဒေပါ ဟာကွက်တွေကို အခွင့်ကောင်းယူတာမျိုး မရှိတော့မှာပါ။ မိခင်နိုင်ငံကနေ လျှောက်ကြမယ်ဆိုရင် ဗီဇာငြင်းပယ်ခံရပြီးမှ အမေရိကန်ထဲမှာ တရားမဝင် ဆက်ပုန်းနေမယ့်သူတွေကို လိုက်ဖမ်းရမယ့် အလုပ်တွေလည်း လျော့သွားတာပေါ့။
သူက ဆက်ပြီးတော့လည်း
"ကျောင်းသားတွေ၊ ယာယီအလုပ်သမားတွေ၊ ဒါမှမဟုတ် အလည်ဗီဇာနဲ့ လာတဲ့သူတွေဆိုတာ အမေရိကန်ကို ရည်ရွယ်ချက်တစ်ခုအတွက် ခေတ္တခဏပဲ လာကြတာပါ။ ဗီဇာကုန်ရင် မိခင်နိုင်ငံကို ပြန်ဖို့ပဲ စနစ်က ပုံစံထုတ်ထားတာလေ။ အမေရိကန်ကို လာလည်တာဟာ Green Card လျှောက်ဖို့ ပထမခြေလှမ်း ဖြစ်မနေသင့်ပါဘူး။ ဥပဒေအတိုင်း လုပ်ကြမယ်ဆိုရင် အမှုတွဲအများစုကို ပြည်ပက သံရုံးတွေကပဲ ကိုင်တွယ်သွားမှာ ဖြစ်လို့၊ USCIS အနေနဲ့လည်း တခြားအရေးကြီးတဲ့အလုပ်တွေဖြစ်တဲ့ ရာဇဝတ်မှုနဲ့ လူကုန်ကူးမှု ခံရသူတွေအတွက် ဗီဇာထုတ်ပေးတာ၊ နိုင်ငံသားဖြစ်ခွင့် (Naturalization) လျှောက်လွှာတွေကို စိစစ်တာတွေကို ပိုပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှာပါ" လို့ ပြောသွားပါတယ်။
အသေးစိတ်ကိုတော့ USCIS က ထုတ်ပြန်ထားတဲ့ Policy Memo မှာ ဝင်ဖတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီစာရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကတော့
အမေရိကန်ကို ကျောင်းဗီဇာ (F-1)၊ အလည်ဗီဇာ (B-1/B-2) ဒါမှမဟုတ် အလုပ်ဗီဇာ အစရှိတဲ့ ယာယီဗီဇာတွေနဲ့ လာပြီးမှ၊ အမေရိကန်ထဲတင် အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် Green Card ပြောင်းဖို့ (Adjustment of Status) လုပ်ရတာ တော်တော့်ကို ခက်ခဲသွားပါပြီ။
တကယ့်ကို ထူးခြားတဲ့ ပြဿနာ သို့မဟုတ် အခြေအနေမျိုး မရှိရင်တော့ မြန်မာပြည် (သို့မဟုတ် မိမိတို့နိုင်ငံ) ကို ပြန်၊ အဲဒီက အမေရိကန်သံရုံး (Consular Processing) ကနေတစ်ဆင့်ပဲ Green Card ဗီဇာကို စောင့်ပြီး လျှောက်ရတော့မယ့် သဘော ဖြစ်သွားပါပြီခင်ဗျာ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
မူရင်း သတင်းလင့်ခ်-https://www.uscis.gov/newsroom/news-releases/us-citizenship-and-immigration-services-will-grant-adjustment-of-status-only-in-extraordinary
Photo by The Rangooner
U.S. Citizenship and Immigration Services Will Grant ‘Adjustment of Status’ Only in Extraordinary Circumstances | USCIS U.S. Citizenship and Immigration Services today announced a new policy memo reiterating the fact that, consistent with long-standing immigration law and immigration court decisions, aliens seeking adjustment of status must do so through consular processing via the Department of State outside of the....
10/05/2026
Happy Mother's Day ! 🤱🏻
ဒီနေ့ ကျရောက်တဲ့ အမေများနေ့မှာ မိခင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး စိတ်ပင်ပန်းခြင်းမှကင်းဝေးကြပါစေ🙏🙏🙏
28/04/2026
ပြည်ပကနေ မြန်မာပြည် ပြန်လာရင် မြန်မာသံရုံးထောက်ခံစာ ယူလာရမည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
11112