Elevate Gathering

Elevate Gathering

Share

ဘုရားနှင့်ချိတ်ဆက် အချင်းချင်းလည်းချိတ်ဆက် "Faith-Fun-Fellowship"

09/01/2026

🔥 Elevate Gathering
Youth Lead Worship 🔥

လူငယ်တွေက ဦးဆောင်ပြီး ပြုလုပ်မယ့် Elevate Gathering ကို
🗓 10 January 2026 (စနေနေ့)
⏰ နေ့လယ် ၃ နာရီ မှာ ပြုလုပ်သွားမှာဖြစ်ပါတယ် ✨
နှစ်သစ်ရဲ့ ပထမဆုံး Gathering မှာ
🎶 ဘုရားရှင်ကို အားရပါးရ ချီးမွမ်းရင်း
🙏 မျက်မှောက်တော်ထဲမှာ ဘုရားနဲ့ပိုမိုနီးကပ်စီးမျောကြမယ့် အချိန် ဖြစ်ပါတယ်
လူငယ်တွေရဲ့ အားအင်၊ စိတ်အားထက်သန်မှုတွေနဲ့
💥 အသက်ရှင်တဲ့ Worship
💥 ပြောင်းလဲမှုရှိတဲ့ Gathering ကို အတူတကွခံစားလိုက်ရအောင် 💖
👉 မလွတ်စေနဲ့နော်… Elevate လုပ်မယ့်အချိန်ရောက်ပြီ!

Photos from Elevate Gathering's post 13/12/2025

Elevate Christmas 🌲🌲⭐

ယနေ့ အစီအစဉ်ကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပါသည်။ ❄❄

ရပ်နီးရပ်ဝေးမှ ညီအစ်ကိုမောင်နှမများနှင့် ပျော်ရွှင်စွာ မိသဟာရဖွဲ့ခွင့်ရခဲ့သည့်အတွက် ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါတယ်။🥰

ထို့အပြင် လက်ဆောင်များကို ပြင်ဆင်ပေးခဲ့သော Ro Sung နှင့် Sayama Zing Boih တို့အပေါ်မှာသော်လည်းကောင်း၊ကဏ္ဏအသီးသီးကနေပါဝင်ဆက်ကပ်အစေခံကြသောသူများအားလုံးအပေါ်မှာသော်လည်းကောင်း ဘုရားသခင်အထူးပဲကောင်းချီးပေးပါစေ။😇

|| ဒေသနာမှကောက်နုတ်ချက် ||

ဘုရားအလိုတော်ကိုပြည့်စုံစေဖို့ မိမိအလိုကိုငြင်းရချိန်ရှိတယ်။

အောင်မြင်ချင်ရင်ရှုံးနိမ့်စေတဲ့အရာကိုလက်လွှတ်ရဲရမယ်။

သင်ကြံစည်ထားသောအရာထက်ဘုရားရဲ့အကြံအစည်သာ၍ကြီးမားတယ်။

တစ်စုံတစ်ရာကိုလိုချင်ရင်တစ်စုံတစ်ရာကိုစွန့်လွှတ်ရတယ်။မာရိကယေရှုကိုမွေးပေးဖို့အိမ်မက်ထဲကမင်္ဂလာပွဲကိုလက်လွှတ်ရတယ်။

(၁)အိပ်ပျော်ရာကမနိုးရင်
လက်တွေ့အကောင်အထည်ဖော်နိုင်မည်မဟုတ်။

(၂)မိမိရဲ့အလိုကိုမစွန့်ပဲဘုရားရဲ့အလိုတော်ကို
ပြည့်စုံစေလို့မရ။

(၃)ကိုယ်တော့်အလိုတော်ပြည့်စုံစေဖို့
မိမိအလိုကိုငြင်းပယ်ခြင်း။

ဘုရားရဲ့အလိုတော်ပြည့်စုံစေဖို့ကိုယ့်အလိုကိုငြင်းပယ်ပါ။
နောင်တနည်းသောဘဝကိုပိုင်ဆိုင်ဖို့ဘုရားအလိုတော်ကိုခက်ခဲပေမယ့်ရွေးချယ်ပါ။
ကျရှုံးစေတဲ့အရာကိုမစွန့်ရင်အောင်မြင်ခြင်းကိုဆုပ်ကိုင်နိုင်မှာမဟုတ်ပါ။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No 400. , Nawarat 2nd Street
Yangon
11041