Avo Pie

Avo Pie

Share

Organic Avocados from Southern Shan State !!

Photos from Avo Pie 's post 20/12/2022

Hass နှင့်မရင်းနှီးသူများသို့ ...

Hass လေးတွေဟာ တချို့မျိုးရင်းတွေလို ပျော့အောင် ‌စောင့်စရာ မလိုပါဘူး ။
တလုံးလုံး အပြည့် ညိုသွားရင် စားလို့ရပါပြီ ။
အောက်မှာ internet က ပုံလေးတွေ တွဲထား ပေးပါတယ် ။

Hass လေးတွေမှာ တခြား avocado မျိုးရင်းတွေ လိုပဲ ၊
Vitamins A ,C ,E ,K
Vitamins B2,B3, B6 စတဲ့ ဗိုက်တာမင်တွေ ၊
Omega 3တွေ အပြင် သူ့မှာပါတဲ့ အဆီဓာတ်က လူတွေအတွက် ကောင်းတဲ့ unsaturated fat ခေါ် မပြည့် ဝဆီပါ။
Cholesterol ကတော့ Avocado တွေရဲ့ ထုံးစံ အတိုင်း 0 % ပါတဲ့ ။
‌နောက်ပြီး သတ္တုဓာတ် တွေဖြစ်တဲ့ Potassium,
Magnesium, Calcium, Iron တွေလည်းပါပါသေးတယ်။

ဝိတ်ချတဲ့ သူတွေ စိတ်ကြိုက် dietary fiber ခေါ် အမျှင် ဓာတ်တွေကလည်း 50% လောက်ပါပါသေးတယ် ။
Avocado လေးတွေ ရဲ့ ကျန်းမာရေး အကျိုးပြု ပုံတွေကတော့
- နှလုံးရောဂါ ဖြစ်ပွားမှုလျော့ ချနိုင်ခြင်း
-အမြင် အာရုံ ကောင်းခြင်း
-သွေးတွင်း အဆီဓာတ် လျော့ချနိုင်ခြင်း
-ကိုယ် အလေးချိန် လျော့ချရာတွင် ကူညီပေးခြင်း
-antioxidants တွေ ပါဝင်ခြင်း ကြောင့်
အသား‌အရေ ၊ ဆံပင် ကောင်းခြင်း တို့အပါအဝင်
နှလုံးရောဂါ ၊ ကင်ဆာရောဂါအပြင် တချို့ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ချပေးခြင်း တို့ ကိုလည်း တွေ့နိုင်ပါတယ် ။

ဒီလောက် အကျိုးပြုတဲ့ ထောပတ်သီး‌ လေးတွေ ကို စားသုံး ရင်း ၊ ကျန်းမာသက်ရှည် လှပစွာနေထိုင် ကြပါလို့ ။☺️
-DrVincent
လျှောက်မရှာပါနဲ့ ကျနော်ပါ။😂

ဒီလောက်ဆို ဈေး‌ဆက်ရောင်းလို့ ရပါပြီ။ 😁😁
Hass Avocado လေး တွေ နောက်တသုတ် ထပ်ကုန်သွားပါပြီ ။
Order ထပ်တင်လို့ရပါပြီ ။
In-stock ပိုယူထား လည်း ကုန်ကုန် သွားတာပါ။
မှာပြီး ၄-၅ ရက်လောက် တော့ကြာပါတယ်‌နော် ။😁
ဈေးလေးတွေက
Grade A 6500
4kg- 25000
Grade B 5500
4kg - 21000 တို့အပြင်

Baby မှ Baby လေးတွေဆိုတဲ့ ကော်ကြီးတွေ
မောင်လေး တွေကို ချစ်စနိုးနဲ့ baby ခေါ်တတ် တဲ့ မတ်မတ်တွေ အတွက်
Baby Hass လေးတွေရပါမယ်နော် ။
1kg - 4500 ပါ
3kg ယူရင် 13000ပါ ။

၁၀ လုံး ဝန်းကျင် 1 kg size လေးတွေပါ။
အစိလေးတွေပါ ပေါက်စနလေး တွေပါ။ 😁

PS - Avocado ကို Choco Pie တို့လို pets လေး တွေကို အရမ်း ကျွေးလို့ မရပါဘူး နော် ။
သူ့မှာပါတဲ့ persin ဆိုတဲ့ ဓါတ် က vomiting and diarrhea ၊ myocardial infarction ရတတ်လို့ပါ။
Avocado မှာပါတဲ့ အဆီဓါတ် ကြောင့် pancreatitis လည်းရနိုင်လို့ပါ။
အဲဒါကြောင့် အိမ်မွေး pets လေးတွေ ကို limit နဲ့ ကော ၊ ကိုယ့် အမျိုးအစား အလိုက် ကော ရှာကြည့်ပြီး မှကျွေးကြ ပါ လို့ အကြံပြုရင်း။

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Bahan
Yangon
11201