Lumen Libris

Lumen Libris

Share

"Lumen Libris Book Shop" 📖

Photos from Lumen Libris's post 25/05/2026

"Lumen Libris" မှာ ရနိုင်မယ့် BL BOOKS တွေပါ

တောပန်းလေး=25000

Vampire =23000

လခွမ်းအုပ်ကြီးဖြစ်ရတာ =26000

ချစ်ရပါသောခြည် =33000

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ = 40000

Photos from Lumen Libris's post 19/05/2026

ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့” ဆိုတဲ့ စာအုပ်လေးက လူတိုင်းအတွက် လမ်းညွှန်ပေးနိုင်မဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အထူးသဖြင့် အတွေးနွံနစ်နေသူ၊ စိတ်ထိခိုက်စရာတွေနဲ့ ပိတ်မိနေသူ၊ စိတ်ခံစားချက်တွေထဲ လမ်းပျောက်နေတဲ့သူ၊ ကိုယ့်ဘာသာကိုယ် အရှုံးပေးနေတဲ့သူတွေအတွက်ပေါ့။ စာရေးသူ Daniel Chidiac က ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို သုံးပြီး ဘာကြောင့် ကိစ္စသေးသေးလေးတွေက သင့်တစ်နေ့တာလုံးကို ပျက်စီးစေတယ်ဆိုတာကို သက်သေပြထားတယ်။ ဒါတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေကိုလည်း ပြပေးထားတယ်။

ဒီစာအုပ်ကနေ

· ကိစ္စအသေးအဖွဲလေးတွေနဲ့ တစ်နေ့လုံး စိတ်မပျက်တတ်အောင်

· ကိုယ့်ဘာသာကိုယ် မဖျက်ဆီးမိအောင်

· အပြစ်ရှိတယ်လို့ မခံစားရဘဲ သင့်တော်တဲ့ ကန့်သတ်ချက်တွေ သတ်မှတ်တတ်အောင်

· တကယ့်အပြစ်ရှိတာနဲ့ ခြယ်လှယ်ခံရတာကို ခွဲခြားတတ်အောင်

· အတွေးမလွန်မိအောင်

· ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းကို စိတ်ရောကိုယ်ပါ မခံစားမိအောင်
စိတ်ခံစားချက်နဲ့ လွင့်မျောမနေအောင်

· အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေကို ခွဲခြားတတ်ပြီး နောင်တမရဘဲ ထွက်ခွါလာတတ်အောင်

· ကိုယ့်ကိုယ်ကိုယ် ပိုထိန်းနိုင်ပြီး နေ့ရက်တိုင်း ကောင်းမွန်လာအောင်

· နစ်နာသူအဖြစ်ကနေ ကိုယ့်ကိုယ်ကိုယ် အစွမ်းရှိသူအဖြစ် ပြောင်းလဲတတ်အောင်

· စိတ်ခံစားချက်တွေကို ခပ်ခွါခွါနေတတ်အောင်

· ကိုယ် တိုးတက်လာတာကို ရှင်းပြနေစရာမလိုဘဲ ရှေ့ဆက်တတ်အောင်သင်ပေးပါတယ်။

အတွေးနွံနစ်ရင်း ပင်ပန်းနေတဲ့အခါ၊ လူတွေရဲ့ စိတ်ခံစားချက်တွေကို အမြဲလိုက်ပါခံစားနေရလို့ ခြေကုန်လက်ပန်းကျနေတဲ့အခါ၊ ဒါမှမဟုတ် ဘဝရဲ့ ဖရိုဖရဲဖြစ်မှုတွေက ကိုယ့်စိတ်ခံစားချက်ကို ဆုံးဖြတ်ခွင့်ပေးတာကို ရပ်လိုက်ချင်တဲ့အခါ ဒီစာအုပ်ကို ဖတ်သင့်ပါတယ်။ ကိုယ့်အင်အားကို ပြန်ရရှိဖို့၊ ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ကာကွယ်ဖို့၊ ကိုယ်ပိုင်စည်းချက်နဲ့ ရပ်တည်ဖို့ လမ်းကြောင်းပြပေးမှာပါ။

- စုမြတ်ချစ်
- ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့
- 15000 MMK


#စုမြတ်ချစ် #စာဖတ်ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon