Rachel Japanese Language Center

Rachel Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rachel Japanese Language Center, Language school, Yangon.

02/07/2026

2026 (July) JLPT စာမေးပွဲနှင့်ပတ်သတ်သော စည်းကမ်းချက်များနှင့် ပတ်သက်၍ စာဖြေသူများ နားလည်သဘောပေါက်လွယ်ကူစေရန် ဗီဒီယိုဖိုင်ဖြင့်ထုတ်ပြန်ကြေငြာခြင်း ဖြစ်ပါသည်။

ယခုနှစ်မှ စတင်ပြောင်းလဲလာသော စည်းကမ်းချက်များနှင့် သတိပြုရန်အချက်များအား ထည့်သွင်းမွမ်းမံထားပါသည်။

သိုဖြစ်ပါ၍ ဗီဒီယိုဖိုင်ပါအချက်အလက်များအား သေချာစွာ ထပ်မံလေ့လာထားရှိခြင်းဖြင့် စာမေးပွဲဖြေဆိုသည့်နေ့တွင် အခက်အခဲနည်းစွာဖြင့် အဆင်ပြေပြေဖြေဆိုနိုင်ကြမည်ဟုမျှော်လင့်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

01/07/2026

JLPT Exam ဖြေမဲ့သူတွေအတွက်လည်း လုပ်သင့်တယ်။

🌿 အလုပ်အင်တာဗျူး အောင်ချင်တယ်၊ ရာထူးတိုးတာ မြန်ချင်တယ်၊ ဘာလုပ်လုပ် အဆင်ပြေချင်တယ်၊ စာမေးပွဲအောင်ချင်တယ်ဆိုရင် ရေချယ့် အတွေ့အကြုံနဲ့ ကျင့်ကြံအားထုတ်ဖြစ်တဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဆိုရင် "ဗုဒ္ဓေါ" ဂုဏ်တော်ကို ပုတီးစိပ်ပါ။

မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ကိုယ်အဆင်ပြေမယ့် အချိန်လေးယူပြီး ဘုရားရှေ့မှာ သီလယူပါ။ သီလယူပြီးရင် ကိုယ်လိုချင်တဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် အဓိဌာန်တင်ပါ။

ပြီးရင် "ဗုဒ္ဓေါ" ဂုဏ်တော်ကို ပုတီး (၁၂) ပတ် စိပ်ပါ။

"ဗုဒ္ဓေါ..." ဆိုပြီး ပုတီးတစ်လုံးချင်းစီ စိပ်သွားရုံပါပဲ။ (၁၀၈) လုံးပုတီးနဲ့ စိပ်ရပါမယ်။

တချို့က "တာလီနဲ့ ရလား" လို့ မေးကြပါတယ်။ကုသိုလ်ရချင်ရုံဆိုရင် ဘာနဲ့ပဲ ရေတွက်ရေတွက် ရပါတယ်။

ဒါပေမယ့် အဓိဌာန်ဝင်ပြီး စိတ်ကို အာရုံစိုက်ကာ ကျင့်ကြံချင်တယ်ဆိုရင်တော့ ပုတီးလေးနဲ့ ဘုရားရှေ့မှာ စိပ်နိုင်ရင် ပိုကောင်းပါတယ်။

"ဗုဒ္ဓေါ" ရဲ့ အဓိပ္ပါယ်ကတော့ သစ္စာလေးပါးတရားကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရားရှင်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)

အဓိပ္ပါယ်ကို အလွတ်ကျက်ပြီး စိပ်စရာ မလိုပါဘူး။ ဒါပေမယ့် စိပ်ရင်းနဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို နှလုံးသွင်း ဆင်ခြင်နိုင်ရင် ပိုကောင်းပါတယ်။

ဒါဟာ ဗုဒ္ဓါနုဿတိ ပွားများခြင်းပဲ ဖြစ်ပါတယ်။အဓိဌာန်ကို အနည်းဆုံး (၉) ရက်ကနေ စပြီး လုပ်ကြည့်ပါ။

ပြီးရင် ကိုယ့်ကို အင်တာဗျူးမယ့်သူ၊ အထက်လူကြီး၊ အလုပ်ရှင်၊ သူဌေး ဒါမှမဟုတ် ကိုယ်အဆင်ပြေချင်တဲ့ ကိစ္စနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရည်မှန်းပြီး သေချာ မေတ္တာပို့ပါ။

အသံထွက်ပြီး ပို့လို့လည်း ရပါတယ်။စိတ်ထဲကနေ အာရုံပြုပြီး (၁၀) မိနစ်ခန့် မေတ္တာပို့လို့လည်း ရပါတယ်။

ဒီနည်းလမ်းကို ရေချယ့် ဘေးနားက ခင်မင်ရသူတွေကို မျှဝေပေးဖူးပါတယ်။

သူတို့ဆီက ပြန်ကြားရတဲ့ အတွေ့အကြုံတွေကတော့ အများအားဖြင့် အဆင်ပြေသွားကြတယ်၊ လိုချင်တဲ့ အခွင့်အရေးတွေ ရသွားကြတယ် ဆိုတာပါပဲ။သူတို့ရဲ့ အဆင်ပြေမှုတွေကို မြင်ရတိုင်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။

ဘာသာခြား မိတ်ဆွေတွေအတွက်တော့ အောက်မှာ ပြောခဲ့တဲ့ မေတ္တာပို့တဲ့ နည်းလမ်းကိုပဲ ရွေးချယ်နိုင်ပါတယ်။ဘယ်ဘာသာပဲ ဖြစ်ဖြစ် တူညီတဲ့ အရာတစ်ခုကတော့ မေတ္တာပါပဲ။

ရေချယ်ကတော့ ဘာအစွမ်းထက် ယတြာတွေ၊ အဆောင်တွေ၊ ဂမ္ဘီရပစ္စည်းတွေကို မလုပ်ပါဘူး။
ဒါန၊ သီလ၊ မေတ္တာဆိုတဲ့ အခြေခံလက်နက်တွေကိုသာ အဆောင်အဖြစ် ဆောင်ထားပါတယ်။

အရေးကြုံလာတဲ့အခါ၊ အခက်အခဲတွေ ကြုံလာတဲ့အခါ ရေချယ် ပြုကျင့်ခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ္တာတရားတွေကို အမှီပြုပြီး သစ္စာဆိုပါတယ်။

"သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏" ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်လား။

ဒါကြောင့် ပြင်ပက အရာတွေကို အားကိုးနေမယ့်အစား...ကိုယ့်ရဲ့ ဒါန၊ သီလ၊ မေတ္တာ၊ ဘာဝနာတွေကိုသာ အားကိုးစေချင်ပါတယ်။

(တကယ်တော့ ဘာသာရေးနဲ့ ပတ်သက်လာရင် "ဒါဖြစ်အောင်၊ ဟိုဖြစ်အောင်" ဆိုပြီး ခေါင်းစဉ်တပ်ရတာကို ကျွန်မ ရှက်ပါတယ်။

ဒါပေမယ့် ဘာသာရေးအခြေခံ အသိနည်းသူတွေရယ်၊ ကောက်ရိုးတစ်မျှင်စာ ဖမ်းဆုပ်ချင်သူတွေအတွက်ရယ် အဆင်ပြေစေဖို့သာ ခေါင်းစဉ်တပ်ပြီး ရေးပေးရတာပါ။

အခု မျှဝေခဲ့တဲ့ နည်းလမ်းဟာ တကယ်တမ်းတော့ ဗုဒ္ဓါနုဿတိ ပွားများခြင်းနဲ့ မေတ္တာဘာဝနာ ပွားများခြင်းကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။

ဘုရားဂုဏ်တော် ပွားများရတဲ့ အကျိုး၊ မေတ္တာဘာဝနာရဲ့ အကျိုးတွေကတော့ ဘာခေါင်းစဉ်မှ မလိုအပ်ပါဘူး။ ဘာပဲလုပ်လုပ် ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။)

ရေချယ်မိုးမြင့်

23.11.2025
(9:51 AM)

✍️ ကိုယ်ပိုင်ရေးသားထားသော စာစုဖြစ်ပါတယ် ။ Copy ယူ၍ ပြန်လည်ကူးယူတင်ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

🌿 နှစ်သက်ပါက Original Post ကို Share ပြုလုပ်နိုင်ပါတယ်။

➡️ မရှင်းတာ၊ နားမလည်တာ၊ သိချင်တာများရှိပါက Comment မှာပဲ မေးမြန်းပေးပါနော်။

#ရေချယ်မိုးမြင့်
#ဗုဒ္ဓေါ
#ဗုဒ္ဓါနုဿတိ
#မေတ္တာဘာဝနာ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon