NET AGE

NET AGE

Share

Desktop, Laptop and accessories

16/03/2026

သင့်ရဲ့ Data တွေကို နှစ်ပေါင်း ၁၀,၀၀၀ အထိ အပျက်အစီးမရှိ သိမ်းဆည်းပေးမယ့် Microsoft ရဲ့ "Project Silica"

လက်ရှိ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Hard Drive တွေ၊ SSD တွေနဲ့ USB Flash Drive တွေက ဘယ်လောက်အထိ အသုံးခံတယ်လို့ ထင်ပါသလဲ?

ပုံမှန်အားဖြင့် ၅ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်လောက်ဆိုရင် စက်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေဖြစ်လာပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ဒီလို ပြဿနာကို ဖြေရှင်းဖို့ Microsoft ကတော့ ဖန်ပြားလေးတွေ (Glass) ထဲမှာ Data တွေကို နှစ်ပေါင်း သောင်းချီတဲ့အထိ သိမ်းဆည်းနိုင်မယ့် နည်းပညာအသစ်တစ်ခုကို ဖန်တီးနေပါတယ် ။ ဒါကို Project Silica လို့ ခေါ်ပါတယ်။

ဒါဆို ဖန်ပြားထဲမှာ Data ကို ဘယ်လိုသိမ်းမလဲ?

ဒီနည်းပညာက အခြေခံအားဖြင့် သန့်စင်တဲ့ ဖန် (Quartz Glass) ကို အသုံးပြုထားတာပါ။ မီးဖိုချောင်သုံး ဖန်ခွက်တွေနဲ့ အကြမ်းဖျင်း သဘောတရားတူပေမယ့်၊ အလုပ်လုပ်ပုံကတော့ အတော်လေး ဆန်းပါတယ် ။

Microsoft ဟာ အလွန်လျင်မြန်တဲ့ လေဆာ (Femtosecond Lasers) တွေကို သုံးပြီး ဖန်သားထဲမှာ Data တွေကို 3D ပုံစံ ဖန်တီးပြီး ရေးသွင်း (Encode) တာဖြစ်ပါတယ်။ ဒီလို ရေးသွင်းထားတဲ့ Data တွေကို ပြန်လည်ဖတ်ယူတဲ့ အခါမှာလည်း သာမန်နည်းလမ်းနဲ့ မရဘဲ Computer Vision နည်းပညာနဲ့ Machine Learning ကို အသုံးပြုပြီး ဖန်သားထဲက အလင်းယိုင်ဆင်းမှုတွေကနေတဆင့် ပြန်လည် ဖတ်ယူ (Decode) တာမျိုးပါ ။

ဘာကြောင့် ဖန် (Glass) ကို ရွေးချယ်ရတာလဲ?

နည်းပညာနယ်ပယ်မှာ ဖန်ကို အသုံးပြုတာ အကြောင်းရင်း (၃) ခု ရှိပါတယ် ။

အကြမ်းခံနိုင်ခြင်း
--------

ဒီ ဖန်ပြားလေးတွေက ရေနွေးပူထဲပြုတ်တာ၊ မီးဖို (Oven) ထဲထည့်ဖုတ်တာ၊ ခြစ်မိတာ၊ ပြုတ်ကျတာ ဒါမှမဟုတ် သံလိုက်စက်ကွင်း (EMP) ဖြတ်သန်းသွားတာတွေ လုပ်ရင်တောင် အထဲက Data တွေ လုံးဝ (လုံးဝ) မပျက်သွားပါဘူး။

သက်တမ်း ရှည်ကြာခြင်း
----------

Data တွေကို အနည်းဆုံး နှစ်ပေါင်း ၁၀,၀၀၀ (တစ်သောင်း) ကျော်အထိ လုံခြုံစွာ သိမ်းထားနိုင်ပါတယ်။ ဒါဟာ ယနေ့ခေတ် Data Storage သမိုင်းမှာ အရှည်ကြာဆုံးနဲ့ ယုံကြည်ရဆုံး နည်းလမ်းတစ်ခု ဖြစ်လာမှာပါ။

သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိခြင်း
---------------------

ပုံမှန် Data Center ကြီးတွေလို Server တွေကို အမြဲတမ်း အဲယားကွန်း (Air-con) အပြည့်ဖွင့်ပြီး အအေးခံထားစရာ မလိုပါဘူး။ ဖန်ပြားတွေက အပူချိန်ကို ဂရုစိုက်စရာမလိုဘဲ ရိုးရိုးစင်ပေါ် တင်ထားရုံနဲ့ ရတဲ့အတွက် လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို အများကြီး လျှော့ချနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း သိသိသာသာ သက်သာစေပါတယ်။

ဘယ်သူတွေအတွက် အဓိက ရည်ရွယ်တာလဲ?

လောလောဆယ်မှာတော့ ဒီနည်းပညာက သာမန် User တွေရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေထဲမှာ နေ့စဉ်အသုံးချဖို့ (ဥပမာ - သီချင်းထည့်ဖို့၊ ဂိမ်းဆော့ဖို့) မဟုတ်သေးပါဘူး။ ဘယ်တော့မှ မဖျက်ပစ်မယ့်၊ အမြဲတမ်း သိမ်းဆည်းထားရမယ့် Archival Data တွေဖြစ်တဲ့ အရေးကြီးမှတ်တမ်းတွေ၊ ရုပ်ရှင် Master Copy တွေ၊ ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ Cloud Storage Data Center ကြီးတွေအတွက် အဓိက ရည်ရွယ်တာပါ။

နည်းပညာနယ်ပယ်မှာ နေ့စဉ်သုံး ပစ္စည်းတစ်ခုဖြစ်တဲ့ "ဖန်" ကို အဆင့်မြင့် Data Storage အဖြစ် ပြောင်းလဲလိုက်နိုင်တာဟာ တကယ်ကို ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုပါပဲ ။

Photos from NET AGE's post 11/02/2026

ဘရားသားတို့ ...

ဂိမ်းဆော့နေရင်း Frame Rate တွေ ကျလို့ စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရပြီလား ?

Video Editing မှာ Rendering အချိန်ကြာလွန်းလို့ အလုပ်မတွင်ဖြစ်နေပြီလား ?

ဒါဆိုရင်တော့ Gamer နဲ့ Creator ဘရားသားတို့အတွက် Perfect Combo ဖြစ်စေမယ့် ပစ္စည်းလေးတွေ ရမယ်ဗျာ ။ လိုအပ်တာ တစ်ခုချင်းစီကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်ဗျ ။

ထုံးစံအတိုင်း ပစ္စည်းရောက်ကုန်ဖြစ်လို့ လိုအပ်ရင် လက်ဦးထားမှ စိတ်ချရပါမယ်ခင်ဗျာ ... 💯

Brand - ASUS
Model - GEFORCE RTX 5060 OC EDITION
VRAM - 8GB
Price - 1,730,000 Ks
Warranty - 3Yrs Thai Warranty

Brand - WD Black
Model - SN7100 M.2 NVMe SSD
Capacity - 1 TB
Price - 550,000 Ks
Warranty - 3 Yrs Thai Warranty

Brand - SMAILWOLF
Model - RS8 Gaming Mouse
Price - 120,000 Ks
Warranty - Warranty 3 Months

အခြားရရှိနိုင်မည့် ပစ္စည်းများ
--------------

Brand - WD My Passport
Model - Portable HDD
Capacity - 2 TB
Price - 450,000 Ks
Warranty - 3 Yrs Thai Warranty
🎁🎁 Gift - Movies and Series

Brand - ADATA Internal SATA SSD
Model - SU650
Capacity - 512 GB
Price - 250,000 Ks
Warranty - 3 Yrs Thai Warranty

Brand - SanDisk
Model - Extreme Portable SSD
Capacity - 1 TB
Price - 495,000 Ks
Warranty - 3 Yrs Thai Warranty

ရန်ကုန်မြို့တွင်း ၊ မြို့ပြင် နှင့် တစ်ခြားမြို့များကို Royal Express Delivery ဖြင့်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အပြင် အိမ်ရောက်ငွေရရှိသော မြို့ များကိုလည်း COD စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ ... 🚚

ဆက်သွယ်ရန်

------

📱 𝟎𝟗 - 𝟗𝟒𝟑𝟎𝟏𝟎𝟐𝟖𝟒 , 𝟎𝟗 - 𝟕𝟓𝟎𝟎𝟔𝟒𝟐𝟔𝟏

📍 No ( 5 ) , Yadanar Theinkha Street, Sangyi Qtr , Mingalardon Township , Yangon.

🗺️ https://maps.app.goo.gl/n5EiLNP722Kwq9mp6

06/02/2026

" သိပ်မကြာခင်မှာ ထွက်ရှိလာနိုင်တယ့် Microsoft ရဲ့ Windows 12 "

Windows 12 က တကယ်ထွက်လာမှာလား? ဒါမှမဟုတ် နာမည်ပြောင်းသွားတာလား စသည်ဖြင့် Windows 12 နဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုးထွက်နေတာကြောင့် လူတွေတော်တော်များများ ဇဝေဇဝါဖြစ်နေကြပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ Tech လောကတစ်ခုလုံးက "Windows 12 ထွက်လာတော့မယ်" ဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ Microsoft က မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုကို လုပ်ခဲ့ပါတယ်။

ဘယ်လို အလှည့်အပြောင်းလဲဆိုရင် ...

လက်ရှိအချိန်ထိ Microsoft က Windows 12 ကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

အစောပိုင်း သတင်းတွေအရ ၂၀၂၄ မှာ Windows 12 ထွက်မယ်လို့ မှန်းဆခဲ့ကြပေမယ့်၊ Microsoft ဟာ User Base ကွဲသွားမှာစိုးရိမ်တာကြောင့် Windows 12 အစား Windows 11 (Version 24H2) ဆိုတဲ့ နာမည်နဲ့ပဲ Major Update ကြီးတစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ တကယ်တန်းဆို ဖော်ပြချက်တွေအရ Windows 11 24H2 ဟာ Windows 12 အနေနဲ့ ထုတ်ဖို့ Microsoft အနေနဲ့ ရည်ရွယ်ထားတာပါ ။

လက်ရှိခန့်မှန်းချက်တွေအရ Windows 12 ၂၀၂၆ သို့မဟုတ် ၂၀၂၇ လောက်မှ ထွက်လာနိုင်ခြေရှိပါတယ်။

အကယ်၍ Windows 12 ထွက်လာခဲ့ရင် အကြီးမားဆုံး ပြောင်းလဲမှုက ဘာဖြစ်မလဲ ?

အကြီးမားဆုံး ပြောင်းလဲမှုအနေနဲ့က UI မဟုတ်ပါဘူး ။ OS ရဲ့ တည်ဆောက်ပုံ (Architecture) ဖြစ်ပါတယ်။ ဒီပြောင်းလဲမှု CorePc လို့ခေါ်ပါတယ် ။

လက်ရှိ Windows တွေမှာ OS ဖိုင်တွေနဲ့ User Data တွေ ရောထွေး‌နေတာဖြစ်ပြီး ပြောင်းလဲသွားမယ့် CorePC မှာတော့ Read-only Partition ဆိုပြီး OS စနစ်ပိုင်းကို သီးသန့်ခွဲထုတ်ထားပါလိမ့်မယ်။ (iOS နဲ့ Android မှာ သုံးတဲ့ ပုံစံမျိုးပါ)။

ဒီလိုမျိုး System အပိုင်း ( OS ) ကို Read Only Partition အနေနဲ့သီးသန့် ခွဲထုတ်လိုက်တာကြောင့် Update လုပ်ရင် အရင်လို Restart အကြာကြီး ဖြစ်မနေတော့ဘဲ မြန်ဆန်လာပါလိမ့်မယ် ။

ဖော်ပြချက်‌တွေအရ ဒီလိုပြောင်းလဲမှုကြောင့် Virus ဝင်ရင်တောင် OS အပိုင်းကို လွယ်လွယ်ကူကူ မဖျက်ဆီးနိုင်တော့တဲ့အတွက် Windows ခနခန ပြန်တင်ရတာမျိုးမဖြစ်တော့ပါဘူး ။

ပြီးတော့ Microsoft က "AI Everywhere" ဆိုတဲ့ မူဝါဒကို နည်းနည်း ပြန်လျှော့ထားပုံရပါတယ် ။ အကြောင်းကတော့ သုံးစွဲသူတွေက နေရာတကာ AI ဝင်ပါနေတာကို သိပ်ဘဝင်မကျလို့ဘဲဖြစ်တယ် ။ ဒါပေမဲ့ မည်သို့ပင်ဆိုစေကာမူ Windows 12 က AI-Native OS ဖြစ်လာမှာပါ ။

Ai ပေါင်းစပ်ပါဝင်တဲ့ OS တစ်ခုဖြစ်တဲ့အတွက် NPU မရှိမဖြစ် လိုလာပါမယ် ။ သာမန် CPU (Central Processing Unit) တွေက AI ကို တွက်ချက်ရာမှာ Powerful မဖြစ်တဲ့အတွက် Windows 12 သုံးမယ်ဆိုရင် NPU (Neural Processing Unit) ပါဝင်တဲ့ CPU တွေ (ဥပမာ - Intel Core Ultra, AMD Ryzen AI 300 series) ကို Requirements တစ်ခုအနေနဲ့ မဖြစ်မနေ တောင်းဆိုလာနိုင်ပါတယ် ။

ခန့်မှန်းချက် တွေအရ အနိမ့်ဆုံး RAM 16GB လောက် လိုအပ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ (AI Model တွေ Run ဖို့အတွက်ပါ)။

နောက်ပြောင်းလဲမှုတစ်ခုကတော့ Design အပိုင်းပါ ။ Design အပိုင်းမှာ macOS ဆန်လာမယ် ။

အောက်ခြေက Taskbar ဟာ မျက်နှာပြင်အောက်ဆုံးမှာ ကပ်မနေတော့ဘဲ လေပေါ်မြောက်နေသလို (Floating) ပုံစံဖြစ်နေမယ် ။

Wi-Fi, Battery, Clock စတာတွေကို ဖုန်းတွေ၊ Mac တွေလိုမျိုး မျက်နှာပြင် အပေါ်ထိပ်ဆုံးမှာ နေရာချထားတဲ့ Design မျိုးတွေ ဖြစ်လာနိုင်ပါတယ် ။

ဒီလို‌ပြောင်းလဲမှု‌တွေ နဲ့အတူ Windows 12 ဟာ တစ်ချို့သော Laptop Brand တွေရဲ့ နောက်ထွက်မယ့် Model အသစ်တွေမှာ Pre Installed အနေနဲ့ ပါဝင်လာနိုင်ပါတယ် ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No 5, Yathanartheinkha Street, Sangyiwa Qtr, Mingalardon Township
Yangon