Square Digital Design
Great Visual Effective Sale.
16/05/2024
အွန်လိုင်းစီးပွားရေးလုပ်နေတဲ့လူတွေ ကြည့်သင့်တဲ့ Channel 5 ခု
ဒီနေ့မှာ အွန်လိုင်းစီးပွားရေး လုပ်နေကြတဲ့ လုပ်ငန်းရှင်
တွေကြည့်သင့်တဲ့ Channel လေး (၅)ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ပထမပြောပြချင်တာကတော့
Digital Marketing For Your life ပဲဖြစ်ပါတယ် ။
သူကတော့ Content နဲ့ Copywriting တွေအတွက်လေ့လာသင့်တဲ့ Channel လေးတစ်ခုဖြစ်ပါတယ်
https://youtube.com/?si=x0SfDIXuCSC2_c7J
နောက် Channel တစ်ခုကတော့ Dr. Phyo Paing
Channel ပဲ ဖြစ်ပါတယ်။ ဒီ Channel လေးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကြည့်သင့်တဲ့ ထဲပါပါတယ်
https://youtube.com/?si=0Dq62I8e9p5GKf23
Kaung Gon tin channelလေးကတော့ Digital Marketing နဲ့ ပတ်သတ်ပြီး ဘယ်လိုလေ့လာသင့်လဲဆိုတာတွေကို ပြောပြပေးနေတဲ့ Channel ပဲ ဖြစ်ပါတယ်
https://youtube.com/?si=W4N7lXI3cLRzBZWA
MOE -myanmar Online Entrepreneur channel ကတော့ စီးပွားရေးနဲ့ပတ်သတ်ပြီး ရှိသင့်တဲ့ Marketing strategy ကိုပြောပြပေးနေတဲ့ Channel ပဲဖြစ်ပါတယ်။
https://youtube.com/?si=XiC-uAvOMewwslYP
Pyay Khaing channel ကတော့ Mindset နဲ့ပတ်သတ်တဲ့အရာတွေကိုပြောပြတဲ့ Channelပဲ ဖြစ်ပါတယ်။
https://youtube.com/?si=3PyHcK_NzZZfA903
အထက်ဖော်ပြပါ Channel တွေဆီက နေ အကျိုးရှိတာတာ တစ်ခုခု ယူနိုင်ကြမယ်လို့ ထင်ပါတယ်။
နောက်လည်း အခုလို အသုံးဝင်မယ့်အရာလေးတွေ Share ပေးမှာမို့လို့ ဆက်လက်စောင့်ကြည့်ပေးပါဦးဗျ။
Telegram,Viber - 09 967 482 166
15/05/2024
Motion Video နဲ့ Graphic Design ပုံဘယ်ဟာက ပိုထိရောက်မယ်ထင်လဲ ?ဘာကြောင့်လဲ ?
ဘယ်ဟာပိုထိရောက်လဲ မပြောခင် သူတို့ ဘယ်လိုအလုပ်လုပ်လည်းဆိုတာ အနည်းငယ်ရှင်းပြပေးပါမယ်။
Graphic Design ပုံတွေက Social Media ပေါ်တွင်သာမက ကြော်ငြာဆိုင်းဘုတ် ပုံနိုပ်တိုက်၊ ပိုစတာ စသည့်နယ်ပယ်များတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ အမြင်ကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားပြီး တိတိကျကျပေးချင်တဲ့ မက်ဆေ့စ်တွေကို ကြည့်ရှုသူဆီ တိုက်ရိုက်နားလည်သဘောပေါက်အောင် လုပ်ဆောင်ပေးပါတယ်။စိတ်ကူးများကို ပုံဖော်ရာတွင် ထိရောက်စေရန် Font Weight , Colour , Composition စသည်တို့ကို ကောင်းမွန်စွာ အသုံးချထား နိုင်ရပါမယ်။
Motion Video တွေကတော့ Digital Platform တွေမှာ တွေ့ရတာများပါတယ်။ မိမိလုပ်ငန်းအကြောင်း မိတ်ဆက်ချင်တာမျိုး ၊ ပေးချင်တဲ့ မက်ဆေ့စ် တစ်ခုထက် ပိုတဲ့အခါမျိုးတွေမှာ Story telling ပုံစံ အနေနဲ့ အသုံးများကြပါတယ်။ လှုပ်ရှားနေတဲ့ ရုပ်ပုံလေးတွေက အမြင်ကို ဆွဲဆောင်မှုရှိတဲ့အပြင် စိတ်ထဲပါ စွဲကျန်နေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
Graphic Design ပုံနဲ့ Motion Video ဘယ်ဟာ ပိုထိရောက်လဲဆိုတာကတော့ အသုံးချသူပေါ်မူတည်ပါလိမ့်မယ်။ အကြောင်းအရာ အများကြီး ကို ပုံတစ်ပုံထဲ ပြွတ်သိပ်ထည့်ထားရင် Design Fail နိုင်သလို မက်ဆေ့ပါးပါး တစ်ခုလောက်ပေးချင်တာကို Motion Video ကြီးနဲ့ ပြမိရင်လည်း ကြည့်ရှု့သူအတွက် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
အထက်ဖော်ပြပါ နှစ်ခုလုံးကတော့ သူ့ကောင်းကျိုးနဲ့ သူရှိကြလို့ ကိုယ့်လုပ်ငန်းအမျိုးအစားနဲ့ ကိုက်ညီမယ့် အရာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ Graphic Design ပုံနဲ့ ကြော်ငြာရမလား? Motion Video ကြော်ငြာရမလား ?
စဉ်းစားရခက်နေတယ်ဆိုရင်တော့ Square Digital Design ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။
Telegram,Viber - 09 967 482 166
Page မှာတင်ဖို့ Content တွေ Design တွေအတွက် ကိုယ်တိုင်စဉ်းစားရတာ ခေါင်းခြောက်နေပြီလား ?
အချိန်ကုန်သက်သာပြီး တစ်နေရာထဲမှာ ထိမိတဲ့အရေးအသား ၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း တွေနဲ့
တစ်ပို့စ်ဆို တစ်ပို့စ် ထိရောက်စေမယ့် အရာမျိုးကိုရှာနေတယ်ဆိုရင်တော့ Square ရဲ့ Combo one post package လေး နဲ့ မိတ်ဆက်ပေးပါရစေ။
Online Marketing ပေါ် မှာ ရောက်တာကြာနေတဲ့ လုပ်ငန်းတွေအတွက် အသားပေးတင်ချင်တဲ့ Post မျိုး ရှိတဲ့အခါဖြစ်ဖြစ် ၊ အခုမှ Online Marketing ပေါ် စရောက်လာတဲ့ လုပ်ငန်းရှင်အသစ်တွေအတွက် လည်း မိမိလုပ်ငန်းကို အချိန်တိုတွင်း သိစေချင်ရင်ဖြစ်ဖြစ်
အထူးသင့်လျော်တဲ့ Combo One Post Package လေးဖြစ်ပါတယ် ။
ဘာတွေပါဝင်မှာလဲဆိုတော့ Content တစ်ပုဒ်နဲ့ Graphic Design တစ်ပုံပါဝင်မှာပဲဖြစ်ပါတယ်။ဘယ်လို Contentနဲ့ Design မျိုးတွေပါဝင်မလဲဆိုတော့ မိတ်ဆွေတို့ရဲ့လုပ်ငန်းကို အချိန်ယူလေ့လာပြီး Audience တွေကို ဆွဲဆောင်နိုင်မယ့် Quality Content မျိုး ၊ ကြည့်ရှု့သူရဲ့ အမြင်ကိုဖမ်းစားပြီး မိတ်ဆွေတို့လုပ်ငန်းကို မှတ်မိသွားစေမယ့် Graphic Design ပုံမျိုးတွေ ပါဝင်မှာပဲ ဖြစ်ပါတယ် ။
Combo One Post Package နဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့ အသေးစိတ် ထပ်မံသိရှိလိုပါက Page Chatbox ကို လှမ်းလာခဲ့လိုက်ပါ ခင်ဗျ ။
Telegram ,Viber - 09 967 482 166
24/12/2023
ဟဲဟဲစတာပါဗျာ....
ကာကာတွေကို ချစ်ပါတယ်...😁
Click here to claim your Sponsored Listing.