Dr. On Call
Home Medical Service and Home Medical Specialist Service လတ်တလောအခြေအနေအရ အထူးကုဆရာ၀န်များ အိမ်ပင့် ၀န်ဆောင်မှု ခေတ္တ မရသေးပါ
17/09/2025
သွေးတိုးရောဂါဆိုတာဘာလဲ???
သွေးတိုးခြင်းဆိုသည်မှာ သွေးကြောထဲရှိ သွေးဖိအားသည် ပုံမှန်ထက်မြင့်တက်နေသော အခြေအနေကို ခေါ်ပါတယ်။ သွေးဖိအားကို မီလီမီတာ ပြဒါး (mmHg) ဖြင့် တိုင်းတာပြီး systolic blood pressure (အပေါ်သွေး) နှင့် diastolic blood pressure (အောက်သွေး) ဆိုပြီး နှစ်မျိုးရှိပါတယ်။
· လူတစ်ယောက်ရဲ့ ပုံမှန်သွေးပေါင်ချိန် 120/80 mmHg လို့ သတ်မှတ်ပါတယ်။
· အကယ်၍ Systolic BP 130-139 သို့မဟုတ် Diastolic BP 80-89 ရှိတယ်ဆိုရင် သွေးတိုးရောဂါ အဆင့် (၁) ဟု သတ်မှတ်ပြီး
· Systolic BP 140 နှင့်အထက် သို့မဟုတ် Diastolic BP 90 နှင့်အထက်ရှိနေတယ် ဆိုရင်တော့ သွေးတိုးရောဂါ အဆင့် (၂) ဟု သတ်မှတ်ပါတယ်။
သွေးတိုးရောဂါ (Hypertension) သည် ယနေ့ခေတ်တွင် အဖြစ်များသော နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ဂရုမစိုက်ပါက နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသည့် အရေးကြီးအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
( ယခု post လေးမှ သင်ဗဟုသုတ ရတယ်ဆိုရင် သင့် မိဘ ဆွေမျိုး သူငယ်ချင်း တွေ ဖတ်လို့ရအောင် share လေးနှိပ်သွားပါ။ နောင် ယခုလို ဗဟုသုတ ရမည့် အ ကြောင်းအရာလေးတွေ ဖတ်ရှုနိုင်ဖို့ Dr. On Call page ကို Like & follow လေး လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ )
🙏 အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ စေ🙏
Dr. On Call
☎️09 4500 92929
12/09/2025
#အတက်ရောဂါ (Epilepsy)
အတက်တက်နေသော လူနာကို ဘယ်လိုကူညီမလဲ??
၁. အေးဆေးတည်ငြိမ်စွာနေပါ။
၂.လူနာကို ဘေးကင်းရာသို့ ရွေ့ပါ
(ရေနား၊ လမ်းဘေး၊ ဓာတ်ဆီဆိုင် စသည်တို့မှ ဝေးရာ. သို့)။
၃.လူနာ၏ ဦးခေါင်းအောက်တွင် ပျော့သောအရာ (ခေါင်းအုံး၊ အဝတ်စ) ထားပေးပါ။
၄.ကျပ်သောအဝတ်အစား (တီရှပ်ကဲ့သို့) ရှိလျှင် ချောင်ချောင်ချိချိဖြစ်အောင်လုပ်ပေးပါ။
၅.လူနာ၏ ဘေးတွင် နေပါ၊ သတိလစ်နေစဉ် ဘာမှမတိုက်ခိုက်ပါနှင့်။
၆.ပါးစပ်ထဲဘာမှ မထည့်ပါနှင့် (လျှာ မမြိုချရန် ထောက်ထားရန် မလိုအပ်ပါ)။
၇.တက်ခြင်း ဘယ်လောက်ကြာသည်ကို အချိန်မှတ်ပါ။
၈.တက်ခြင်း ငါးမိနစ်ထက် ကြာပါက (သို့) တက်ပြီးသည်နှင့် ဒုတိယအကြိမ် ထပ်တက်ပါက ဆေးရုံသို့ အမြန်ခေါ်သွားပါ။
၉.တက်ခြင်း ပြီးဆုံးသည်အထိ စောင့်ပါ။ လူနာ သတိပြန်ရလာပါက အားပေးစကားပြောပေးပါ။
⭐⭐အရေးကြီးသော အချက်များ⭐⭐
· အတက်ရောဂါရှိသူများသည် ဆေးမှန်မှန်သောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှုကို ရှောင်ရှားခြင်း တို့ဖြင့် တက်ခြင်းကို ထိန်းချုပ်နိုင်ပါတယ်။
· အတက်ရောဂါသည် မကူးစက်နိုင်သော ရောဂါ ဖြစ်ပါတယ်။
· ရောဂါနှင့်ပတ်သက်၍ စိတ်ဓာတ်မကျဘဲ ဆရာဝန်နှင့် ပြသကုသမှုခံယူသင့်ပါတယ်။
အတက်ရောဂါသည် ကုသ၍ရသော ရောဂါတစ်ခုဖြစ်ပြီး စနစ်တကျ ကုသမှုခံယူပါက ပုံမှန်လူနေမှုဘဝကို ရရှိနိုင်ပါတယ်။ ပိုမိုသိရှိလိုပါက ဦးနှောက်နှင့်အာရုံကြောရောဂါအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
( ယခု post လေးမှ သင်ဗဟုသုတ ရတယ်ဆိုရင် သင့် မိဘ ဆွေမျိုး သူငယ်ချင်း တွေ ဖတ်လို့ရအောင် share လေးနှိပ်သွားပါ။ နောင် ယခုလို ဗဟုသုတ ရမည့် အ ကြောင်းအရာလေးတွေ ဖတ်ရှုနိုင်ဖို့ Dr. On Call page ကို Like & follow လေး လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ )
🙏 အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ စေ🙏
Dr. On Call
☎️09 4500 92929
05/09/2025
ပန်းသီးရဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါမယ်။
"တစ်နေ့ ပန်းသီးတစ်လုံး စားတာက ဆရာဝန်ကို ဝေးရာရောက်စေတယ်" (An apple a day keeps the doctor away) ဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ ဒါဟာ ပန်းသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးကို ညွှန်းဆိုတာပါ။
ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများမှာ အောက်ပါတို့ ပါဝင်ပါတယ် -
၁။ အာဟာရဓာတ် ကြွယ်ဝခြင်း
· အမျှင်ဓာတ် (Fiber) ၊ ဗီတာမင် စီ (Vitamin C) ၊ ပိုတက်ဆီယမ် (Potassium) တို့ အဓိကပါဝင်ပါတယ်။
· ဗီတာမင် K၊ ဗီတာမင် B6၊ မဂ္ဂနီဆီယမ်နဲ့ ကြေးနီဓာတ်တွေလည်း အနည်းငယ်စီ ပါဝင်ပါတယ်။
၂။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
· အမျှင်ဓာတ် (ပက်တင်) ကြွယ်ဝတာကြောင့် အူမကြီးလှုပ်ရှားမှုကို ဟန်ချက်ညီစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
· အူထဲက ကောင်းတဲ့ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး မကောင်းတဲ့ဘက်တီးရီးယားတွေကို လျော့နည်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
၃။ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
· အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျစေပါတယ်။
· ပန်းသီးမှာပါတဲ့ ပိုလီဖီနော (Polyphenol) ဓာတ်တွေက သွေးပေါင်ချိန်ကို ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။
၄။ ဆီးချိုထိန်းညှိရာတွင် အထောက်အကူပြုခြင်း
· ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်က သွေးထဲသကြားဓာတ် တက်မှုကို နှေးကွေးစေတာကြောင့် သွေးတွင်းသကြားဓာတ် တက်လာမှုကို ကြာရှည်စွာ ထိန်းညှိပေးနိုင်ပါတယ်။
· ပန်းသီးကို အခွံနဲ့တကွ စားသုံးခြင်းက ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
၅။ ကိုယ်အလေးချိန် ကျစေရန် အထောက်အကူပြုခြင်း
· အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းတာကြောင့် ဗိုက်ပြည့်တင်းစေကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
၆။ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးခြင်း
· ပန်းသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေးစေနိုင်ပါတယ်။
၇။ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြေ
· ပန်းသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်တွေက ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်တယ်လို့ လေ့လာချက်အချို့က ဖော်ပြထားပါတယ် (အထူးသဖြင့် အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ)။
သတိပြုရန်
· ပန်းသီးအစေ့များတွင် ဆိုင်ယာနိုက် (cyanide) ဓာတ်အနည်းငယ်ပါဝင်တာကြောင့် အလွန်အမင်း ဝါးစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
· ပန်းသီးကို အခွံနဲ့တကွ စားသုံးခြင်းက အာဟာရဓာတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့် ပန်းသီးကို နေ့စဉ် သင့်တင့်မျှတစွာ စားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။
( ယခု post လေးမှ သင်ဗဟုသုတ ရတယ်ဆိုရင် သင့် မိဘ ဆွေမျိုး သူငယ်ချင်း တွေ ဖတ်လို့ရအောင် share လေးနှိပ်သွားပါ။ နောင် ယခုလို ဗဟုသုတ ရမည့် အ ကြောင်းအရာလေးတွေ ဖတ်ရှုနိုင်ဖို့ Dr. On Call page ကို Like & follow လေး လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ )
🙏 အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ စေ🙏
Dr. On Call
☎️09 4500 92929
Click here to claim your Sponsored Listing.