Future Stars Football Training
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Stars Football Training, Sports & Fitness Instruction, Yangon.
30/05/2026
🏆 Future Stars U15 Tournament 2026 🏆 📸 ဆုပေးပွဲနှင့် အောင်ပွဲခံ ပုံရိပ်များ
⚽️ AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars Football Training မှ ကြီးမှူးကျင်းပသော Future Stars U15 Tournament 2026 ကို သုဝဏ္ဏဘောလုံးကွင်း၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ပြိုင်ပွဲ၏ Final ပွဲစဉ်နှင့် တတိယနေရာလုပွဲများတွင် လူငယ်ဘောလုံးကြယ်ပွင့်လေးများက မိုးရွာသွန်းနေသည့်ကြားမှ အရှုံးမပေးသော စိတ်ဓာတ်၊ အသင်းလိုက်စည်းလုံးမှုနှင့် အားမာန်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး လှပသော သွင်းဂိုးများ၊ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို ဖန်တီးပေးခဲ့ကြပါသည်။
ပြိုင်ပွဲအပြီးတွင် Champion, 1st Runner-Up, 2nd Runner-Up နှင့် 4th Place အသင်းများအား ဂုဏ်ပြုဆုဖလားများ၊ ဆုတံဆိပ်များနှင့် အမှတ်တရဆုများ ချီးမြှင့်ပေးခဲ့ပြီး လူငယ်ဘောလုံးသမားများ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုခဲ့ပါသည်။
Future Stars Football Training အနေဖြင့် ပြိုင်ပွဲတစ်လျှောက် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားခဲ့ကြသော ကစားသမားများ၊ အားပေးပံ့ပိုးခဲ့ကြသော မိဘများနှင့် နည်းပြများအား အထူးကျေးဇူးတင်ရှိပါသည်။
ထို့အပြင် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ လူကြီးမင်းများ၊ ဆုချီးမြှင့်ပေးခဲ့သည့် Olympic Sports Collection၊ Hydration Partner အဖြစ် အစဉ်တစိုက် ပံ့ပိုးကူညီပေးနေသော Royal D၊ အမှတ်တရပုံရိပ်များကို မှတ်တမ်းတင်ပေးခဲ့သော Blade Photography၊ Ko TAY နှင့် Olympic Sports Collection အဖွဲ့ဝင်များ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို လေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
🌟 လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းကြပါစို့။
⚽️ AFC Grassroots Football Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့
🏆 Future Stars U15 Tournament 2026
AFC Grassroots Football Day 2026 ကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Future Stars U15 Tournament ပြိုင်ပွဲလေးကို သုဝဏ္ဏဘောလုံးကွင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ် 🔥
U15 လူငယ်ဘောလုံးသမားလေးတွေဟာ
💥 တက်တက်ကြွကြွ ယှဉ်ပြိုင်ကစားကြပြီး
⚡ လှပတဲ့ သွင်းဂိုးတွေ
⚡ အားမာန်အပြည့်နဲ့ Team Work တွေ
⚡ တိုးတက်လာတဲ့ ဘောလုံးစွမ်းရည်တွေကို မြင်တွေ့ရတာ တကယ်ကို အားရစရာပါပဲ 🙌
ဘောလုံးပြိုင်ပွဲတွေက ကလေးတွေအတွက်
✅ Confidence တိုးလာစေတယ်
✅ Teamwork နဲ့ Discipline ကို သင်ယူစေတယ်
✅ Match Experience ရရှိစေပြီး
✅ Winning Mentality နဲ့ Fighting Spirit ကို တည်ဆောက်ပေးတယ်
✅ Football Skill နဲ့ Game Understanding ပိုမိုတိုးတက်လာစေတယ် ⚽️🔥
အနာဂတ်ရဲ့ Future Stars လေးတွေ ကြိုးစားယှဉ်ပြိုင်ကစားနေတဲ့ Future Stars U15 Tournament ပုံရိပ်လေးတွေကို အားပေးကြည့်ရှုကြပါအုံး ❤️📸
23/05/2026
⚽️ AFC Grassroots Football Day 2026 ⚽️
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် AFC Grassroots Football Day 2026 အခမ်းအနားကို ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၇:၃၀ နာရီတွင် သုဝဏ္ဏကွင်း၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ကလေးငယ်ပေါင်း ၃၅၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြပြီး Future Stars Football Training မှ Future Stars လေးများကလည်း စိတ်အားထက်သန်မှုအပြည့်၊ တက်ကြွမှုအပြည့်ဖြင့် ပါဝင်ကစားခဲ့ကြပါသည်။
Future Stars Football Training သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ပေးအပ်ချီးမြှင့်သည့် AFC Best Grassroots Club Award 2025 ကို ရရှိထားသော မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် ဘောလုံးအကယ်ဒမီတစ်ခုဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်မှစတင်ကာ ယနေ့ထက်တိုင် Grassroots Football ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဥ်ဆက်မပြတ် တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိပါသည်။
Grassroots Football မှ စတင်၍ မြန်မာ့ဘောလုံးအနာဂတ်ကို အတူတကွ တည်ဆောက်ကြမည်။ 🇲🇲⚽️
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |