BERRY & ME

BERRY & ME

Share

မယ်ရိုးရိုးအလှူမုန့်ဟင်းခါးအနှစ်ထုတ်နဲ့ အိမ်ချက်ဟင်း အကြော်အလှာ်များ ပြည်တွင်း/ပြည်ပအတွက် ရပါတယ်။

Photos from BERRY & ME's post 06/09/2025

ရန်ကုန်သူဆိုတော့ ခေါပုတ်ကြော်ကို နှမ်းထောင်းနဲ့ပဲ စားတတ်တာ၊ မိုးကုတ်အလည်ရောက်တော့ ညစျေးတန်းမှာ ခေါပုတ်ပြားလေးကို မီးကင်ပြီး ဆီတို့ဟူးလေး သုတ်ပေးရာက စပြီး စွဲလမ်းသွားတော့တာပဲ။

ပြင်င်္ဦးလွင်မှာ နေဖြစ်ပြီဆိုတော့ ဒီအတွဲက နေ့တိုင်းစားချင်တဲ့ မနက်စာဖြစ်လာတော့တာပါပဲ။
ဆီတို့ဟူးက ဘူးနဲ့လာတာတွေ ၊ အချိန်နဲ့ ရောင်းတာတွေ တံဆိပ်မျိုးစုံရှိပါတယ်။ ဒီတံဆိပ်လေးကတော့ အရသာစိတ်တိုင်းအကျဆုံး ဖြစ်သလို တခါစားအတုံးလေးကို ထုတ်ထားတာဖြစ်လို့ ထားရလည်း အဆင်ပြေ၊ အဝေးသယ်ရတာလည်း အဆင်ပြေပါတယ်။
ပြင်ဦးလွင်အိမ်ကတော့ ဆီကိုအပူပေးပြီး ဆီပူကိူ ပန်းကန်ထဲလောင်းထည့် ပြီးမှ ဆီတို့ဟူးတုံးလေးချေထည့်ပြီး စားကြပါတယ်။ လုပ်စားကြည့်ပါနော်
ဒီအထုတ်လေးတထုပ်ကို ၂၅၀၀ ကျပ်ပါ။ စလုံးငွေက 1 ကျပ်ပါရှင် စလုံးကမိတ်ဆွေတွေ 4$ ဖ်ုးဆို ၅ ထုပ်ထည့်ပေးမယ်နော်
ခေါပုတ်က 360g 2$၊ ၆၀၀၀ ပါရှင်

အခြား ပြင်ဦးလွင်ထွက်ဒေသစာအစုံကို ရန်ကုန်နဲ့ စင်ကာပူကို အပတ်စဉ်ပို့ပေးပါတယ်။

ပြင်ဦးလွင်ကနေ ရန်ကုန်ကို အင်္ဂါနေ့ ကားနဲ့ ပို့ပြီး ဗုဒ္ဓဟူး ကြာသပတေး အိမ်အရောက် ငွေချေပါရှင်။
ပြင်ဦးလွင်ကနေ ရန်ကုန်မြို့တွင်း မြို့နယ်စုံကို အိမ်အရောက် Deli ခ ၄၀၀၀ ပါရှင် ။

စင်ကာပူကိုတော့ ကြာသပတေးလေယာဉ်နဲ့ ပို့ပေးပြီး Sg Myanmar မှာ ပစ္စည်းထုတ်မှ ငွေရှင်းရမှာပါ။ ကီလိုမပါတဲ့ စျေးနှုန်းတွေ ဖြစ်လို့ ကီလိုခက 1kg 7.5 ပါရှင်။

အော်ဒါပိတ်ရက် တနင်္ဂနွေညပါရှင်။

02/09/2025

ပုဇွန်ခြောက်ငံပြာရည်ကြော်
ကိုယ်တို့ ဧရာဝတီတိုင်းက ရွာတွေမှာတော့ ငံပြာရည်ချက်လို့ပဲ အလွယ်ခေါ်ကြတယ်။ အလှူ၊ မင်္ဂလာဆောင် သာရေး၊ နာရေးတိုင်းမှာ မပါမဖြစ်ပေါ့။ သူက ဟင်းရံမဟုတ်ဘဲ အဓိကစားရတာ။ အလှူတွေမှာတော့ ငံပြာရည်ချက် ၊ မယ်ဇလီဟင်းချို ၊ သရက်ချဉ်သုတ်ပါရင် ပြီးပြီ။ တတ်နိုင်တဲ့သူကတော့ ဝက်သားဟင်း ထပ်ထည့်တာပေါ့။ အလှူတစ်ခုရှိတယ်ဆို ငံပြာရည်ချက်ချက်ဖို့ သတ်မှတ်ရက်မရောက်ခင် ပုဇွန်ခြောက်ဝယ်စုရတယ်။ ရှယ်ပုဇွန်​ခြောက်တွေနဲ့ ကြော်ရတာဆိုတော့ ။ ငံပြာရည်ချက်က အိုးကြီးချက်တဲ့လူပေါ်တည်ပြီး အရသာက အလေးအပေါ့ အစို၊ အခြောက် ကွဲတော့ ဘယ်ရွာက ငံပြာရည်ချက်ကဖြင့် ဘယ်လိုကောင်းတာဆိုပြီး ပြောကြတာပ။ တခြားအရပ်ဒေသနဲ့ ဘာကွာလဲဆိုရင်တော့ ပုဇွန်ခြောက်ကြော်ထားတာကို ငါးငံပြာရည်အကောင်းစားထည့် မန်ကျည်းမှည့်အနှစ်လေး အုပ်ထားတဲ့ ရက်ရှည်လည်းအထားခံတဲ့ ပုဇွန်ခြောက် အစိုကြော်ပါပဲ ။ သူ့မှာတော့ ဇာတ်လိုက်ဖြစ်တဲ့ ပုဇွန်ခြောက်နဲ့ ငံပြာရည်ရဲ့ အနံ့က အသက်ပါ။ တစ်ဘူးရှိပြီဆို မနက်ခင်းထမင်းကြော်နဲ့ စားမလား နေ့လယ်ထမင်းနဲ့ ဆွဲမလား၊ စားတတ်ရင် ပေါင်မုန့်နဲ့ပါ စားလို့ရပါတယ်နော်

ကဲ ပြောပြီးပြီဆိုတော့ စျေးရောင်းပါမယ်။ ပုဇွန်ခြောက်ငံပြာရည်ကြော် 250g 9000 ပါ။
ရန်ကုန်နဲ့ စင်ကာပူအတွက် တခြားဟင်းအစိုတွေ မရနိုင်သေးပေမယ့် အခြောက်အခြမ်းဟင်းတွေ တပတ်တခါ ပို့ပေးပါတယ်နော်။

Photos from BERRY & ME's post 02/09/2025

ဒီငရုတ်သီးသနပ်ပုလင်းတွေကို Royal က လက်မခံလို့ အကုန်အိတ်တွေနဲ့ ပြန်ပြောင်းပို့ရပါမယ်ရှင်။
ဘယ်ရီတို့က လေစုတ်အိတ်နဲ့ သေချာပြန်ထုတ်ပေးလိုကါမှာမို့ Customer လေးတွေက ကိုယ့်ဆီရောက်ရင်တော့ လေလုံဘူးလေးတွေနဲ့ ပြောင်းထည့်ပြီး စားပါနော်။
ဒီရက် Delivery တွေကလည်း ရင်တထိတ်ထိတ်နဲ့ပို့ရပြီး စည်းကမ်းချက်တွေလည်း များတယ်ရှင်

Photos from BERRY & ME's post 31/08/2025

ဒီနေ့ အော်ဒါပိတ်ရက်လေး ရောက်လို့ လာပြန်ပါပြီနော်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00