Hsu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu, Beauty, cosmetic & personal care, Yangon.
ဝက်ခြံကင်းတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေဖို့
---------------------------------------------------------------------
အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။
ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့
ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။
နေထိုင်မှုပုံစံ
နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။
ဝက်ခြံတွေကို မညှစ်ပါနဲ့။
နေလောင်ဒဏ်ကနေ ကာကွယ်ပါ။
ရေများများသောက်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။
ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။
အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျော့စားပါ။
အသင့်စား၊ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။
ကဖင်းနဲ့အယ်လ်ကိုဟောရှောင်ပါ။
ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။
ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ
မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ
မျက်နှာသစ်ဆေး ရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားပါ
ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။
မျက်နှာပေါင်းတင်ပါ
သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဝက်ခြံအတွက်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Maskတွေနဲ့ဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာကိုပေါင်းတင်ပေးပါ။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပါ
ဝက်ခြံတွေကို ပိုဆိုးစေတဲ့အကြောင်းအရင်းနဲ့ ဝက်ခြံအမာရွတ်တွေကျန်စေခဲ့တဲ့အကြောင်းအရင်းက ဘက်တီးရီးယားဝင်ရောက်ကူးစက်တာပါ။ ဒါကြောင့် ဘက်တီးရီးယားကာကွယ်ပေးမယ့် လိမ်းဆေးလိုမျိုးဆေးတစ်ခုခုလိမ်းပေးပါ။
အဆီပိုတွေဖယ်ရှားပါ
ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။
ဒါတွေအပြင် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့၊ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။
ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း..
11/10/2021
မနက်တိုင်း သခွားသီး ရေ (၁) ခွက် သောက်ပေးမယ်ဆိုရင်
မနက်မိုးလင်းလို့ မျက်စိ (၂) လုံးပွင့်ပြီဆိုတာနဲ့ ဘာကိုသောက်လေ့ရှိကြလဲ။ ရေတစ်ခွက်ကိုတော့ သောက်လေ့ရှိကြမှာပါ။ တချို့ကလည်း သံပုရာရည်တစ်ခွက်ကို သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် သခွားသီးရေကိုကော သောက်ဖို့ စိတ်ကူးမိကြလား။ တကယ်တမ်းကျတော့ သခွားသီးရေဟာ မနက်ခင်းတိုင်းကို စတင်ဖို့အတွက် အကောင်းဆုံးအရာတစ်မျိုးပါ။ သခွားသီးရေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
၁။ အဆိပ်အတောက်ပြေစေတယ်
သခွားသီးရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေစေပါတယ်။ ဘယ်သူမဆို ကိုယ်တွင်းကော၊ ကိုယ်ပ ပါ သန့်ရှင်းစင်ကြယ်မှုကို မလိုချင်တဲ့သူ မရှိပါဘူး။ ခန္ဓာကိုယ်ပြင်ပ သန့်ရှင်းစင်ကြယ်စေဖို့အတွက် သခွားသီးရေလိုမျိုး detox water လေးတွေ သောက်ပေးသင့်ပါတယ်။
၂။ အသားအရေတောက်ပစေတယ်
တချို့လူတွေက မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေဖို့အတွက် သခွားသီးကို အကွင်းလေးတွေဖြစ်အောင်လှီးပြီး မျက်လုံးပေါ်ကပ်ကြပါတယ်။ ရလဒ်တွေက ပြောစရာမရှိအောင် ကောင်းမွန်နေတာလည်း သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမယ့် သခွားသီးရေကို သောက်ပေးမယ်ဆိုရင်လည်း တူညီတဲ့ရလဒ်ကိုပဲ ရရှိစေမှာပါ။ သခွားသီးရေကိုသာ ပုံမှန်သောက်ပေးမယ်ဆိုရင် ဝင်းလဲ့တောက်ပပြီး ချောမွေ့တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်စေမှာပါ။ နောက်ပြီး သခွားသီးမှာပါဝင်တဲ့ ဆီလီကာဒြပ်ပေါင်းဟာ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
၃။ ကြွက်သားတွေကို သန်မာစေတယ်
သခွားသီးရေကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေကိုလည်း ပိုမိုသန်မာစေပါတယ်။ လူကလည်း ပိုမိုလန်းဆန်းဖျတ်လတ်လာပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း ယခင်ကထက် သိသိသာသာ ပိုမိုကောင်းမွန်လာမှာပါ။
၄။ ခံတွင်းနံ့ဆိုးကို ပြေပျောက်စေတယ်
ခံတွင်းနံ့ဆိုးခြင်းဟာ လူမှုဆက်ဆံရေးမှာ တော်တော်ဒုက္ခပေးပါတယ်။ ခံတွင်းနံ့ဆိုးတွေကို တိုက်ဖျက်မယ်ဆိုရင် လုပ်ပေးဖို့လိုတာက သခွားသီးရေလေးတစ်ခွက်သောက်ပြီး သခွားသီးစိတ်တစ်စိတ်လောက်ကို လျှာပေါ်တင်ပေးဖို့ပါပဲ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးတွေကို ခန္ဓာကိုယ်ထဲက တိုက်ထုတ်နိုင်ပါတယ်။ ပြီးတော့ အစာအိမ်ထဲမှာ အပူတွေထွက်ခြင်းကိုလည်း လျော့ကျစေပါတယ်။
၅။ ဗိုက်တာမင်တွေ ပိုမိုရရှိစေတယ်
သခွားသီးရေကို သောက်သုံးသင့်တဲ့ နောက်ထပ်အကြောင်းပြချက်ကောင်းတစ်ခုကတော့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ ပိုမိုပြည့်ဝလာအောင် ပေးစွမ်းနိုင်တာပါပဲ။ စိတ်ထဲမှာတစ်ခုတည်း မှတ်ထားဖို့လိုတာက ရေထဲမှာသခွားသီးစိတ် ပိုများများထည့်ထားလေလေ၊ ကျန်းမာရေးအတွက် အကျိုးရှိလေလေပါပဲ။
၆။ သွေးတိုးကျစေတယ်
သွေးတိုးနေတယ်ဆိုရင် သခွားသီးရေလေးတစ်ခွက် သောက်ပေးခြင်းက တက်နေတဲ့ သွေးပေါင်ချိန်တွေကို ကျသွားစေနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ ပိုတက်စီယမ်ပါဝင်မှုများပြားတဲ့အတွက် သခွားသီးရေ သောက်ပြီးချိန်မှာ ခန္ဓာကိုယ်ထဲကို ပိုတက်စီယမ်တွေ ပိုမိုရောက်ရှိသွားစေနိုင်ပြီး အဲဒီပိုတက်စီယမ်တွေက သွေးဖိအားကို လျော့နည်းစေပါတယ်။
Click here to claim your Sponsored Listing.