Unity ICT Solutions
Professional ICT Solutions & Support Services
22/01/2023
USB Stick အတွင်းရှိ အကြမ်းဖျင်း ပစ္စည်းများ
============================
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံးသိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါတယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းအားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ် ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
Test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ် စစ်ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ယွင်းချက်ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chips
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေသိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကိုအီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ -ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လိုကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာသိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ပြီး ထည့်ထား၊ သိမ်းဆည်းပေးတာဖြစ်ပါတယ်။
5 Crystal oscillator သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင်အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator ကလုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional) LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional) Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းကအချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာကပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
Credit Zmc Tech
Photo - Google
22/01/2023
Networking ပိုင်းတွင် သိကိုသိထားသင့်သော Server (၁၀) မျိုးအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
1. ADDC Server (Active Directory Domain Controller)
Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုးရှိပါတယ်။ ချိတ်ဆက်မှု ရရင်ပြီးရော လုံခြုံရေး Security ဗဟို ထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်။ Workgroup Network စနစ်ဟာ Computer အလုံးရေ (20) ထိပဲ ကောင်းပါတယ်။ Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြရပါတယ်။ Server မှာ Active Directory (Domain Controller) Service ကို Install လုပ်ပေးရပါမည်။ IP Address ပေး၊ Domain နာမည်ပေး၊ ADDC Service Install, User Management, Computer Management, Backup စတာတွေကို Server ကနေလုပ်လို့ရပါတယ်။
2. DHCP Server (Dynamic Host Configuration Protocol)
Network Engineer က ချိတ်ဆက်ထားတဲ့ Computer တွေအချင်းချင်း အပြန်အလှန် ချိတ်ဆက်လို့ရအောင် Reply ပြန်အောင် စက်တိုင်းကို IP Address ပေးရပါတယ်။ Computer အလုံးတွေ ရာထောင်ချီ များလာရင်တော့ Automatic IP Address ချပေးဖို့ လိုအပ်လာပါတယ်။ Networking မှာ ဒီအလုပ်ကို DHCP Server က ပြုလုပ်ပေးပါတယ်။
3. DNS Server (Domain Name System)
Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ။ လူတစ်ယောက်ချင်းစီမှာ နာမည်တစ်ခု ကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကိုလာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာတစ်ခု ရှိပါတယ်။ ဒါကို IP Address လို့ ခေါ်ပါတယ်။ Computer တွေက Machine Language တွေ ဖြစ်တဲ့ 0 နဲ့ 1 ဘာသာစကားကို အသုံးပြုပြီး လူတွေကတော့ အရောင်တွေ၊ နာမည်တွေ၊ စာသားတွေ၊ ဓာတ်ပုံ ဗွီဒီယို မီဒီယာဖိုင်တွေ နားလည်အသုံးပြု ကြပါတယ်။ ဂဏန်းနံပါတ်တွေ အများကြီးကို လူတွေ အလွယ်တကူ မမှတ်မိနိုင်ပါဘူး။ IP Address ကဲ့သို့သော ဂဏန်းအများကြီးထက် www.pnamyanmar.com ကပိုမှတ်မိပါတယ်။ ဒါကြောင့် DNS Server ကို အသုံးပြုကြရပါတယ်။ IP Address ဂဏန်းတွေကို လူတွေ နားလည်တဲ့ နာမည် Web Server တွေ ပြောင်းနိုင်အောင် အပြန်အလှန်အားဖြင့် Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို DNS Service က လုပ်ပေးပါတယ်။
4. ICS Gateway Server
အင်တာနက်စနစ်ကို Network အတွင်း ဖြန့်ဝေပေးတဲ့လုပ်ငန်းစဉ်ကို Internet Gateway Server လို့ ခေါ်ပါတယ်။ Internet Gateway Server ထိုင်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာမှ အခြေခံအကျဆုံး၊ အလွယ်ကူဆုံး၊ အမြန်ဆုံးဖြစ်တဲ့ ICS (Internet Connection Sharing) ဖြစ်ပါတယ်။
5. NAT Gateway Server
ICS စနစ်ကို Windows Version တိုင်းမှာ ထည့်သွင်းပေးထားသော်လည်း NAT ကို Windows Server Version တွေမှာပဲ အသုံးပြုနိုင်ပါတယ်။ ICS ထက် Security ပိုကောင်းတာကလည်း NAT ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်ခြမ်းကနေ Private LAN Network ထဲက Computer တွေကိုမြင်တွေ့ခွင့်မရှိအောင် ပြုလုပ်နိုင်ပါတယ်။
6. File Server
ကျောင်း၊ ရုံး၊ ကုမ္မဏီ အစရှိသည့် network တွေမှာ သက်ဆိုင်ရာ ဖိုင် အသီးသီး (document, photo, video, sound, data, etc.) ကိုသိမ်းဆည်းရန်အတွက် File Server လိုအပ်ပါတယ်၊ File Server ကို အများအားဖြင့် RAID level တည်ဆောက်၍ရသော server များဖြင့် ပြုလုပ်ကြပြီး၊ file access လျှင်မြန်မှုရှိစရန်၊ SCSI interface, SCSI drive များကို အသုံးပြုကြပါတယ်။ File Server ပြုလုပ်ရခြင်း ၏ အဓိကအကြောင်းအရင်းမှာ File Server ကိုတချိန်တည်း၊ တပြိုင်တည်းတွင် လူပေါင်းများစွာ သုံးစွဲနိုင်သောကြောင့်ဖြစ်ပါတယ်။
7. Web Server
Web Server ဆိုတာကတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင် Website တစ်ခုလွှင့်တင်ဖို့အတွက် အခြေခံအနေနဲ့တည်ထားရမဲ့ Server တစ်ခုပဲဖြစ်ပါတယ်။ Website ဆိုတာ အင်တာနက်ဝက်ဆိုဒ်တွေအတွက်တင်မဟုတ်ပဲ Local site တွေ monitoring tools တွေအတွက်သုံးမယ့် Web Interface တွေအတွက်လည်း Web Server ကနေ အခြေတည်ရတာပါပဲ။ အဲဒီတော့ Network Monitoring System တစ်ခုကို Web Interface နဲ့ တည်ဆောက်မည်ဆိုရင်၊ Local E-book Library လေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင် Web Server ကိုအသုံးပြုပါတယ်။
8. ISA Server (Internet Security & Acceleration)
Security မြင့်မြင့်မားမားထားလို့ရနိုင်တဲ့ Policy တွေကိုချမှတ်နိုင်ပါတယ်။ ISA ကို Firewall Software တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အရင်က ထုတ်ဝေခဲ့တဲ့ NAT Internet Gateway ကိုလည်း ISA မှာ Setting ချပြီး အသုံးပြုနိုင်ပါတယ်။ Web Proxy, Cache Memory, Virtual Private Network တို့ကိုလည်း ISA Server မှာ အသုံးပြုနိုင်ပါတယ်။
9. VPN (Virtual Private Network)
လုပ်ငန်းတွေမှာ ရုံးချုပ်၊ ရုံးခွဲ၊ စက်ရုံ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ Whole Sale Shop၊ Retail Sale Shop၊ ဖြန့်ချိတဲ့ ကိုယ်စားလှယ်ဆိုင်များ စသဖြင့် Business Infrastructure ရှိပါတယ်။ ဒါတွေ အကုန်လုံးကို တစ်ပေါင်းတည်း Network ချိတ်ချင်ရင် VPN System ကို အသုံးပြု ရပါတယ်။
10. Window Development Server
Window Development Server မှာ Computer အားလုံးကို တပြိုင်နက်တည်း Window တင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ Network မှာ ရှိတဲ့ ကွန်ပျူတာအလုံးရေ အများကြီးကို Clone မရိုက်ချင်ဘူး ဆိုရင် ဒီစနစ်နဲ့ Window တင်ရလို့ရနိုင်ပါတယ်။
Credit….Original Writer
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |