Peach Legal Service
Contact us : 0943081694,095228165
23/04/2026
ယနေ ့ လိုက်ပါဆောင်ရွက်ပေးသောရုံးများ
မင်္ဂလာတောင်ညွန် ့မြို့နယ်
ကြည့်မြင်တိုင်မြို့နယ်
စမ်းချောင်းမြို့နယ်တရားရုံများ
တရားမကြီးမှု
ရာဇဝတ်မှုများ အတွက်
22/04/2026
တနေကုန် ရုံးတွင် Clients များအပြန်
ရုံးပိတ်ခါနီး အပင်လေးတွေ ကြည့် ကြည်နူးနေရပြန်ရော စိတ်အပန်းဖြေစရာ
17/04/2026
၇ရက် သားသမီး အပေါင်း
စိတ်အေးချမ်းခြင်း အပြည့် ရရှိပါစေသော်
◾️မိတ္တူ သက်သေခံ တင်သွင်းခွင့်
နေ့စဉ်မူလအမှုစစ်ရုံး တရားခွင်များတွင် ကြုံတွေ့နေရသော ပြဿနာများအနက် ဓာတ်ပုံမိတ္တူကိုသက်သေခံအဖြစ် လက်ခံပေးရန် တင်ပြမှုတစ်ရပ်လည်းပါဝင်ပါသည်။
ယနေ့ကာလတွင် မိတ္တူကူးစက်များသည် နေရာအနှံ့ရှိနေပြီး ဖြစ်ပါသည်။ ထိုမိတ္တူကူးဆိုင်တို့မှ ပေါ်ပေါက်သည့် စကားတစ်ရပ်လည်းရှိ၏။ မူရင်းကောင်းမှမိတ္တူကောင်းမည်ဟု ဆိုပါသည်။
မူရင်းမကောင်းစေကာမူ မိတ္တူကူးပေးသူတို့၏ ကျွမ်းကျင်လိမ္မာသောပညာအရမိတ္တူကောင်းများ ရရှိစေနိုင်ပါသည်။
မောင်၀၏ အထက်တွင်ဆိုခဲ့သော ‘မိတ္တူကူးပေးသူတို့၏ ကျွမ်းကျင်လိမ္မာသောပညာ’ ဟု ဆိုရာ၌ ရိုးသားစွာ မိတ္တူကူးခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ဆန်းဆန်းကြယ်ကြယ် ရှိလို့လားဟု မေးစရာ ရှိပါသည်။ စက်မှုနည်းပညာများအရ မရှိနိုင်ဟု မောင်၀ အာမ မခံနိုင်ပါ။
လူတိုင်းမမီနိုင် သိပ္ပံပညာရပ်များ ထွန်းကားနေခြင်းကိုလက်ခံရမည် ဖြစ်ပါသည်။
ဓာတ်ပုံမိတ္တူစာရွက်စာတမ်းကို မူလအမှုစစ်ရုံးများတွင် သက်သေခံဥပဒေပုဒ်မ ၆၃/ ၆၅ တို့အရ ဒုတိယအဆင့် သက်သေခံတင်ပြနိုင်ခွင့်ရှိကြောင်း တင်ပြလျှောက်ထားခြင်းများကိုလည်း ကြုံတွေ့ဖူးပါသည်။ ထိုသို့ တင်ပြသော စာမှတ်စာတမ်း၏ မူရင်းကို လုံး၀တင်ပြနိုင်ခြင်းမရှိဘဲ ဓာတ်ပုံမိတ္တူချည်း တင်ပြသည်ကို လည်းကြုံခဲ့ဖူးပါသည်။
တင်ပြသူ၏ ရိုးသားမှုကို မည်မျှအတိုင်းအတာအထိ မောင်၀တို့ ယုံကြည်၍ ရပါမည်နည်း။၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားသူကြီးများပါဝင်သော တရားမအထူးအယူခံမှု ကြားနာဆုံးဖြတ်ပြီးလမ်းညွှန်စီရင်ထုံးအဖြစ်ပြဆိုချက်သည်မူလအမှုစစ်တရားရုံးများအတွက်များစွာအ ထောက်အကူ ဖြစ်စေခဲ့ပါသည်။
ဦးဘိုသောင်းတို့က ဒေါ်မြင့်မြင့်သန်းအပေါ် ‘အချင်းဖြစ်မြေကို တရားပြိုင်က အရောင်းအဝယ် မှတ်ပုံ
တင်စာချုပ်အမှတ် ၄၃၉၂/၂၀၀၅ ကို အကြောင်းပြု၍ပိုင်ဆိုင်ခွင့်မရှိကြောင်း ကြေညာ၍ တရားလိုများသို့ ပြန်လည်ပေးအပ်စေလိုမှု’ စွဲဆိုရာမှ ပေါ်ပေါက်လာရခြင်းဖြစ်၏။
ဦးဘိုသောင်းတို့သည် မန္တလေးခရိုင်တရားရုံးတွင်မူလမှုကို စွဲဆို၏။
မူလရုံးက ပဏာမငြင်းချက် လေးရပ်ထုတ်နုတ်ကြားနာပြီး ငြင်းချက် (၁)၊ (၂)၊ (၃)တို့ကို နှစ်ဖက် သက်သေခံ ချက်များ ရယူ ပြီးမှ ဖြေဆိုဆုံးဖြတ် ရန်နှင့်ငြင်းချက်အမှတ် (၄)နှင့်စပ်လျဉ်း၍ မန္တလေးတိုင်းတရားရုံး၏ တရားမကြီးမှုအမှတ် ၂၇၅/၂၀၀၄ တွင် ချမှတ်သောအမိန့်နှင့် တရားရုံးချုပ် (မန္တလေးရုံးထိုင်) တရာမ ပြင်ဆင်မှုအမှတ် ၃၆/၂၀၀၆ အမိန့်များသည် ဤအမှုအတွက် မီးသေအမိန့်များ ဖြစ်သည်မှာ မမှန်ဟု အမိန့်ချမှတ်ခဲ့ပါသည်။
ထိုအမိန့်ကို ဒေါ်မြင့်မြင့်သန်းက မန္တလေးတိုင်းဒေသကြီးသို့ တရားမ ပြင်ဆင်မှု အမှတ် ၈၅/၂၀၁၅ ဖြင့် လည်းကောင်း ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့တရားမပြင်ဆင်မှု အမှတ် ၈၂၈/၂၀၁၅ ဖြင့် လည်းကောင်းလျှောက်ထား၏။ အောင်မြင်ခြင်း မရှိ။
အထူးအယူခံဝင်ခွင့်ပြုရန် ကြိုးစား၏။ ဥပဒေပြဿနာ နှစ်ရပ်ဖြင့် စိစစ်ကြားနာရန် အထူးအယူခံ ဝင်ခွင့်ရ ခဲ့ပါသည်။
မောင်၀ အနေနှင့် စိတ်ဝင်စားသည်မှာ မူလရုံးကမီးသေခြင်းရှိ၊ မရှိ ပဏာမ ငြင်းချက်အပေါ် ဖြေဆို သုံးသပ်ရာတွင် တာဝန်ခံမိတ္တူမှန် မဟုတ်သော စီရင်ချက်နှင့်ဒီကရီ၏ ဓာတ်ပုံမိတ္တူ တို့ကို ထည့်သွင်း သုံးသပ် ဖြေဆိုခဲ့သည့်အမိန့်နှင့် ယင်းအမိန့်ကို တရားရုံးအဆင့်ဆင့်က ဆက်လက်အတည်ပြုခဲ့ခြင်းသည် သက်သေခံဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိဟူသော ပြဿနာဖြစ်ပါသည်။
အထူးအယူခံရုံးတော်က ဒေါ်မြင့်မြင့်သန်းတင်သွင်းလျှောက်ထားသော တရားမ အထူးအယူခံမှုကို
စရိတ်နှင့်တကွ ပလပ်သည့်အမိန့် ချမှတ်ခဲ့ပါသည်။အယူခံတရားလိုအနေဖြင့် အယူခံမှု ပလပ်ခံရသည့်အတွက် ရှုံးနိမ့်သည်ဟု သာမန်အားဖြင့် ရှုမြင်နိုင်ပါသည်။
မောင်၀၏အမြင်၌ ဒေါ်မြင့်မြင့်သန်း ရှုံးခြင်းမရှိ။မောင်၀ ရှာဖွေသောပြဿနာ၏ အဖြေကိုလည်း ရခဲ့
ပါ၏။အထူးအယူခံရုံးတော်တွင် နှစ်ဖက်ရှေ့နေကြီးများ ကျယ်ပြန့်စွာလျှောက်လဲကြပါသည်။ ဒေါ်မြင့်မြင့်သန်း၏ရှေ့နေကြီးက သက်သေခံဥပဒေပုဒ်မ ၄၁ ကိုကိုးကား၏။
ဦးစိုးတင့်နှင့် အလုပ်သမားလျော်ကြေး မင်းကြီး၊ သထုံမြို့ အမှု {၁၉၆၆၊ မတစ၊ ၇၁၈(၇၂၀)} စီရင်ထုံး၊
မခင်နှင့် မပု(၁၉၄၈၊ မတစ၊ ၃၄၃)စီရင်ထုံး၊ ဒေါ်မြသန်းနှင့် ဦးမောင်မောင် (၂၀၀၆၊ မတစ ၊ ၂၈) စီရင်ထုံးများဖြင့်ညွှန်ပြလျှောက်လဲခဲ့ပါသည်။
ဦးဘိုသောင်းတို့၏ရှေ့နေကြီးကလည်း အချင်းဖြစ်မြေနှင့် ပတ်သက်၍ ချုပ်ဆိုခဲ့ကြသောစာချုပ်များ ၊ဖြစ်ပွားခဲ့ကြသော မှုခင်းများနှင့် တရားရုံးအဆင့်ဆင့်တို့၏ ဆုံးဖြတ်ချက်အမိန့်များကို ပြည့်ပြည့်စုံစုံ ချေလွှာနှင့်ပူးတွဲတင်ပြထားပြီးဖြစ်၍ မူလရုံး၏အမိန့်နှင့် အဆင့်ဆင့်တရားရုံးတို့၏ မူလရုံးအမိန့်အား အတည်ပြုခဲ့သောအမိန့်များကို ဆက်လက်အတည်ပြုပြီးဤအထူးအယူခံမှုကို ပလပ်ပေးရန် လျှောက်လဲခဲ့ပါသည်။
သက်သေခံဥပဒေပုဒ်မ ၄၀ တွင် တရားရုံးတစ်ရုံးသည် တရားမမှုတွင်ဖြစ်စေ၊ ရာဇဝတ်မှုတွင်ဖြစ်စေ၊
လက်ခံစစ်ဆေးရန် သင့်၊ မသင့် ပြဿနာပေါ်ပေါက်သည့်အခါ ထိုအမှုကို စစ်ဆေး စီရင်ခြင်းမပြုရန် တားမြစ်ထားသော စီရင်ချက်၊ အမိန့်၊ ဒီကရီ ရှိနေခြင်းသည်စပ်ဆိုင်သော အကြောင်းအရာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။
သက်သေခံဥပဒေပုဒ်မ ၇၄ အရလည်း တရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်တို့သည် အများပြည်သူတို့နှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားများဖြစ်ပါသည်။ တရားရုံးသို့ အများပြည်သူနှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားဖြစ်သော တရားရုံး၏ စီရင်ချက် ၊ ဒီကရီ ၊ အမိန့်များကို သက်သေ ထင်ရှားပြရန်ဖြစ်ပါကတာဝန်ခံမိတ္တူများ (Certified Copies ) ကို တင်ပြရန်လိုအပ်ပါသည်။
အထူးအယူခံရုံးတော်က မူလရုံးတော်မှ လက်ခံသုံးသပ်ဆုံးဖြတ်ခဲ့သော စီရင်ချက်၊ ဒီကရီ၊အမိန့်များသည်တာဝန်ခံမိတ္တူကို ထပ်ဆင့်ကူးယူထားသော ဓာတ်ပုံမိတ္တူများဖြစ်သဖြင့် ယင်းဓာတ်ပုံမိတ္တူများအရ ဆုံးဖြတ်ခြင်းသည် သက်သေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟု တွေ့ရှိ၏။
သက်သေခံဥပဒေပုဒ်မ ၇၄ တွင် တာဝန်ခံမိတ္တူများကို တရားရုံးက စစ်မှန်သည်ဟု မှတ်ယူရန် ပြဋ္ဌာန်း
ထားခြင်း ဖြစ်ပါသည်။ တာဝန်ခံမိတ္တူမှန် (Certified Copies) အပေါ်တွင် ဆုံးဖြတ်မှသာလျှင် ဥပဒေနှင့်ညီညွတ်မှန်ကန်မှု ရှိမည်ဟု ရှုမြင်ခဲ့ပါသည်။
ထို့ကြောင့် အထူးအယူခံရုံးတော်က မူလရုံးတော်၏ တာဝန်ခံမိတ္တူမှန် မဟုတ်သော စီရင်ချက်၊ ဒီကရီ ၊အမိန့်မိတ္တူတို့ကို ထည့်သွင်းသုံးသပ် ဖြေဆိုခဲ့သည့် အမိန့်ကို တရားရုံးအဆင့်ဆင့်တို့က ဆက်လက် အတည်ပြုခဲ့ခြင်းသည် သက်သေခံဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်ခြင်းမရှိကြောင်း ထုတ်နုတ်ပေးထားသည့် ပြဿနာအပေါ် ဖြေကြားဆုံးဖြတ်ပေးခဲ့သည်ကို တွေ့ရှိရပါသည်။
အထူးအယူခံရုံးတော်က မူလရုံးတော်သို့သက်သေခံဥပဒေနှင့်ညီညွတ်သော သက်သေခံချက်
စာတမ်းအမှတ်အသားများအရ မီးသေဆုံးဖြတ်ချက်ဟုတ်၊ မဟုတ် ငြင်းချက်ကိုပြန်လည်ကြားနာ ဆုံးဖြတ်ရန်ညွှန် ကြားရမည်ဖြစ်၏။
သို့သော် မူလရုံးအမှုတွင် အမှုပုံစံ မှားယွင်းကြောင်းသုံးသပ်၍ အမှုကိုပလပ်ခဲ့ပြီးဖြစ်သဖြင့် ဒေါ်မြင့်
မြင့်သန်း တင်သွင်းသော တရားမအထူးအယူခံမှုကိုပလပ်သည့်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖတ်ရှုခဲ့ရပါသည်။
တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းလိုသောတရားရုံးကချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်များသည် သက်သေခံဥပဒေနှင့်အညီ တင်ပြရန်လိုအပ်ပါသည်။
ကိုးကား-
- ဒေါ် မြင့်မြင့်သန်းနှင့် ဦးဘိုသောင်းပါ -၂ (၂၀၁၇၊ မ တ စ၊ ၂၁၂)
ရေး-ရှေ့နေမောင်ဝ
Disclaimer _ ❝This content is shared for informational and educational purposes only.
All rights belong to the original creators/owners.❞
> ❝I do not own the rights to this content.
All credit goes to the respective owners.
If the copyright owner requests removal, I will comply.❞
Credit to Ori
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11201