Susumu Japanese Language Class

Susumu Japanese Language Class

Share

Let’s grow together 🪴

11/07/2023

FYI

28/07/2022

Ohayou Minnasan ☁️🌝

Song Name - asagohan no uta
Artist - Aoi Teshima
Movie - From up on Poppy hill

ရုပ်ရှင်ရော သီချင်းလေးတွေရော အရမ်းကောင်းလို့ ဂျပန်စာလေ့လာနေသူတိုင်း ကြည့်သင့်တဲ့ကားလေးပါ 👍

ဒီသီချင်းက ရုပ်ရှင်ရဲ့အဖွင့်သီချင်းလေးပါ
စကားလုံးတွေက လွယ်ကူရိုးရှင်းပြီး သူသုံးပြသွားတဲ့ မြည်သံစွဲအလင်္ကာလေးတွေက ချစ်စရာလေး 🥰

မင်မင်နဲ့အတူ မနက်စာသီချင်းလေးနားထောင်ရင်း မနက်စာ အတူစားကြရအောင် 😁

မနက်စာဟာ တစ်နေ့တာမှာအရေးအကြီးဆုံး meal ပါ
မနက်စာကို အာဟာရရှိအောင်ချက်ပြုတ်စားနော်
ပင်ပန်းတဲ့ နေ့ရက်ရှည်ကို ဖြတ်သန်းရအုံးမယ်မဟုတ်လား 🥺
ချစ်ခင်တဲ့သူတွေနဲ့ လက်ဆုံစားဖို့လည်း မမေ့ပါနဲ့
အတူရှိခွင့်ရတုန်းလေးမှာပေါ့ 👨‍👩‍👧‍👦

Stay Healthy ✌️
Stay Strong 💪
Stay Safe 🙏

Photos from Susumu Japanese Language Class's post 28/01/2022

こえ နဲ့ おと ဘာကွာလဲ? 💁‍♀️

こえ = voice
おと = sound

こえ က သက်ရှိတွေရဲ့အသံ၊ おと က သက်မဲ့တွေရဲ့အသံလို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။

ဒီနေရာမှာ こえ က သက်ရှိတွေရဲ့အသံဆိုပေမယ့် သက်ရှိဆီက ထွက်လာသမျှအသံကို မဆိုလိုပါဘူး။
ဥပမာ - ငိုသံ ကို こえ နဲ့သုံးပေမယ့် ခြေသံကို おとနဲ့သုံးရပါတယ်။
အောက်က ဥပမာပုံလေးတွေကနေလည်း လေ့လာနိုင်ပါတယ်။

တစ်နေ့နည်းနည်းနဲ့ ဗဟုသုတ တိုးပွားကြပါစေ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address

Yangon