KBS Korean Language Center

KBS Korean Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBS Korean Language Center, Education Website, အမှတ် ၃၀၇ ဇေယျသိဒ္ဓိလမ်း ၃၁ ရပ်ကွက် မြောက်ဒဂုံ ကျောင်းလမ်း, Yangon.

01/11/2023

ကိုရီးယားနိုင်ငံကနေ နိုင်ငံခြားသားတွေကို ပေးတဲ့ visa အမျိုးစား‌တွေကို သိသလောက် မျှဝေလိုက်ရပါတယ်နော်

ကိုရီးယားဗီဇာစနစ်
KOREA VISA SYSTEM ကို
1) ဗီဇာကြာချိန်၊
2) ကိုရီးယားတွင်အလုပ်လုပ်ရန်နိုင်ငံခြားသားဗီဇာ၊
3) ကိုရီးယားတွင်စီးပွားရေးလုပ်ကိုင်ရန်နိုင်ငံခြားသားဗီဇာ၊ 4) အခြားအိမ်ထောင်ဖက်များနှင့် ‌ကျန်းမာရေးကုသခွင့် အလည်ဗီဇာဆိုပြီး ရှိပါတယ်

ဗီဇာအုပ်စုအရ ဆိုရင်တော့ စုစုပေါင်း အမျိုးအစား ၃၇ မျိုးရှိပါတယ်။ အဲထဲမှာမှ ယေဘူယျအားဖြင့် ကိုရီးယားမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်မယ့် visa က ၁၆ မျိုးလောက်ပဲ ရှိတာပါ ။

Visa အမျိုးစားအမျိုးမျိုး ခွဲခြားထားတဲ့ထဲမှ အရင်ဆုံး အနေနဲ့ professional visa type အကြောင်း ပြောပြပေးပါမယ်

အလွယ်ပြောရရင် E visa လို့ခေါ်တဲ့ အလုပ်ဗီဇာ အုပ်စုထဲမှာဆိုရင်

E-1 visa
ပါမောက္ခဗီဇာ

E-2-1visa
နိုင်ငံခြားဘာသာစကား သင်တန်းပို့ချသူဗီဇာ

E-2-2
Teaching assistant visa ပါ

E-3 visa
သုတေသန ပညာရှင် ဗီဇာပါ

E-4 visa
နည်းပညာဆိုင်ရာ နည်းပြ/နည်းပညာပညာရှင်တွေ ရရှိတဲ့ ဗီဇာပါ

E-5 visa
Professional ပညာရပ်တခုခုကို လုပ်ကိုင်နေတဲ့သူ‌တွေ ရရှိတဲ့ visaပါ

E-6 visa
အနုပညာရှင်နှင့် အားကစားသမားဗီဇာပါ အဲထဲမှာမှ
E-6-1 visa က အနုပညာရှင်တွေအတွက် E-6-2 visa က entertainment လုပ်တဲ့သူတွေအတွက်နဲ့ E-6-3 visaက အားကစားသမားတွေအတွက် ပေးတဲ့ ဗီဇာ အမျိုးစားပါ

E-7 visa
နိုင်ငံခြား နိုင်ငံသား အထူးစွမ်းရည်ဗီဇာပါ ။အဲမှာလည်း အမျိုးစား ထပ်ခွဲထားပါသေးတယ်

E-7-1 visa (Professionals)
Managers တွေနဲ့ နယ်ပယ်တခုခုမှာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေကို ပေးတဲ့ ဗီဇာပါ

· E-7-2 visa (Semi-professionals)
Office အလုပ်တွေရယ် ဒါမှမဟုတ် service ပိုင်းဆိုင်ရာ တာဝန်ထမ်းဆောငိနေတဲ့သူတွေ ရရှိတဲ့ ဗီဇာပါ

· E-7-3 visa (Technicians)
နည်းပညာ ပညာရှင် ။ နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်မှာ လုပ်ကိုင်နေသူတွေ ရရှိတဲ့ ဗီဇာပါ

· E-7-4 visa (Experienced Technicians)
အတွေ့ကြုံရှိ ပညာရှင်ဗီဇာပါ ။များသောအားဖြင့် လုပ်သက် ၅နှစ်အထက် အတွေ့ကြုံရှိ လုပ်သားတွေ E-9 ကနေ ပြောင်းလာရင် ရရှ်တဲ့ ဗီဇာလည်း ဖြစ်ပါတယ်တဲ့ (အမှတ်အပေါ်မူတည်ပြီးပေးတယ်လို့လည်းသိရပါတယ်)

E-8 visa
ရာသီအလိုက် အလုပ်သမားဗီဇာ

E-9 visa
ပညာရှင်မဟုတ်သော အလုပ် ဗီဇာ

ကိုရီးယားရှိ မြန်မာအကို အများစုက E-9 လို့ခေါ်တဲ့ အလုပ်သမားဗီဇာနဲ့ လာကြတာများပါတယ်။ E-9 မှာမှ ထပ်ပြီး ခွဲထားပါသေးတယ်

E-9-1 visa
ကုန်ထုတ်လုပ်မှု ဗီဇာ
E-9-2 visa
ဆောက်လုပ်ရေးဗီဇာ နှင့်
E-9-3 visa
စိုက်ပျိုးရေးဗီဇာဆိုပြီး ရှိပါတယ်

E-10 visa
ရေကြောင်း သင်္ဘောသား

C-4 visa
ခေတ္တအလုပ်ဗီဇာ (ကာလတို ဗီဇာလို့လည်းခေါ်ကြပါတယ်)
ကာလတိုဗီဇာအားလုံး (C-4 ဗီဇာမှလွဲ၍) ယေဘုယျအားဖြင့် အခြားသော ကာလတိုဗီဇာများသည် ကိုရီးယားတွင် အလုပ်လုပ်ခွင့်မရှိပါ။

၂) ဒီတခါတော့ Short term visa

B-1 visa
Visa ကင်းလွတ်ခွင့်ပေးထားတာပါ

B-2-1 visa
Tourist visa သို့မဟုတ် transit visa ပါ
အလည်ဗီဇာကတော့ ရက် ၉၀ ရတယ်ပြောပါတယ်

B-2-2 visa
Tourist visa , transit visa (Jeju ကျွန်းတခုတည်းအတွက်ပါ)

C-3-2 visa
Group tourist (အုပ်စုလိုက် အလည်ပါတ်လာသူတွေကိုပေးတဲ့ ဗီဇာပါ)

C-3-8 visa
Oversea Korean (ကိုရီးယားလူမျိုးပေမယ့် တခြားနိုင်ငံမှာနေထိုင်တဲ့ သူတွေကိုပေးတဲ့ visa ပါ)

C-3-10 visa
Direct transit visa (လေယဉ်တိုက်ရိုက်‌ပြောင်းစီကြမယ့်သူတွေကို ခေတ္တထုတ်ပေးတဲ့ visa ပါ

H-1 visa
အလုပ်အားလပ်ရက် visa ပါ

၃) ကိုရီးယားတွင် စီးပွားရေးလုပ်ရန် ဗီဇာ၊

အခြေခံအားဖြင့်၊ နိုင်ငံခြားသားများဟာ ကိုရီးယားတွင် စီးပွားရေးလုပ်လိုပါက ရင်းနှီးမြှုပ်နှံမှု ဗီဇာကို လက်ခံရမည်ဖြစ်ပါတယ်

ရင်းနှီးမြှုပ်နှံမှုဗီဇာများကို D-8 ဗီဇာနှင့် D-9 ဗီဇာဖြင့် ကိုယ်စားပြုပြီး D-8 ဗီဇာကို အစုပေါင်းစီးပွားရေးအတွက်နှင့် D-9 ဗီဇာကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မှတ်ယူနိုင်ပါတယ်

D-8 ဗီဇာ (လုပ်ငန်းရင်းနှီးမြုပ်နှံမှုဗီဇာ) သည် အနည်းဆုံး ဝမ်ငွေ သန်း 100 ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး D-9 ဗီဇာ (ကုန်သွယ်မှုစီမံခန့်ခွဲမှု ဗီဇာ) သည် အနည်းဆုံး ဝမ်ငွေ သန်း 300 လိုအပ်ပါတယ်တဲ့

G1 နဲ့ G1-99 visa
Refugee visa (ဒုက္ခသည် ဗီဇာလို့လည်း ခေါ်ကြပါတယ်)
တစ်နည်းအားဖြင့် နိုင်ငံတခုမှာ နိုင်ငံရေးဘာညာ မတည်ငြိမ်ဖြစ်ရင် မိမိ တိုင်းပြည်ကို ပြန်ဖို့အဆင်မပြေသေးပဲ ခေတ္တ ခိုလှုံခွင့် တောင်းခံတဲ့ ဗီဇာမျိုးပါ

G1ကလည်း အမျိုးစား အမျိူးမျိူး ရှိပါတယ် ။ အဓိက သိကြတာကတော့ ကိုရီးယားကို ရောက်လာပြီဆိုရင် မိမ်န်ုင်ငံကို ပြန်ဖို့အခက်ခဲရှိတယ် ။မိမိန်ုင်ငံမှာ နိုင်ငံရေးဘာညာ လုပ်ဖူးတယ်ဆိုတဲ့ သက်သေအခိုင်မာနဲ့ တင်ပြပြီး န်ုင်ငံရေးခိုလှုံခွင့် တောင်းခံသူပါ

G1-99 ကတော့ ခုနှစ်အတွင်းမှ အာဏာသိမ်းခံရပြီး နိုင်ငံရေးမတည်ငြိမ်လို့ ပေါ်လာတဲ့ ဗီဇာပါ(မြန်မာနိုင်ငံအတွက် သက်ညှာထောက်ထားတဲ့အနေနဲ့ ကိုရီးယားအစိုးရက ပေးထားတဲ့ ဗီဇာပေါ့နော်) မိမိနိုင်ငံကို ပြန်ရတာခက်ခဲနေတဲ့ အချိန် ခဏတဖြုတ် နေထိုင်ခွင့်ပေးတဲ့ ဗီဇာလို့ပြောရမှာပေါ့နော်
များသောအားဖြင့်ပေါ့ မိမိလုပ်ကိုင်တဲ့ အလုပ်မှာ သက်တမ်းကုန်တာဖြစ်ဖြစ် စက်ရုံကနေ သူဌေးက ညစ်ပြီး ထွက်စာမပေးတာဖြစ်ဖြစ် မြန်မာကို မပြန်ချင်သေးဘူး အိုဗာစတေးလည်း မလုပ်ချင်ဘူးဆိုတဲ့ သူတွေ ‌ကိုရိးယားနိုင်ငံမှာ ခေတ္တ ခိုလှုံခွင့် တောင်းခံတဲ့ ပုံစံမျိုးပါ ။သူကတော့ နိုင်ငံရေးပြန်ကောင်းရင် အကျုံးမဝင်တော့ဘူးလို့ သိရပါတယ်။၆လတခါ သက်တမ်းတိုးပေးရပါတယ်တဲ့

~~~~~~~~~~~~~~~~~~~~~~~

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ် ၃၀၇ ဇေယျသိဒ္ဓိလမ်း ၃၁ ရပ်ကွက် မြောက်ဒဂုံ ကျောင်းလမ်း
Yangon