The A'scent English
We aim to assist learners to build up a strong and long-lasting foundation for progress in English b
28/12/2020
'Phrasal verbs' အကြောင်း သိကောင်းစရာ
Phrasal verbs (ကြိယာပုဒ်စု) ဆိုတာ 'verb (ကြိယာ)' နဲ့ 'particle (ပစ္စည်း)' ပေါင်းထားခြင်း ဖြစ်ပါတယ်။
ဥပမာ- 'look up'
'look' က verb ဖြစ်ပြီး 'up' က particle ဖြစ်ပါတယ်။
'Phrasal verbရဲ့ ထူးခြားချက်'
Verb နဲ့ particleပေါင်းပြီး မူလအဓိပ္ပာယ်နဲ့ဆိုင်လေ့မရှိပဲ အဓိပ္ပာယ်အသစ်ထွက်လာတာမျိုးပါ။ စာဖတ်ရင်ဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ် phrasal verb တွေဟာ သူတို့ရဲ့ ထူးခြားချက်ကြောင့် အဓိပ္ပါယ်ကိုနားလည်ဖို့ကြိုးစားရာမှာ အနှောင့်အယှက် ပေးတတ်ကြပါတယ်။ ဒါ့အပြင်ကို ထွက်လာတဲ့အဓိပ္ပာယ်ဟာလည်း တမျိုးမကဖြစ်တတ်ပါတယ်။
ဥပမာ- 'look' ကို တိုက်ရိုက်အဓိပ္ပါယ်ပြန်မယ်ဆို 'မျက်လုံးကို အသုံးပြုပါ' လို့ ပြန်နိုင်တယ်။ 'up' ဆိုတာ preposition (ဝိဘတ်)တစ်မျိုးဖြစ်ပြီး preposition 'down' ရဲ့ ဆန့်ကျင်ဖက်ပါ။ ဒါပေမယ့် နှစ်ခုပေါင်းလိုက်တော့ အဓိပ္ပာယ်ပြောင်းသွားရော။
'Look the word up in dictionary'
မြန်မာလိုပြန်တော့'စကားလုံးရဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာရှာပါ' ။ ဒီနေရာမှာ 'look up' ဆိုတာ အချက်အလက် ကို ရှာဖွေတယ်လို့ အဓိပ္ပာယ် ရတယ်။
' I'll look you up next time I'm in Yangon' - မြန်မာလိုပြန်တော့ ' နောက်တကြိမ်ရန်ကုန် ပြန်ရောက်ရင် ရှင့်ဆီလာလည်ပါမယ်'။ ဒီစာကြောင်းမှာ 'look up'ရဲ့ အဓိပ္ပာယ်က 'မတွေ့ရတာကြာပြီဖြစ်တဲ့ လူတစ်ယောက်ဆီ အလည်အပတ်သွားတယ်' ဆိုတာမျိုးပါ။
' I hope things are looking up next year' - မြန်မာလိုပြန်တော့ ' နောက်နှစ်မှာ အရာရာဟာ ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်မမျှော်လင့်မိတယ်'။ ဒီနေရာမှာတော့ 'look up' ဟာ ပိုမိုကောင်းမွန်လာတယ်လို့ အဓိပ္ပာယ်ရပါတယ်။
အခုလို ရောဂါကပ်ကျတဲ့ ခေတ်မှာတော့ ဒီအဓိပ္ပာယ်လေး ပေါ်အောင် တွင်တွင်ကျယ်ကျယ်အသုံးပြု လို့ရမှာပါ။ 'The Accent English language center' ကလည်း နှစ်သစ်အတွက် ဒီလိုလေး ဆုတောင်းလိုက်ပါရစေ
'We hope the world will start to look up in the new year'
Try not to be perfect, but to be better
Click here to claim your Sponsored Listing.