Nan Lay May May

Nan Lay May May

Share

"ကြည်ညိုဖွယ်ရာ ပစ္စည်းစုံလင်၊ စေတနာအရင်းခံတဲ့ နန်းလေးမေမေ နိဗ္ဗာန်ကုန်လက်လီ/လက်ကား"

20/06/2026

၁။ မဖိတ်ရင် မသွားနဲ့
လူမှုပတ်ဝန်းကျင်မှာ အရေးပါချင်တာ၊ အသိအမှတ်ပြုခံချင်တာဟာ လူသားတို့ရဲ့ သဘာဝပါ။ ဒါပေမဲ့ ကိုယ့်ကို တလေးတစား ဖိတ်ကြားခြင်း မရှိတဲ့နေရာ၊ ကိုယ့်ရဲ့ တည်ရှိမှုကို အရေးမထားတဲ့ ပွဲလမ်းသဘင်တွေဆီ အတင်းတိုးလို့ မသွားပါနဲ့။ မဖိတ်ဘဲသွားခြင်းဟာ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်နင်းချေလိုက်တာနဲ့ အတူတူပါပဲ။

၂။ မပေးရင် မယူနဲ့
အတင်းအဓမ္မ တောင်းခံရယူခြင်း၊ သို့မဟုတ် သူတစ်ပါးက ကြည်ဖြူစွာ မပေးကမ်းဘဲ ရယူခြင်းဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ ကိုယ်ပိုင်ကြိုးစားမှုနဲ့ ရလာတဲ့ ရလဒ်ကသာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးနိုင်တာပါ။

၃။ မလိုအပ်ဘဲ အကြာကြီး စောင့်ခိုင်းရင် ထပြန်
ကိုယ့်ရဲ့ အချိန်နဲ့ စိတ်ခံစားချက်ကို တန်ဖိုးမထားဘဲ အကြောင်းမဲ့ လစ်လျူရှုထားတတ်တဲ့ လူတွေ၊ နေရာတွေကနေ ရဲရဲဝံ့ဝံ့ လှည့်ပြန်ခဲ့ပါ။ အချိန်ဆိုတာ ပြန်မရနိုင်တဲ့ အရာဖြစ်သလို ကိုယ့်ရဲ့ တည်ရှိမှုကိုလည်း အလေးမထားရာ ရောက်ပါတယ်။

"ကိုယ့်မှာလည်း တန်ဖိုးဆိုတာ ရှိတယ်"

ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေမျိုးဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တန်ဖိုးကိုတော့ အမြဲမြှင့်တင်ထားရပါမယ်။ သူတစ်ပါးက ကိုယ့်ကို ဘယ်လိုပဲ သ-တ်မှတ်ပါစေ၊ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့က အဓိကပါ။

🙏🙏🙏🙏🙏

Photos from Nan Lay May May's post 19/06/2026

နံ့သာရည် ဗူး (၂၀၀) ဝယ်ယူအားပေးတဲ့တွက်ကျေးဇူးပါ အမရှင့်🌹
ဆိုင်မှာ ရောင်းမလောက်၊ ဝယ်မလောက်နဲ့ "ရောင်းပန်းပွင့်ပြီး အမြတ်အစွန်းတွေ ရေလိုတိုး" နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ ရောင်းချရတာ အဆင်ပြေပြီး ဝယ်သူတွေ အကြိုက်တွေ့ပါစေရှင် ❤

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Bayintnaung Street
Yangon