LAP Sports Committee - MIT

LAP Sports Committee - MIT

Share

Always_ready_to_serve

21/05/2026

ဖူဆယ်ချစ်သူ Laper တွေအတွက် သတင်းကောင်း 😍

ကဲ… အားလုံး မျှော်လင့်စောင့်စားနေတဲ့ 𝗟𝗔𝗣 𝗙𝘂𝘁𝘀𝗮𝗹 𝗧𝗼𝘂𝗿𝗻𝗮𝗺𝗲𝗻𝘁 𝟮𝟬𝟮𝟱 - 𝟮𝟬𝟮𝟲 ပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလို့ လာပါပြီဗျို့။

ယခုပြိုင်ပွဲက အားကစားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် တိုးတက်လာဖို့ ရည်ရွယ်ပြီး ကျောင်းသူ၊ ကျောင်းသားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နော်။ 👇

💁 ပါဝင်ကစားခွင့်ရှိသူများ

▪️ LAP Year 1 မှ Year 4 ကျောင်းသား၊ ကျောင်းသူများ
▪️ LAP Alumni (ကျောင်းသူ၊ ကျောင်းသားဟောင်းကြီးများ)

💁 ပြိုင်ပွဲကျင်းပမည့်ရက်

▪️ ဇူလိုင်လ ၄ ရက်နေ့မှာ ပြိုင်ပွဲကို စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

💁 ပွဲကျင်းပမည့်နေရာ

▪️ ကွင်းနေရာနဲ့ အချိန်အသေးစိတ်ကိုတော့ LAP Sports Committee Page ကနေ ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

💁 စာရင်းပေးသွင်းရန် သတ်မှတ်ရက်

▪️ Registration Form ကို မေလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၁၀) ရက်တိတိသာ ဖွင့်လှစ်လက်ခံသွားမှာ ဖြစ်ပါတယ်။

💁 အသင်းဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်း

▪️ အဖွဲ့တစ်ဖွဲ့လျှင် ကစားသမား အနည်းဆုံး (၆) ယောက်မှ အများဆုံး (၁၂) ယောက်အထိ ပါဝင်ဖွဲ့စည်း ကစားခွင့်ရှိပါတယ်။

💁 ဝင်ကြေးနှင့် ဂျာစီ

▪️ စာရင်းသွင်းတဲ့ အသင်းအရေအတွက်ပေါ် မူတည်ပြီး ဝင်ကြေးရှိနိုင်ပါတယ်။ အသေးစိတ်ကို ကစားသမားများအတွက် သီးသန့်ဖွဲ့ပေးထားတဲ့ Telegram Group မှာ အတည်ပြု ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

▪️ အသင်းရဲ့ ဂျာစီကို ကြိုက်နှစ်သက်ရာ ဒီဇိုင်း၊ အရောင်များဖြင့် ကိုယ်တိုင်ထုတ်စနစ်နဲ့ စိတ်ကြိုက် ဝတ်ဆင်ကစားနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ (၁၀) ရက်အတွင်း လာရောက်စာရင်းသွင်းမှသာ ပါဝင်ခွင့်ရရှိမှာ ဖြစ်လို့ အခုပဲ သူငယ်ချင်းတွေကို လူစုပြီး အမြန်လေး စာရင်းသွင်းလိုက်တော့နော်။ 😉

🏆 https://forms.gle/bdLLgSM3HXHBS78v8

Photos from L.A.P Students Council , MIT's post 24/02/2026
09/02/2026

📢 Attention LAPers! It’s LAP Sports Day 🏃‍♂️🏀

Assignment တွေ၊ Presentation တွေကြားမှာ ပင်ပန်းနေပြီလား? ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေကို ဖြည်လျှော့ဖို့ အချိန်တန်ပြီနော် 🤩

ဒါကြောင့် မကျင်းပဖြစ်တာကြာပြီဖြစ်တဲ့ LAP Sports Day မှာ အတူတူကစား၊ အတူတူ Relax လုပ်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

🚨 ကွင်းဘေးကနေပဲအားမပေးချင်ဘူး ဝင်ဆော့ချင်တယ်ဆိုရင်တော့ Form လေးကို မဖြစ်မနေဖြည့်ပေးရမှာ ☝

​လာရောက်အားပေးမယ့်သူတွေလည်း form လေးဖြည့်ပေးဖို့ မမေ့နဲ့နော်။ 😉

ကဲ..အားလုံးပဲ ပွဲနေ့ကျဆုံကြမယ်နော် 😍

📅 Date: Feb 17 (Tuesday)

🕗 Time: 7:30 AM - 1:00 PM

📍 Location: MIT

🔗 Register here: https://docs.google.com/forms/d/e/1FAIpQLSfdHGIejCtDf32ARYglCaz2QSLFAfy8jTkvPRP33zLKXUo55g/viewform?usp=publish-editor

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address

Near BOC Bus Stop, Insein Road
Yangon