TM Zero Studio
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TM Zero Studio, Yangon.
19/02/2026
DTF ဆိုတာ ဘာလဲ
DTF ဆိုတာ မိမိလိုချင်တဲ့ ဒီဇိုင်းကို အထူးပြုလုပ်ထားတဲ့ Film ပြားပေါ်မှာ အရင်ဆုံး ပရင့်ထုတ်ပြီး၊ အဲဒီ Film ပြားပေါ်က ပုံကို အပူပေးစက် (Heat Press) အသုံးပြုပြီး အင်္ကျီပေါ်ကို ကူးပြောင်းရိုက်နှိပ်တဲ့ နည်းပညာဖြစ်ပါတယ်။
DTF အင်္ကျီတွေရဲ့ အဓိက အားသာချက်များ
အရောင်အသွေး စိုပြည်ခြင်း: ရောင်စုံဒီဇိုင်းတွေ၊ အရောင်စပ် (Gradient) တွေနဲ့ ဓာတ်ပုံတွေကို မူရင်းအရောင်အတိုင်း တိတိကျကျနဲ့ လှလှပပ ထွက်ပေါ်စေပါတယ်။
အသားမရွေး ရိုက်နှိပ်နိုင်ခြင်း: Sublimation နည်းပညာလိုမျိုး Polyester အသားကိုပဲ ရွေးချယ်စရာမလိုဘဲ ချည်သား (Cotton) သီးသန့်၊ နိုင်လွန်နဲ့ အခြားအထည်အမျိုးအစားတွေပေါ်မှာပါ စိတ်ကြိုက် ရိုက်နှိပ်နိုင်ပါတယ်။
နောက်ခံအရောင် မရွေးခြင်း: အဖြူရောင်မင် (White Ink) ကို အောက်ခံအဖြစ် သုံးတဲ့အတွက် အမည်းရောင်၊ အနက်ရောင်နဲ့ အခြားအရောင်ရင့် အင်္ကျီတွေပေါ်မှာလည်း ပုံထွက် အရမ်းလှပါတယ်။
တာရှည်ခံပြီး ဆွဲဆန့်နိုင်ခြင်း: ပုံနှိပ်ထားတဲ့နေရာက ပျော့ပျောင်းမှုရှိပြီး အလွယ်တကူ မကွဲအက်ပါဘူး။ ရေခဏခဏလျှော်ရင်တောင် အရောင်ကျွတ်တာမျိုး သိပ်မရှိဘဲ တာရှည်ခံပါတယ်။
17/02/2026
ားကောင်းလေးတွေအားပေးလို့ရပါတယ်
T-shirt ဝယ်တော့မယ်ဆိုရင် ဒါလေးတွေ အရင်သိထားဖို့ လိုမယ်နော် 👕💡
T-shirt တစ်ထည်ဝယ်တဲ့အခါ ဒီဇိုင်းလှဖို့လိုသလို ဝတ်ရတာ သက်တောင့်သက်သာရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် T-shirt မဝယ်ခင် (ဒါမှမဟုတ်) ကိုယ်တိုင် အထည်ထုတ်လုပ်မရောင်းချခင် သိထားသင့်တဲ့ အထည်သား (Fabric) အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ 👇
၁။ 100% Cotton (ဝါဂွမ်းစစ်စစ်) ☁️
သူကတော့ ဝတ်လိုက်ရင် အေးမယ်၊ ချွေးစုပ်မယ်၊ လေဝင်လေထွက်ကောင်းတယ်။ အရေပြား sensitive ဖြစ်တဲ့သူတွေနဲ့ပါ သင့်တော်ပါတယ်။ ဒါပေမဲ့ လျှော်ပြီးရင် နည်းနည်းကျုံ့နိုင်တာရယ်၊ တွန့်လွယ်တာရယ်ကတော့ သူ့သဘာဝပါ။ ဈေးနှုန်းကတော့ အမြင့်ဆုံးတန်းမှာ ရှိပါတယ်။
၂။ CVC (Chief Value Cotton) ✨
ဒါကတော့ Cotton (၆၀%) နဲ့ Polyester (၄၀%) လောက် ရောစပ်ထားတဲ့ အမျိုးအစားပါ။ Cotton ပါဝင်မှုများတဲ့အတွက် ဝတ်ရတာ အေးမြပြီး သက်တောင့်သက်သာရှိသလို၊ Polyester ပါလို့ အသားမကျုံ့ဘူး၊ အရောင်မကျဘူး၊ တော်ရုံမတွန့်ပါဘူး။ (ဈေးကွက်ထဲမှာ လူကြိုက်အများဆုံး အသားပါ)။
၃။ TC (Tetoron Cotton) 🔥
သူကတော့ Polyester ပါဝင်မှု ပိုများပါတယ်။ အားသာချက်ကတော့ ဈေးနှုန်းသက်သာပြီး အကြမ်းခံတယ်။ အရောင်တောက်တယ်။ ဒါပေမဲ့ ချွေးစုပ်အားနည်းပြီး နေပူထဲဝတ်ရင် နည်းနည်းအိုက်တတ်ပါတယ်။ ဘတ်ဂျက် save ဖြစ်ချင်သူတွေအတွက် အဆင်ပြေပါတယ်။
၄။ GSM (Grams per Square Meter) ⚖️
အထည်ဝယ်ရင် GSM ဆိုတာ ကြားဖူးကြမှာပါ။ အလွယ်ပြောရရင် အထည်ရဲ့ အထူအပါးပါ။
GSM 160-180 လောက်ဆိုရင် ပုံမှန်ဝတ်လို့ကောင်းတဲ့ အနေအထားပါ။
GSM 200 နဲ့အထက်ဆိုရင်တော့ အသားထူပြီး၊ ပိုလေးပြီး premium ဆန်ပါတယ်။
ကဲ... ကိုယ်က ဘယ်လို အသားမျိုးကို အကြိုက်ဆုံးလဲ။ Comment မှာ ဝင်ဆွေးနွေးပေးသွားပါဦးနော်။ 👇
20/09/2025
Hoodi Design တွေ preorder တင်လို့ရပါပြီးနော်
အသားရှယ်ကောင်းပြီး BKK တိုက်ရိုက်ပါ🥰
Price-cb 📌📌📌
Click here to claim your Sponsored Listing.