AyarNet
“Take your business to the next level”
30/05/2026
သင့်လုပ်ငန်းရဲ့ အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်း ❤️🔥
ယနေ့ခေတ် Digital ခေတ်မှာ အချိန်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ပျက်တောက်မှုမရှိတဲ့ အင်တာနက် အရှိန်နှုန်းက သင့်လုပ်ငန်းရဲ့ Workflow ကို ပိုမိုမြန်ဆန်သွက်လက်စေပြီး ကမ္ဘာနဲ့ အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်နိုင်ဖို့ အထောက်အကူပြုပါတယ် ✅
Ayarnet Internet & Cloud Services အနေနဲ့ သုံးစွဲသူတိုင်းအတွက် တည်ငြိမ်မှုနဲ့ အမြန်နှုန်းကို အဓိကထားပြီး ဝန်ဆောင်မှုပေးနေပါတယ်။ Online Meeting တွေ၊ Data Transfer တွေ ဒါမှမဟုတ် Cloud-based လုပ်ငန်းတွေအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ဖို့ ကျွန်ုပ်တို့ အသင့်ရှိနေပါတယ် 🫶🏼
သင်သုံးစွဲသမျှ အင်တာနက်တိုင်းအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံကို Ayarnet မှာ ရှာဖွေလိုက်ပါ 💯
ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် 09 88172 9595 / 9696 / 9797 / 9898 သို ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
27/05/2026
"ပျော်ရွှင်ဖွယ်ကောင်းသော Eid နေ့လေးဖြစ်ပါစေ။ သင်မျှော်လင့်ထားသည့် အရာများအားလုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း Ayarnet မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Eid Mubarak!"
17/05/2026
အရှိန်အဟုန်ပြင်းပြင်းနဲ့ အမဲလိုက်တော့မယ့် ကျားတစ်ကောင်ရဲ့ အဟုန်ကို ဘယ်အရာက တားဆီးနိုင်မလဲ? 🐅⚡
အွန်လိုင်းလောကမှာလည်း ဒီလိုပါပဲ။ အရေးကြီးတဲ့ Business Meeting တက်နေချိန်၊ Squad လိုက် Rank တက်နေချိန် ဒါမှမဟုတ် Deadline အမှီ Project တွေ Upload တင်နေချိန်မှာ ခုန်ပျံကျော်လွှားနေတဲ့ ကျားတစ်ကောင်လို အဟုန်မပျက် မြန်ဆန်နေဖို့ လိုအပ်ပါတယ်။
လိုင်းကျလို့ စိတ်ညစ်ရတာတွေ၊ လစဉ်ကြေးကြီးလို့ တွန့်ဆုတ်နေရတာတွေကို အောက်ခြေကနေ ချေမှုန်းပစ်လိုက်ပါ။ Ayarnet Internet & Cloud Services က သင့်ဆီကို ယူဆောင်လာပေးမှာကတော့...ဈေးနှုန်းလည်း တန်၊ လိုင်းလည်း အမြန်ဆုံး ဖြစ်စေမယ့် “တန်မြန်" အင်တာနက် အတွေ့အကြုံပါပဲ 💯❤️🔥
ကျားတစ်ကောင်ရဲ့ အင်အားမျိုးနဲ့ အွန်လိုင်းလောကကို စိတ်ကြိုက်စိုးမိုးလိုက်ပါ 🌐🔥
✨ Ayarnet - Take your business to the next level.
📞 Hotline Numbers: 09 88172 9595 / 9696 / 9797 / 9898
07/05/2026
“လိုင်းနည်းနည်းလေးထစ်တာနဲ့ Restart ချခိုင်းတာ တကယ်ပဲထိရောက်လို့လား”
အင်တာနက်သုံးရင်း လိုင်းနည်းနည်းလေး ထစ်လာရင်ဖြစ်ဖြစ်၊ မကြာခဏဆိုသလို Call Center ကို ဖုန်းဆက်လိုက်ရင် “ဖုန်းထဲက WiFi လေးခဏပိတ်ပြီး Router ကို Restart လေးချပေးပါဦး” ဆိုတဲ့ စကားသံကို အမြဲကြားဖူးကြမှာပါ။
ဒီတော့... “Restart ချတာ တကယ်ပဲ ထိရောက်လို့လား? ဒါမှမဟုတ် အချိန်ဖြုန်းနေတာလား?” ဆိုတာကို Ayarnet ကနေ ဗဟုသုတအဖြစ် ဝေမျှပေးချင်ပါတယ်။
1️⃣ Memory တွေကို Refresh လုပ်ပေးခြင်း**
Router ဆိုတာဟာလည်း Computer အသေးစားလေးတစ်ခုပါပဲ။ သူ့မှာလည်း CPU ၊ Memory (RAM) နဲ့ Operating System တွေ ပါရှိပါတယ်။ လပေါင်းများစွာ ပိတ်မထားဘဲ ၂၄ နာရီပတ်လုံး ဖွင့်ထားတဲ့အခါ သူ့ရဲ့ Memory ထဲမှာ Error တွေ စုမိလာပြီး လိုင်းဆွဲအား ကျလာတတ်ပါတယ်။ Restart ချလိုက်တာဟာ အဲ့ဒီ Error တွေကို အကုန်ရှင်းထုတ်ပြီး စက်ကို အသစ်အတိုင်း ပြန်စတင်စေတာပါ။
2️⃣ IP Address အသစ် ပြန်ယူပေးခြင်း**
တစ်ခါတလေ သင့်ရဲ့ Device (ဖုန်း/Laptop) နဲ့ Router ကြားမှာ IP Address ချိတ်ဆက်မှု Error တက်နေတတ်ပါတယ်။ Restart ချပေးခြင်းက Router ကို ISP (Internet Service Provider) ဆီကနေ IP အသစ်တောင်းစေပြီး ချိတ်ဆက်မှုကို ပိုမိုမြန်ဆန် တည်ငြိမ်သွားစေပါတယ်။
3️⃣ Channel လွတ်ကို အလိုအလျောက် ရှာဖွေခြင်း**
အခုခေတ် Router အများစုဟာ Restart ကျပြီး ပြန်တက်လာတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ တခြား WiFi လိုင်းတွေနဲ့ မငြိမယ့် အကောင်းဆုံး (Signal အားအကောင်းဆုံး) Channel ကို အလိုအလျောက် ရွေးချယ်ပေးတတ်ပါတယ်။ ဒါကြောင့် လိုင်းထစ်နေတာတွေ သိသိသာသာ လျော့ပါးသွားတာ ဖြစ်ပါတယ်။
🔺ဘယ်နှရက်တစ်ခါ Restart ချသင့်သလဲ?
တကယ်တော့ အင်တာနက် အရမ်းထစ်မှ မဟုတ်ဘဲ တစ်ပတ်မှာ တစ်ကြိမ်လောက် (သို့မဟုတ်) ၂ ပတ် တစ်ကြိမ်လောက် Restart ချပေးတာက သင့်ရဲ့ Router သက်တမ်းနဲ့ အင်တာနက် Speed အတွက် အကောင်းဆုံးဖြစ်ပါတယ်။
🔺Tip: Restart ချမယ်ဆိုရင် စက်ကိုပိတ်ပြီး ၁၀ စက္ကန့်ကနေ စက္ကန့် ၃၀ ခန့် အကြာမှ ပြန်ဖွင့်ပေးတာက ပိုမိုထိရောက်ပါတယ်။
ဒါကြောင့် နောက်တစ်ခါ လိုင်းလေးနည်းနည်း ထစ်လာရင် စိတ်မပူပါနဲ့ဦး။ အရင်ဆုံး Restart လေး တစ်ချက်လောက် ချကြည့်လိုက်ပါ။ အမြဲတမ်း အဆင်ပြေချောမွေ့နေစေဖို့ Ayarnet က အမြဲရှိနေမှာပါ 💙
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. (997/A), Si Pin Road, (25)Ward, South Dagon Township
Yangon
11431
Opening Hours
| Monday | 09:00 - 05:00 |
| Tuesday | 09:00 - 05:00 |
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 05:00 |
| Friday | 09:00 - 05:00 |
| Saturday | 09:00 - 05:00 |