Talent Programming

Talent Programming

Share

❤️Chase your dream, we're here to help.💚

27/04/2026

Hii Guys 👋
အားလုံးမင်္ဂလာပါရှင် 💕

ဒီနေ့ programming လောကမှာ လူသိအများဆုံး၊ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Mark Zuckerberg (မာ့ခ်ဇူကာဘတ်) အကြောင်း ပြောပြချင်ပါတယ်ရှင်။
သူ့ကို Facebook (Meta) ရဲ့ မူရင်းတည်ထောင်သူအဖြစ် အားလုံးသိကြမယ်ထင်ပါတယ်။ တော်တော်များများကတော့ ချစ်စနိုးနဲ့ ဇူဇူ လို့လည်း ခေါ်ကြပါတယ်ရှင့် 🥰

မာ့ခ်ဟာ အသက် 12 နှစ်ကတည်းက programming ကို စတင်ဝါသနာပါတာတဲ့နော်… 🤯
သူ့အဖေဆီကနေ basic programming ကို တစ်ဖြည်းဖြည်း သင်ယူပြီး "ZuckNet" လို့ခေါ်တဲ့ simple messaging network ကို ဖန်တီးခဲ့တယ်ရှင်။
ဒါက သူ့မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် message ပို့လို့ရအောင် လုပ်ထားတဲ့ program တစ်ခုပါ 💬

ထပ်ပြီး ပြောပြချင်တာက… မာ့ခ် ဘာကြောင့် Facebook ကို ဖန်တီးခဲ့သလဲ ဆိုတာပါရှင် 🤔

Harvard တက္ကသိုလ်မှာ ပညာသင်ခဲ့ချိန် "Facemash" လို့ခေါ်တဲ့ website တစ်ခုကို တည်ဆောက်ခဲ့တယ်။
ဒီ site မှာ ကျောင်းသား/ကျောင်းသူတွေရဲ့ ဓာတ်ပုံတွေကို "ဘယ်သူပိုလှလဲ" vote လုပ်ခိုင်းခဲ့တာပါ 📸✅
ဒီ project ကြောင့် ပြဿနာတက်ခဲ့ပေမဲ့၊ လူတွေ online မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ ချိတ်ဆက်ချင်စိတ်ရှိလဲ သိမြင်နိုင်ခဲ့တယ်။

ဒီအမြင်ကနေတစ်ဆင့် မာ့ခ်ဟာ သူငယ်ချင်းတွေနဲ့အတူ "The Facebook" ကို 2004 ခုနှစ်မှာ စတင်တည်ထောင်နိုင်ခဲ့တယ် 🚀
အချိန်တိုအတွင်းမှာပဲ Harvard တက္ကသိုလ်တစ်ခုကနေ အခြားတက္ကသိုလ်တွေ၊ high school တွေအထိ ပျံ့နှံ့အောင်မြင်သွားခဲ့တယ်ရှင်… အံသြစရာကောင်းလိုက်တာ 😱

ကဲ… ဘယ်လောက်အတုယူစရာကောင်းလိုက်လဲနော် 🥰🥰

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော် 💕

ကြီးမားတဲ့အောင်မြင်မှုတိုင်းက သေးငယ်တဲ့ Project လေးတွေကနေ စတင်ကြတယ်။

Project လေးတွေ စလုပ်တော့မယ်၊ Error တက်တိုင်း လွယ်လွယ်ကူကူလေး ဖြေရှင်းနိုင်ချင်တယ်ဆိုရင်တော့
Talent Programming ကို လာတက်ကြည့်လိုက်ဖို့ ဖိတ်ခေါ်ပါရစေရှင် 😍

📌 "Programmer တစ်ယောက်ဖြစ်ဖို့ စိတ်ကူးအိပ်မက်တွေကို Talent Programming နဲ့ ပုံဖော်လိုက်ပါ"

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက
☎️ ဖုန်းနံပါတ် – 09 454 929 387
✉️ Email – [email protected]
💬 Page Messenger – m.me/talentProgramming.mm

30/08/2025

Hi guys, if you know any friends

1. Java Lead Developer (salary starts from 1400 SGD)
2. React Native Developer (salary starts from 1100 SGD)

Please let me know. I need this urgently.
Share this post

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
11181