Alberto Min
Serving for Digital Marketing to SME and Large Business
25/01/2026
☁How AutoScaling Works?☁
🙌Hello Guys! Welcome back !!!🙌
💎 ကျွန်တော် ဒီနေ့ Sharing လုပ်ပေးသွားမယ့် Topic လေးကတော့ Auto Scaling အကြောင်းပဲဖြစ်ပါတယ်ခဗျ။
Scalability ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပါတယ်ဗျ။ အဲ့တော့ Scalability ဆိုတာဘာလဲ။
Scalability ဆိုတာကတော့ Resources တွေ Servers တွေကို သတ်မှတ်ထားတဲ့ Policy အတိုင်း ချုံ့တာ ချဲ့တာ ဖြစ်ပါတယ်။
🔑 ပထမဆုံးအနေနဲ့ Server တွေကိုဘာကြောင့် Scaling လုပ်ဖို့လိုအပ်လာတာလဲပေါ့။
ဥပမာအနေနဲ့ CPU 2 Core နှင့် RAM 4 GB ရှိတဲ့ Server ပေါ်မှာ Database Server တစ်ခု Deploy လုပ်ထားတယ်ဆိုပါစို့။
စ run တဲ့အချိန်မှာတော့ User က နည်းနည်းပဲ ရှိအုံးမယ်ဗျာ။ အချိန်တစ်ခုရောက်လာတာနဲ့အမျှ Business ကလည်းပိုကြီးလာမယ်။
User အရေအတွက်ကလည်းပိုပိုများလာမယ်ဆိုရင် လက်ရှိ run နေတဲ့ resources လောက်နဲ့အဆင်မပြေတော့ပါဘူး။
ဒီလိုအချိန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ Server resources တွေကို Update လုပ်ကြရပါတော့မယ်။
Downtime တွေ System Maintenance Time တွေယူကြရမယ်။ Onsite site တွေသွားပြီး Servers တွေကို update တွေလုပ်ကြရတော့မယ်။
ဒီလို Scaling လုပ်တာကကျတော့ Manual Scaling လို့သတ်မှတ်ပါတယ်။
🔑 အခုလို Cloud တွေခေတ်စားလာချိန်မှာတော့ Scaling ကို Auto ထားပြီးသုံးလာကြပါပြီ။
Onsite တွေသွား Downtime တွေသီးသန့်ယူပြီးလုပ်စရာမလိုတော့ပါဘူး။
Cloud ပေါ်မှာ Auto Scaling ကိုသုံးမယ်ဆိုရင်တော့ သက်ဆိုင်ရာ Policies တွေကိုသတ်မှတ်ပေးထားဖို့လိုပါတယ်။
အဲ့ဒါမှလည်း Server မှာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Scaling Policies အတိုင်း Resources တွေကို Auto Changes တွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ခဗျ။
💎 Auto Scaling မှာ Vertical Scaling နှင့် Horizontal Scaling ဆိုပြီးနှစ်မျိုးရှိပါတယ်။
🔑 Vertical Scaling ကတော့ Server တစ်လုံးထဲမှာပဲ Resources တွေကို Changes လုပ်သွားတာဖြစ်ပါတယ်။
အဲ့လို ရှိပြီးသား Server တစ်ခုတည်းပေါ်မှာ resources တွေတိုးသွားတာကိုတော့ Scale Up လို့ခေါပြီး Resources တွေကို ပြန်လျှော့တာကိုတော့ Scale Down လို့ခေါ်ပါတယ်။
📌 Vertical Scaling ရဲ့အဓိကအားနည်းချက်ကတော့ Resources Limitation ရှိတာပါပဲ။ Resources တွေကိုလိုချင်သလောက် Update လုပ်လို့မရပါဘူး။
Server ရဲ့ Slots တွေပေါ်မူတည်ပြီး Changes လုပ်ကြရပါတယ်။နောက်တစ်ခုကတော့ Server တစ်ခုတည်းမှာပဲ Scaling လုပ်မှာဖြစ်တဲ့အတွက် System Maintenance Time တွေယူရတာပါပဲ။
ပြီးတော့ Single Point of Failure လည်းဖြစ်လာနိုင်ပါတယ်။ဒါတွေကတော့ Traditional Data Center တွေခေတ်ကပေါ့နော်။
အခုလို Cloud ခေတ်ဖြစ်လာချိန်မှာတော့ စိတ်ပူစရာမလိုတော့ပါဘူးခဗျ။
🔑 Horizontal Scaling ကတော့ Resources တွေကိုတိုးသွားတာမဟုတ်ပဲ Server တစ်ခုလုံးကို Horizontally တိုးသွားတာဖြစ်ပါတယ်။
အဲ့လိုမျိုး Server တွေကို တစ်လုံးပြီးတစ်လုံးတိုးသွားတာကိုတော့ Scale Out လို့ခေါ်ပါတယ်။ Server တွေကိုပြန်လျှော့တာကိုတော့ Scale In လို့ခေါ်ပါတယ်။
Horizontal Scaling ကိုသုံးမယ်ဆိုရင်တော့ Load balancers တွေနဲ့တွဲသုံးမှ အဆင်ပြေနိုင်ပါမယ်ဗျ။
📌 ကျွန်တော်တို့အနေနဲ့ Auto Scaling ကိုသုံးထားမယ်ဆိုရင် သူက ကျွန်တော်တို့ရဲ့ Servers တွေကို Monitoring လုပ်နေမှာပါ။
တကယ်လို့ သတ်မှတ်ထားတဲ့ Policiesတွေအတိုင်းဖြစ်လာပြီဆိုရင် ကျွန်တော်တို့ရဲ့ Servers တွေကို Autoscaling တွေလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျ။
AWS Monitoring services တွေဖြစ်တဲ့ Cloud Watch တို့နဲ့လည်း တွဲသုံးနိုင်ပါတယ်။
တခြား Services တွေဖြစ်တဲ့ containerization, Orchestration, CICD Tools တွေနဲ့လည်း တွဲသုံးနိုင်ပါသေးတယ်ခဗျ။
🖐 ကျွန်တော်အခု Sharing လုပ်ပေးခဲ့တာတွေကတော့ Auto Scaling နဲ့ပတ်သက်ပြီး Basic အနေနဲ့ သိထားသင့်တာတွေပဲဖြစ်ပါတယ်ခဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ အမှားလေးတွေပါခဲ့ရင်လည်း ဝေဖန်ထောက်ပြပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။🙏
-----------------------
🙏 အားလုံးကိုကျေးဇူးတင်စွာဖြင့် 🙏
✍️ ️Shan Lin Maung (Junior System Engineer)
🏘 itGateway Technology Group
------------------------
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11410