Common Health Myanmar

Common Health Myanmar

Share

Helping families with chronic diseases save money and achieve better health

Photos from Common Health Myanmar's post 11/09/2024

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါရှိသူ ၂ ဦးတွင် ၁ ဦးသည် ရောဂါရှိမှန်း မသိတာ သင်သိပါသလား။ဒီလို ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ Common Health မှ မိတ်ဖက် အဖွဲ့အစည်း များနဲ့ အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် Mandalay Region Garment Manufacturers Association (MRGMA)နှင့်ပူးပေါင်းပြီး MRGMAအသင်း၏ အသင်းဝင်အထည်ချုပ်စက်ရုံများမှ အထည်ချုပ် ဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှု အနေဖြင့် လူ ၃၀၀ ကျော်ကို ပထမအကြိမ်အဖြစ် ပြုလုပ်ပေးခဲ့ပါတယ်။Common Health ရဲ့ ကျန်းမာရေး စောင့်ရှောက်မှူ “ဂရုဏာမိုး အစီအစဉ်” ၏တစ်စိတ်တပိုင်း အနေနှင့် အဆိုပါ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၄၀ ကျော် တို့ကို မိသားစုဆရာဝန်များမှ ဖုန်းမှ တဆင့် အခမဲ့ ကျန်းမာရေးတိုတိုင်ပင်ဆွေးနွေးမှူများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

MRGMA ဥက္ကဌ ဒေါ်လေးလေးမွန်နှင့် အတူတကွပူးပေါင်းပါဝင်ပေးကြသော May Mother Garment၊ May Garment၊ Lin Htet Garment၊ Lay Mon Garment၊ Su Phyo Garment၊ Royal Garment & Distribution နှင့် Sweet Dreams Garment တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Did you know that 1 in 2 people in Myanmar with diabetes or hypertension are undiagnosed? Together with our partners, Common Health is working to change that.

We’re excited to partner with Regional Garments Manufacturers’ Association to screen garments workers for hypertension, diabetes, and other health issues. At our kickoff last month, we tested more than 300 people. As part of our Karuna Moe program, 140 of these garments workers and family members will receive free telemedicine consultations and coaching on how to improve their health.

A big thank you to MRGMA, Chairperson Daw Lay Lay Mon, and our pilot workplaces: May Mother Garment, May Garment, Lin Htet Garment, Lay Mon Garment, Su Phyo Garment, Royal Garment & Distribution, and Sweet Dreams Garment!

12/06/2024

Common Health ရဲ့ Hotline နံပါတ် အသစ် မိတ်ဆက်ခြင်း

Common Health ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များခင်ဗျ။
ဆီးချို၊ သွေးတိုး နှလုံး ဆေးတွေ မှာယူလိုတာပဲဖြစ်ဖြစ်၊ ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Common Health ရဲ့ လိုင်းခွဲနံပါတ်သစ် 9737 ကို ဆက်သွယ်နိုင်ပါတယ်။

Common Health ရဲ့ Hotline နံပါတ်အသစ်ကြောင့် Customer တွေအနေနဲ့…
✅မှတ်မိရလွယ်ကူပြီး အဆင်ပြေစေတယ်။
✅ATOM, Ooredoo, MPT ဖုန်းတွေနဲ့ 9737 ကို ဆက်သွယ်မေးမြန်းနိုင်သလို
Mytel အသုံးပြုသူတွေအနေနဲ့ 09 977449737 ကို ဆက်သွယ်နိုင်ပါတယ်။
✅ဆေးမှာယူတာကအစ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာအအဆုံး ထိရောက်တဲ့ဝန်ဆောင်မှုကို ရရှိစေပါတယ်။

Common Health ဘက်ကနေလည်း customer တွေကို ပြန်လည်ဆက်သွယ်ဖို့လိုအပ်တဲ့အခါ ဒီဖုန်းနံပါတ်တွေနဲ့ပဲ ပြန်လည်ဆက်သွယ်သွားမှာဖြစ်ကြောင်း ကြိုတင်ပန်ကြားထားပါရစေ။
Common Health ကို ယုံကြည်စွာအားပေးတဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များအားလုံးကို ကျေးဇူးတင်ပါတယ်။

👉 Contact Us Today:
💬 Messenger: http://m.me/114698736615512
📱 Viber: https://shorturl.at/gJQXY
🌐 Website: https://commonhealth.com.mm/
☎️ Hotline: 9737

26/05/2024

"မန္တလေးမြို့ကို ဝန်ဆောင်မှုပေးဖို့ ခြေလှမ်းသစ်စတင်လိုက်ပါပြီ"

မန္တလေးမြို့က Common Health ရဲ့ မိတ်ဟောင်းမိတ်သစ် ဆီးချိုသွေးတိုးသမားများအတွက် ဆေးဝါးတွေကို စျေးသက်သာပြီး အရည်အသွေးကောင်းကောင်းရနိုင်ဖို့ ဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်နေပါပြီ

Common Health ကနေ ဆေးမှာယူမယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကတော့

✅အင်ဆူလင်ဆေးဝါးများ လွယ်ကူစွာမှာယူနိုင်ခြင်း - မန္တလေးမြို့က လူကြီးမင်းများအနေနဲ့ အမျိုးအစားစုံလင်တဲ့ အင်ဆူလင်ဆေးတွေကို အချိန်မီ အအေးဓာတ်မပျက်ပြယ်ဘဲ မှာယူနိုင်ပါတယ်။
✅ဆေး စျေးနှုန်းသက်သာစွာ မှာယူနိုင်ခြင်း - Metformin နဲ့ Gliclazide တို့လိုဆီးချိုဆေးတွေကို အရည်အသွေးတူပြီး စျေးနှုန်းသက်သက်သာသာ မှာယူနိုင်ပါတယ်။
✅လျင်မြန်စွာ အခမဲ့ပို့ဆောင်ပေးခြင်း - ဆီးချိုဆေးတွေကို မန္တလေးရုံးခွဲမှ (၄၈) နာရီအတွင်း မှာယူရရှိနိုင်ပါတယ်။

အခုပဲ ဆီးချိုသွေးတိုးရောဂါသမားတွေအတွက် ဆေးဝါးတွေကို လွယ်ကူသက်သာစွာဖြင့် အခမဲ့အိမ်အရောက်ပို့စနစ်ဖြင့် မှာယူလိုက်ပါ။

👉 Contact Us Today:
💬 Messenger: http://m.me/114698736615512
📱 Viber: https://shorturl.at/gJQXY
🌐 Website: https://commonhealth.com.mm/
☎️ Hotline: 09770445000

29/03/2024

ဆီးချိုသမားတွေသိထားသင့်တဲ့ အင်ဆူလင်ဆေးတွေရဲ့အလုပ်လုပ်ပုံအကြောင်း

ဆီးချိုဝေဒနာရှင်တိုင်း အင်ဆူလင်နဲ့မစိမ်းကြပါဘူး။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ဖို့ အင်ဆူလင်ဆေးတွေရဲ့အသုံးဝင်ပုံ၊ ဆေးအာနိသင်၊ အမျိုးအစားတွေအကြောင်းကို ရှင်းပြပေးသွားပါမယ်

အင်ဆူလင်ဆေးတွေမှာ အကြမ်းဖျဥ်းအားဖြင့် အမျိုးအစား (၄) မျိုးရှိပါတယ်

1) Rapid-Acting အင်ဆူလင်

သက်ရောက်မှုလျင်မြန်တဲ့ Rapid-Acting အင်ဆူလင်အမျိုးအစားက အစာမစားခင်ဖြစ်စေ အစာနဲ့တွဲပြီးဖြစ်စေ စားပြီးပြီးချင်းဖြစ်စေ အသုံးပြုနိုင်ပြီး (၁၅) မိနစ်အတွင်း သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်အစာနဲ့မခွာဘဲချက်ချင်းထိုးလို့ရတဲ့ အင်ဆူလင်အမျိုးအစားဖြစ်ပါတယ်။

2) Short-Acting အင်ဆူလင်

သက်ရောက်မှုအချိန်တိုတဲ့ ဒီအင်ဆူလင်အမျိုးအစားကတော့ အစာမစားခင် မိနစ် (၃၀) ခန့်အလိုမှာထိုးရတာဖြစ်ပါတယ်။ Rapid-Acting အင်ဆူလင်ထက် သက်ရောက်ချိန်ပိုကြာတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ကြာရှည်ပိုခံနိုင်ပါတယ်။

3) Intermediate-Acting အင်ဆူလင်

သူကတော့ သက်ရောက်မှုသက်တမ်း အလယ်အလတ်ရှိတဲ့ အင်ဆူလင်အမျိုးအစားပဲဖြစ်ပါတယ်။ သက်ရောက်ချိန်ပိုကြာတဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုထိန်းဖို့ အချိန်ကြာကြာလိုအပ်တဲ့အချိန်မျိုးဖြစ်တဲ့ နေ့လယ်စာနဲ့ညစာကြားအချိန် အိပ်ခါနီးအချိန်မျိုးမှာအသုံးပြုလေ့ရှိကြပါတယ်။

4) Long-Acting အင်ဆူလင်

သက်ရောက်မှုကြာတဲ့ အင်ဆူလင်ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်အောင်ထိန်းထားနိုင်လို့ တစ်ရက်ကို တစ်ကြိမ် (မနက်ဖြစ်စေ ညဖက်ဖြစ်စေ) အသုံးပြုနိုင်ပါတယ်။

အင်ဆူလင်ဆေးတွေကဆီးချိုရောဂါအတွက် အရေးပါတာဖြစ်လို့ ကိုယ်ထိုးရမယ့် အင်ဆူလင်ဆေးအမျိုးအစားနဲ့ ပမာဏကို သက်ဆိုင်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးမှသာထိုးသင့်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00