Phyu

Phyu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu, Shopping & retail, Yangon.

13/07/2024

လူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့
မကြိုးစားတော့ဘူးဆိုရင်
ကိုယ်ကရော ဘာလို့ ဆက်ပြီး ဆက်သွယ် နေမှာလည်း?

လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ
သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး
သူ့ဆီ သွားလိုက်ပါ ကိုယ်လာနေတာကို တွေ့နေရင်တောင်
ဝမ်းပန်းတသာမကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ်
နာကျင်စရာကောင်းပေမဲ့ ဒါဟာ အကောင်းဆုံးအဖြေပါ။

ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့အခက်ဆုံးပဲ
ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက
မချစ်ဘူး အရေးမပါဘူးလို့ ဖော်ပြနေပါတယ်
ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့ ကြိုးစားမှာပဲလေ
တစ်ဖက်က ကိုယ့်ကို အလိုမရှိတော့ဘူးဆိုပြီး
ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့် ပြတဲ့အခါ
ဒါကို နားလည်ဖို့ လိုတာပါ။

Crd to original writer with respect 💌

08/01/2021

🌳လမ်းခွဲမှာ ဝမ်းမနည်းပါနဲ့⛳
♠♠♠♠♠♠♠♠

တစ်ခါတစ်လေ.
အချစ်ဆုံးသူက
အမုန်းဆုံးသူ ဖြစ်သွားတတ်သလို...

တစ်ခါတလေကျတော့ ...
အမုန်းဆုံးသူကလည်း
အချစ်ဆုံးသူ ဖြစ်သွားတတ်ပါတယ်။

လောကကြီးမှာ
မထင်မှတ်တာတွေက
မမျှော်လင့်ပဲ ဖြစ်လာတတ်သလို

မျှော်လင့်ထားတာတွေက
ဟိုး ... အဝေးဆုံးကို
ရောက်သွားတတ်ပါတယ် ။

ဘယ်အရာမှ မတည်မမြဲ
ပြောင်းလည်းနေတဲ့
အနိစ္စတရားတွေ မဟုတ်လား?။

ညှင်းဆဲတတ်လို့
ဆင်းရဲရတဲ့ ဒုက္ခတရားတွေလို့
ယုံကြည်လက်ခံနိုင်ဖို့ကလည်း
အရေးကြီးပါတယ် ။

ငါလည်းမဟုတ်လို့
ငါမပိုင်တဲ့ ဓမ္မသဘော
သက်သက်ပေမို့
သူ့သဘော သူဆောင်နေတာက
အစိုးမရ အနတ္တ ပါပဲ။

တွယ်တာလွန်းပြီး
တပ်မက်လွန်းရင်တော့
ပိုဆင်းရဲရမှာလည်း
သဘာဝပါပဲ ။

ဖြစ်ပြီးရင်
ပျက်တတ်တဲ့ သဘောက
ဘုရားဟောလို့ မဟုတ်ပါဘူး
သဘာဝ အရှိတရားကိုသာ
ဘုရားဟောခဲ့တာပါ။

ချစ်ခြင်းရဲ့နောက်မှာ..
မုန်းတီးခြင်းတွေ
ရှိတယ်ဆိုတာကိုလည်း
မမေ့သင့်ဘူးနော် ။

တွေ့ဆုံခြင်းရဲ့ နောက်မှာ...
ခွဲခွာခြင်းလည်း ရှိနှင့်ပြီးသား။

တကယ်တော့...
သင်္ခါရတရားတွေမို့
ချစ်ရင်လည်း သတိနဲ့ချစ်
မုန်းရင်လည်း သတိနဲ့မုန်း ။

ဆုံဆည်းခြင်းဟာ
ခွဲခွါဖို့ နိဒါန်းအစလို့
သတိထား၍
အသိတရားနဲ့
နှလုံးသွင်းရမယ်။

အဲလို့ အမှန်အရှိကို
သတိထားပြီး
အသိတရားနဲ့ သိနေရင်
လမ်းခွဲမှာ ဝမ်းမနည်းတော့ပါ။

အပူကင်းကြပါစေ
မေတ္တာဖြင့်.. ဦပညိန္ဒ
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
#မူရင်းရေးသားသူကို Crd ပေးပါသည်... 😊

06/01/2021

ပါရမီဖြည့်ဖက်
----------------

သံယောဇဉ် ရဲ့
မောင်းနှင်အားက အင်မတန် ကြီးမား ပါတယ်၊ အံ့သြဖွယ် ကောင်းလောက်အောင်ကို ကြီးမားတာပါ ..။

တစ်ခါတစ်ရံမှာ
တချို့ ကုသိုလ် အလုပ်တွေကို ကိုယ့်သဘောနဲ့ ကိုယ်ဆို လုံးဝမလုပ်ချင်ပါဘူး ..။

ဒါပေမယ့် ကိုယ် သံယောဇဉ်ရှိတဲ့ သူက လုပ်စေချင်တဲ့အတွက် သူ့ဆန္ဒ လိုက်လျောတဲ့အနေနဲ့ လုပ်ဖြစ်သွားပါတယ်။

တစ်ခါတစ်ရံမှာ
ကိုယ်က နည်းနည်းပဲ လုပ်ချင်တဲ့ ကုသိုလ်အလုပ်ကို ကိုယ်ချစ်တဲ့သူကြောင့် အများကြီး လုပ်ဖြစ်သွားပါတယ် ..။

သံယောဇဉ်က
နိဗ္ဗာန်အထိ ကျေးဇူးပြုနိုင်တဲ့ ပဌာန်း သတ္တိရှိတဲ့အတွက်

သံယောဇဉ်ကို ကုသိုလ်ပါရမီ တိုးပွားရေးအတွက် အသုံးချတတ်မယ် ဆိုရင် အဲဒီ သံယောဇဉ်ကို အပြစ်ပြောဖို့ မလိုတော့ပါဘူး ..။

သံယောဇဉ်ကြောင့်ပဲ
တစ်ယောက်က တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက်ဖြစ်သွား
ရတာပေါ့ ....

တကယ်တော့
အတိတ်က ပါရမီဖြည့်ဖက် ဖြစ်ခဲ့ကြလို့လည်း ဒီဘဝမှာ ပြန်ဆုံတွေကြ ပြန်ချစ်ကြနဲ့ ကုသိုလ်တွေ အတူ ပြန်ပြု
ဖြစ်ကြတာပါပဲ ..။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ရင်လည်း ဘာမှဝမ်းနည်းစရာ မလိုပါဘူး ၊ ကိုယ့်ကို မချစ်တဲ့သူကို ကိုယ်ကလည်း ထပ်ချစ်နေစရာ မလိုတော့တဲ့အတွက် သံယောဇဉ်ကင်းရှင်းပြီး စိတ် လွတ်လပ် အေးချမ်းသွားတာပေါ့ ..။

လွတ်လပ် အေးချမ်းတဲ့ စိတ် နဲ့
ကုသိုလ်တွေလုပ် ၊ တရားတွေ အားထုတ်ရတာ ဘယ်လောက်
ပျော်စရာကောင်းထားလဲ ..။

ဘုရား အဆုံးအမကို ကျယ်ကျယ် ပြန့်ပြန့် နှံ့နှံ့စပ်စပ်
သိထားတဲ့ သာသနာတွင်း လူသားတစ်ယောက် အတွက်တော့

ချစ်ခြင်းကလည်း
ကုသိုလ်ပါရမီ .. မောင်းနှင်အား ဖြစ်နေသလို

မချစ်ခြင်းကလည်း
ကုသိုလ်ပါရမီ .. မောင်းနှင်အား ဖြစ်နေတာပါပဲ

အချစ်လား?
လာထား ကုသိုလ်လုပ်ပစ်မယ် ... ပါရမီဖြည့်ပစ်မယ်ပေါ့..။

ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) 🙏🙏🙏

[ အကြင်နာပေါင်း ရှစ်သောင်းလေးထောင် စာအုပ်မှ ]

#ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon