ABCD Trading
Float God
24/01/2026
ABCD Trading Page ကနေ ပြန်လည်ကြိုဆိုပါတယ်
ဈေးကွက်တခုမှာ အမျိုးအစား ၃ မျိုးပဲရှိပါတယ်
1. Bullish trend ( ဈေးတက်ခြင်း )
2. Bearish trend ( ဈေးကျခြင်း )
3. Sideway ( ဈေးတန်း ဘေားတိုက်သွားခြင်း )
Bullish & Bearish Trend ဆိုတာဘာလဲ? 📈📉
(Trading မှာ အခြေခံအရေးကြီးဆုံး concept နှစ်ခုပါ)
⸻
🟢 Bullish Trend (Uptrend)
Bullish Trend ဆိုတာ စျေးတက်နေတဲ့ trend ကိုခေါ်တာဖြစ်ပါတယ်
Bullish trend ရဲ့ အချက်များ
• Higher High (အမြင့်ပိုမြင့်လာ)
• Higher Low (အနိမ့်လည်း တဖြည်းဖြည်းမြင့်လာ)
• Buyers (ဝယ်သူ) အင်အားပိုများ
ဥပမာ
• Gold စျေး $4,100 → $4,000 → $4,300 တက်သွားရင်
• Pullback ဖြစ်ပြီး ပြန်တက်လာရင် bullish confirmation ဖြစ်ပါတယ်
🔴 Bearish Trend (Downtrend)
Bearish Trend ဆိုတာ စျေးကျနေတဲ့ trend ဖြစ်ပါတယ်
Bearish Trend ရဲ့ အချက်များ
• Lower High (အမြင့်ပိုနိမ့်လာ)
• Lower Low (အနိမ့်ပိုနိမ့်လာ)
• Sellers (ရောင်းသူ) အင်အားပိုများ
ဥပမာ
• EUR/USD 1.1200 → 1.1000 → 1.0800
• ပြန်တက်သလိုပဲ ဖြစ်ပေမယ့် High အသစ်မဖောက်နိုင်ရင် bearish trend ဖြစ်သွားပါတယ်
⸻
🔍 Trend ခွဲခြားနည်း (လွယ်လွယ်)
• Trendline
• ဈေးက တဖြည်းဖြည်းမြင့်လာရင် → Bullish
• ဈေးက တဖြည်းဖြည်းနိမ့်လာရင် → Bearish
Forex မှာ အရေးကြီးတာက
Trend is your friend
Trend ကိုဆန့်ကျင်ပြီး trade လုပ်တာက risk ပိုများပါတယ်။
Sideway Market ( ဈေးတန်းဘေးတိုက်သွားခြင်း )
Sideway Market ဆိုတာက ဈေးတန်းက ဆက်လဲ မတက် ဆက်လဲမကျပဲ ဈေးတန်း နှစ်ကြားမှာပဲ အပေါ်အောက် သွားနေခြင်းကို ပြောတာဖြစ်ပါတယ်
Sideway market မှာ trade လုပ်ဖို့မသင့်တော်ပါဘူး
Disclaimer ;;; This content is for educational purposes only. Not Financial Advice
14/01/2026
ABCD Trading Page ကနေ ပြန်လည်ကြိုဆိုပါတယ်
Broker ဆိုတာဘာလဲ ?
အလွယ်ပြောရရင်
Broker ဆိုတာ Trader တွေ အရောင်းအဝယ်လုပ်လို့ရအောင် Market နဲ့ ကြားထဲက ဆက်သွယ်ပေးတဲ့ ကုမ္ပဏီတွေပါ။
Global Top Broker ( Exness, XM group, IC Market )
⸻——————————————————
📌 Broker တွေက ဘာလုပ်ပေးလဲ
• Trade ဝင်ဖို့ platform ပေးတယ် (MT4 / MT5)
• Buy / Sell orders ကို market ထဲ ပို့ပေးတယ်
• Leverage ပေးတယ် ( Leverage ဆိုတာ ကိုယ့်ငွေနည်းနည်းနဲ့ Trade အရွယ်အစားကြီးကြီး ဝင်နိုင်အောင် Broker က ချေးပေးတဲ့ စနစ်)
• Deposit (ငွေသွင်း)/ Withdraw (ငွေထုတ်) စီမံပေးတယ်
• Price (Bid / Ask) ပြပေးတယ်
⸻——————————————————
💰 Broker တွေဘယ်လိုဝင်ငွေရလဲ
• Spread (Buy–Sell ကွာဟမှု)
• Commission (တချို့ account type)
• Swap / Overnight fee (ညအိပ်ခ)
⸻——————————————————
⚠️ Broker ရွေးတဲ့အခါ သတိထားရန်
✔️ Regulated ဖြစ်လား
✔️ Spread / Commission နည်းလား
✔️ Withdraw လွယ်လား
✔️ Customer support ကောင်းလား
✔️ မြန်မာနိုင်ငံကိုရော ခွင့်ပြုလား
⸻——————————————————
🟢 Beginner အကြံပြုချက်
• Demo account နဲ့ အရင်လေ့ကျင့်ပါ
• Spread နည်းတဲ့ major pairs နဲ့ စပါ
• အရမ်း leverage ကြီး မသုံးပါနဲ့
Disclaimer ;;; This content is for educational purposes only. Not Financial Advice
12/01/2026
ABCD Trading Page ကနေ ပြန်လည်ကြိုဆိုပါတယ်
Pip ဆိုတာဘာလဲ?
Pip ဆိုတာ Forex trading မှာ ဈေးနှုန်း ပြောင်းလဲသွားတဲ့ အတိုင်းအတာ ကို ခေါ်တာပါ။
အရိုးရှင်းဆုံးပြောရရင်
👉 ဈေးဘယ်လောက်ရွှေ့သွားလဲ ဆိုတာကိုတိုင်းတာဖို့ သုံးတာပါ။
⸻—————————————————
📌 Pip ကို ဘယ်လိုတွက်လဲ
🔹 အများစု currency pair တွေမှာ
• 1 pip = 0.0001
ဥပမာ
EUR/USD
• 1.1050 → 1.1051
➡️ 1 pip ရွှေ့သွားပါတယ်
⸻—————————————————
🔹 JPY ပါတဲ့ pair တွေမှာ
• 1 pip = 0.01
ဥပမာ
USD/JPY
• 150.20 → 150.21
➡️ 1 pip
⸻—————————————————
📊 Pip ရေတွက်ပုံ
ဥပမာ
• GBP/USD
1.2500 → 1.2510 = 10 pips ရွေ့သွားတယ်
• USD/JPY
150.20 → 150.30 = 10 pips ရွေ့သွားတယ်
⸻——————————————————
Lot Size ဆိုတာဘာလဲ?
Lot Size ဆိုတာ Forex trading မှာ
👉 သင် trade ဝင်မဲ့ ပမာဏ (volume) ကို ခေါ်တာပါ။
အလွယ်ပြောရရင်
ဘယ်လောက်ပမာဏနဲ့ ဝယ်/ရောင်း လုပ်မလဲ ဆိုတာကို သတ်မှတ်ပေးတဲ့အရာပါ။
⸻—————————————————
📊 Lot Size အမျိုးအစားများ
🔹 Standard Lot
• 1 Lot = 100,000 units
• Profit / Loss ကြီးတတ်
• အတွေ့အကြုံရှိတဲ့ trader တွေ အသုံးများ
🔹 Mini Lot
• 0.1 Lot = 10,000 units
• Standard ထက် အန္တရာယ်နည်း
🔹 Micro Lot
• 0.01 Lot = 1,000 units
• Beginner တွေအတွက် သင့်တော်
⸻——————————————————
💰 Pip နဲ့ Lot Size ဆက်နွယ်မှု
(ဥပမာ EUR/USD)
• 0.01 Lot → 1 pip ≈ $0.10
• 0.1 Lot → 1 pip ≈ $1
• 1 Lot → 1 pip ≈ $10
👉 Lot ကြီးလေလေ
✔️ အမြတ်/အရှုံး ကြီးလေလေ
⸻——————————————————
⚠️ သတိထားရမယ့်အချက်
• Lot Size ကြီးပြီး Stop Loss မထားရင် အကောင့် ပျက်နိုင်ပါတယ်
• Beginner ဆိုရင် 0.01 / 0.02 lot နဲ့စတင်တာ အကောင်းဆုံးပါ
Disclaimer ;;; This content is for educational purposes only. Not Financial Advice
Click here to claim your Sponsored Listing.
Category
Website
Address
11111